Healthy Life Ad
Life Style

၃၀ အရွယ်အမျိုးသမီးအတွက် ၆၀ အရွယ်အမျိုးသမီး ပေးချင်သည့် ကျန်းမာရေးအကြံပြုချက်များ

စူး ( ဆေးဝါးတက္ကသိုလ် )
အွန်လိုင်းမဂ္ဂဇင်းတစ်ခုက အသက် ၆၀ အရွယ် အမျိုးသမီးတွေကို ၃၀ အရွယ်တွေဆီ ဘယ်လို အကြံပြုချက်တွေ ပေးချင်သလဲဆိုတာ မေးမြန်းခဲ့ပါတယ်။ သူတို့ဘဝ အတွေ့အကြုံတွေပေါ် အခြေခံပြီး ၆၀ အရွယ်အမျိုးသမီးတွေက အကြံပြုချက်တွေကို မျှဝေခဲ့ပါတယ်။

(၁) ဘဝကိုလျှောက်လှမ်းတဲ့အခါ ကြိုတင်မှာထားတဲ့ ဝတ်စုံကို ဝတ်ရသလိုမျိုး မဟုတ်ပါဘူး။ ရလာတဲ့ဝတ်စုံကို ကိုယ်နဲ့အဆင်ပြေအောင် ဝတ်ရသလိုမျိုးပါ။

(၂) အသက်အရွယ်အလိုက် ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေကို ကျက်သရေရှိရှိလက်ခံပါ။

(၃) အကောင်းမြင်ဖို့ အမြဲတမ်းကြိုးစားပါ၊ ဘဝမှာ ကောင်းတဲ့ အရာတစ်ခုကို အမြဲရှာဖွေပါ။

(၄) ဘဝမှာ ကိုယ့်အားကိုကိုးတဲ့စိတ်နဲ့ ရပ်တည်ရှင်သန်ပါ၊ တကယ်တမ်းမှာ သင့်အတွက်ဘယ်သူမှ ရှိမနေပါဘူး။

(၅) အသက်အရွယ်ဆိုတာ သင့်ကိုဘယ်သူဘယ်ဝါဆိုပြီး ပိုင်းခြားပေမယ့် ကိန်းကဏန်းမဟုတ်ပါဘူး။ အသက်ကြီးပြီဆိုပြီး ကြိုးစားမှုကို ရပ်မပစ်ပါနဲ့။

(၆) အပြင်ထွက်ပြီး လမ်းလျှောက်ပါ။

(၇) ဝါသနာပါတဲ့ အလုပ်ကို ရှာဖွေပါ။ ဘယ်သူ့ကိုမှ မထိခိုက်စေမယ့် ဝါသနာမျိုး ဖြစ်သင့်ပါတယ်။ အဲဒီဝါသနာက သင့်ဘဝပုံစံကို ပျင်းရိဖွယ် မဖြစ်အောင် ကူညီပါလိမ့်မယ်။

(၈) အမြဲတမ်းရိုးသားမှုရှိပါ။ ခက်တော့ခက်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်တော့ ရှိနေပါလိမ့်မယ်။

(၉) အသက်ကြီးလာတာကို မစိုးရိမ်ပါနဲ့။ ပျင်းရိငြီးငွေ့မှုရှိလာမှာကိုပဲ စိတ်ပူပါ။

(၁၀) လူတိုင်း အိုမှာပါ။ ဒါအတွက် မကြောက်နဲ့။ ရဲရင့်စွာ ရှင်သန်ပါ။

(၁၁) စူးစမ်းလေ့လာလိုစိတ်ကို ဘယ်တော့မှ ရပ်မပစ်လိုက်ပါနဲ့။

(၁၂) ဘဝက ရိုးစင်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ ဘဝမှာ ရှင်သန်ရပ်တည်ရတာ ခက်ခဲပါတယ်။ သင်ယူပါ၊ လေ့လာပါ၊ ခရီးသွားပါ၊ ဂန္ထဝင်ဆန်တဲ့ အဝတ်အစားတွေဝယ်ပါ။

(၁၃) ရှူးဖိနပ်တွေအတွက် ငွေအကုန်အကျ အများကြီးမခံပါနဲ့။ ခြေထောက်တွေ သန်စွမ်းဖို့သာ လေ့ကျင့်ခန်းလုပ်ပါ။

(၁၄) မိသားစုကို ချစ်ပါ၊ ပြုစုစောင့်ရှောက်ပါ။ သင့်အပေါ်ထားစေချင်တဲ့ မေတ္တာတရားအတိုင်း ပြုစုစောင့်ရှောက်မှုပေးပါ။

(၁၅) ချစ်မေတ္တာပေးတဲ့အခါ အတ္တကင်းတဲ့ ပုံစံနဲ့ပေးပါ။

(၁၆) ဘဝအတွက် သားသမီးရှိသင့်သလားလို့ တွေးပြီး အရွယ်ရှိတုန်း ကလေးမွေးပါ။

(၁၇) တခြားသူတွေပေါ် စာနာစိတ်ထားပါ။

(၁၈) ဓာတ်ပုံများများရိုက်ပါ။ တချို့လူတွေက ဘဝထဲက တစ်နည်းနည်းနဲ့ ထွက်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဓာတ်ပုံတွေကတော့ သင်နဲ့အတူအမြဲ ကျန်နေမှာပါ။

(၁၉) ခွင့်လွှတ်ဖို့ ကြိုးစားပါ။

(၂၀) ဒေါသကို လွှင့်ပစ်တတ်ဖို့ ကြိုးစားပြီး အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ နေထိုင်ပါ။

(၂၁) ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ ပေါင်းဖော်ပါ။ စစ်မှန်မှုမရှိသူတွေ မပါပါစေနဲ့။ ဒါက ဘဝမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းပါ။

(၂၂) မိသားစုဘဝကို တန်ဖိုးထားပါ။ သူတို့က သင့် သင်နဲ့အတူ အမြဲတမ်းရှိနေမှာဖြစ်ပါတယ်။

(၂၃) ဒေါသစိတ်နဲ့ ဘယ်တော့မှ မအိပ်ပါနဲ့။ တစ်စုံတစ်ယောက်ကိုလည်း သင့်ကြောင့် ဒေါသထွက်ပြီး မအိပ်ပါစေနဲ့။

(၂၄) အသက် ၃၀ကျော်ပြီးချိန်မှာ သင့်အလှကပိုမို ပွင့်လန်းလာပါလိမ့်မယ်။ သင့်အလှကို တန်ဖိုးထားပါ။

(၂၅) ကိုယ်မပြောင်းလဲနိုင်တဲ့ အရာတွေအတွက် ပူပင်သောကများမနေပါနဲ့။

(၂၆) မကောင်းတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးရှိရင် ရုန်းထွက်လိုက်ပါ။ ဘယ်လိုလူကိုမဆို တခြား လူတစ်ယောက်ဖြစ်လာအောင် သင်မပြောင်းလဲနိုင်ပါဘူး။

(၂၇) အသားအရေ ထိန်းသိမ်းပါ၊ များများပြုံးပါ။

(၂၈) ကိုယ့်အတွင်းစိတ်ကို ယုံကြည်ပါ။

(၂၉) အောင်နိုင်သူပုံစံနေပါ။ အမှီအခိုကင်းကင်းနဲ့ ပေါ့ပေါ့ပါးပါးရပ်တည်နိုင်ဖို့ လေ့လာပါ။

(၃၀) တစ်ခုခုကို လုပ်ဖို့ အသက်ကြီးသွားပြီဆိုတာမျိုး ဘယ်သူ့ကိုမှမပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ်လည်း မပြောပါနဲ့။ ဘာကိုပဲဖြစ်ဖြစ် စတင်ဖို့ နောက်ကျပြီဆိုတာ မရှိပါဘူး။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top