Healthy Life Ad
Life Style

ကလေးမွေးပြီးစ မိခင်များ အိမ်ထောင်မှုသုခ ရရှိစေရန်

၊ လရိပ်မေ ၊

အမျိုးသမီး အများစုဟာ ကလေးမွေးပြီးတဲ့အခါ မွေးကင်းစကလေးကိုပဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့ပြုစု စောင့်ရှောက်ရင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့နဲ့ ခင်ပွန်းသည်ကို အလေးထားဖို့ ပျက်ကွက်လာတတ်ပါတယ်။ အဲဒီအခါ အိမ်ထောင်မှုသုခလျော့ကျမှု ဖြစ်လာတတ်တာကြောင့် ဒီလိုမဖြစ်အောင် ကာကွယ်နိုင်ဖို့ရာအတွက် သိထားသင့်တဲ့အကြောင်းတွေကို ဖော်ပြလိုက်ပါတယ်။

– ကလေးမွေးပြီးတဲ့အခါ ဘယ်အချိန်မှာ လိင်ကိစ္စကို စတင်နိုင်ပါသလဲ။
သင်က သဘာဝနည်းနဲ့ ကလေးမွေးထားတာလား၊ ဗိုက်ခွဲပြီး ကလေးမွေးထားတာလားဆိုတဲ့ အ ချက်ပေါ်မူတည်ပြီး သင့်ခန္ဓာကိုယ်က အနာကျက်ဖို့ အချိန်လိုအပ်နေပါတယ်။ အကြမ်းဖျင်းအားဖြင့် ၄- ၆ ပတ်လောက်စောင့်ပြီးမှ လိင်ကိစ္စကိုစတင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုပေးသူတွေက ညွှန်ကြားတတ်ပါတယ်။ ဒီအချိန်က ခွဲကြောင်းအနာတွေ ကျက်နေပြီဖြစ်လို့ပါ။ ဒါပေမဲ့ တချို့အမျိုးသမီးတွေကတော့ လအနည်းငယ်အထိ အချိန်ယူရလေ့ရှိသလို တချို့တွေက သီတင်းပတ်အနည်းငယ်အတွင်း ပြန်လည်စ တင်နိုင်တာမျိုးလည်း ရှိပါတယ်။ ဒါက ကလေးမွေးဖွား ပြီးစအမျိုးသမီးရဲ့ ပင်ပန်းနွမ်းနယ်မှု၊ စိတ်ဖိစီးမှုနဲ့ နာကျင်မှုတွေကို ခံစားရမှုအပေါ် မူတည်နေပါတယ်။

– ကလေးမွေးပြီး နာကျင်မှု သက်သာစေဖို့ ခင်ပွန်း အနေနဲ့ ဘယ်လိုနှစ်သိမ့်မှုပေးသင့်သလဲ။
ကလေးမွေးပြီးချိန်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် မိန်းမကိုယ်က ခြောက်သွေ့နေတတ် ပါတယ်။ အထူးသဖြင့် သင်က မိခင်နို့ချိုတိုက်ကျွေး သူဖြစ်ရင် ပိုဆိုးပါတယ်။ ဒီလို မသက်မသာ ခံစားရမှု တွေ သက်သာစေဖို့ ခင်ပွန်းတွေအနေနဲ့ သင့်ဇနီးကို ပွေ့ဖက်တာ၊ အကြင်နာပေးတာ၊ နှိပ်နယ်ပေးတာတို့ ပြုလုပ်ပေးနိုင်ပါတယ်။ ကလေးကို အနှီးလဲပေးတာ၊ ရေချိုးပေးတာ အပါအဝင် အိမ်မှုကိစ္စ အားလုံးလုပ် ဆောင်ရာမှာ သင့်ဇနီးကို ကူညီသင့်ပါတယ်။

– သဘာဝနည်းနဲ့ ကလေးမွေးပြီးချိန်မှာ မိန်းမကိုယ် ကြွက်သားတွေ ပြန်လည်တင်းရင်းလာအောင် ဘယ်လို လေ့ကျင့်ခန်းလုပ်သင့်သလဲ။
သဘာဝနည်းနဲ့ ကလေးမွေးပြီးချိန်မှာ မိန်းမ ကိုယ်ကြွက်သားတွေရဲ့ တင်းရင်းမှုလျော့ကျသွားနိုင်ပါတယ်။ အရင်လို ပြန်ဖြစ်စေဖို့ ုနါနူ လေ့ကျင့်ခန်း ကိုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ တင်ပဆုံ ကွင်းကြွက်သားတွေကို တင်းရင်းစေတာကြောင့် ဆီးထွက်မကျအောင် ထိန်းထားနိုင်ပါတယ်။

– လိင်ကိစ္စမှာ စိတ်ပါဝင်စားမှု မရှိရင် ဘာလုပ်သင့် ပါသလဲ။
ကလေးမွေးပြီးချိန်မှာ အိမ်ထောင်ရေးဟာ လိင်ကိစ္စထက် သံယောဇဉ်က ပိုခိုင်မြဲလာပါတယ်။ ဒါက မွေးကင်းစ ကလေးငယ်ကြောင့်ပါ။ ဒါကြောင့် သင့်အနေနဲ့ လိင်ကိစ္စကို စိတ်ပါဝင်စားမှု မရှိသေးရင် သင့်ခံစားချက်ကို သင့်အိမ်ထောင်ဖက်အား ရှင်းပြပါ။ နံနက်စာ၊ ညစာအတူစားတာမျိုး၊ အလုပ်လုပ် နေရတဲ့ ခင်ပွန်းထံ ဖုန်းဆက်တာ၊ မက်ဆေ့ချ် ပို့တာ စတဲ့နည်းတွေနဲ့ သင်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသနိုင်ပါတယ်။ တစ်ခါတစ်ရံ ကလေးကို မိဘဆွေမျိုးတွေထံ အပ်နှံပြီး အပြင်ထွက်လည်ပေးပါ။

– အိမ်ထောင်မှု သုခပြန်လည်ရရှိစေဖို့ ဘယ်လို နည်း လမ်းတွေကို လုပ်ဆောင်သင့်သလဲ။
ကိုယ်ဝန်ဆောင်တာ၊ ကလေးမွေးတာတွေနဲ့ ဆက်နွှယ်ပြီးဖြစ်တဲ့ လိင်ကိစ္စစိတ်ပါဝင်စားမှု မရှိတာ ဟာတစ်နှစ်အတွင်း အဆင်ပြေသွားနိုင်ပါတယ်။ ဒီကြားထဲမှာ သင်ရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်း မာရေးအားကောင်းစေဖို့ အောက်ပါ နည်းလမ်းတွေ ကို လုပ်ဆောင်သင့်ပါတယ်။

– သင့်ခန္ဓာကိုယ်ရဲ့ အပြောင်းအလဲတွေကို သတိပြုပြီး ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းပါ။ (ဗိုက်ပူလာရင် လေ့ကျင့်ခန်းလုပ်တာမျိုးကို ဆိုလိုပါတယ်။)

– သစ်သီးအများအပြားအပါအဝင် အာဟာရပြည့်ဝတဲ့ အစားအသောက်စားပါ။

– တစ်နေ့တာ အစီအစဉ်မှာ လေ့ကျင့်ခန်းကိုထည့် သွင်းလုပ်ဆောင်ပါ။

– တတ်နိုင်သမျှ များများအနားယူပါ။

– သင် အဆင်မပြေရင် အကူအညီတောင်းပါ။

– အမြဲတမ်း လှလှပပပြင်ဆင်ပါ။

– တခြား ကလေးမိခင်တွေနဲ့ အတူပေါင်းဖော်ပြီး စကားစမြည်ပြောဆိုပါ။

မိမိကိုယ်ကိုယ် ဂရုစိုက်တာက အိမ်ထောင်ရေး သုခရရှိလာစေမယ့် နည်းဖြစ်ပါတယ်။

(Ref; mayoclinic)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top