Healthy Life Ad
Life Style

စိတ်ဖိစီးမှုနှင့်အမျိုးသမီးခန္ဓာကိုယ်

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

စိတ်ဖိစီးမှုဆိုတာ ဘဝမှာ နေ့စဉ်လိုလို ကြုံတွေ့နေရတဲ့ အခြေအနေပါ။ ဒါကို ကျော်လွှားနိုင်ဖို့ စိတ်ခွန်အားရှိရပါမယ်။ စိတ်ဖိစီးမှု ထိန်းချုပ်နိုင်ဖို့ ကောင်းကောင်းစား၊ အိပ်ရေးဝ၀ အိပ်ပြီး လေ့ကျင့်ခန်းလုပ်ဆောင်ရပါမယ်။

ဦးနှောက်

စိတ်ဖိစီးမှုခံစားရချိန်မှာ ဟိုက်ဟိုသားလမတ်စ်က ပစ်ကျူထရီ ဂလင်းကို အချက်ပြပြီး ကော်တီစောနဲ့ အက်ပီနက်ဖရင်ဆိုတဲ့ စိတ်ဖိစီးမှုဟော်မုန်း ထုတ်ပါတယ်။

ကော်တီစောပမာဏများတာက လေ့လာနိုင်စွမ်းနဲ့ မှတ်သားနိုင်စွမ်းမှာ အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ကော်တီစောအဆင့်မြင့်တက်ရင် စိတ်ကျန်းမာရေးပြဿနာဖြစ်နှုန်း မြင့်တက်စေနိုင်ပါတယ်။

အသက်ရှူလမ်းကြောင်းစနစ်

စိတ်ဖိစီးမှုက အသက်ရှူရခက်ခဲစေပါတယ်။

ပန်းနာရင်ကျပ်ရောဂါထ စေနိုင်ပါတယ်။

အသက်ရှူမြန်ပြီး ထိတ်လန့်စေနိုင်ပါတယ်။

အသည်း

စိတ်ဖိစီးမှုများရင် အသည်းက ဂလူးကို့စ်ထုတ်လုပ်မှုများစေပါတယ်။

ကိုယ်အလေးချိန်များသူတွေမှာ သွေးတွင်းသကြားဓာတ် အပိုတွေများတာကြောင့် ဆီးချိုသွေးချိုရောဂါ ဖြစ်စေနိုင်ပါတယ်။

နှလုံးသွေးကြောစနစ်

စိတ်ဖိစီးမှုများရင် နှလုံးရောဂါအမော ဖောက်တာ(ံနမေအ ဗအအခေု)၊ သွေးတိုးတာနဲ့ လေဖြတ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

ဒိန်းမတ်လေ့လာမှုအရ လုပ်ငန်းခွင် ဖိအားက အမျိုးသမီးတွေကို နှလုံး သွေးကြောရောဂါအန္တရာယ်မြင့်တက် စေတယ်လို့ သိရပါတယ်။

ပီကင်းရှိ ရုံးတွင်းအလုပ်လုပ်ဆောင်သူ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်ဖိအား ကြောင့် နှလုံးရောဂါအစောပိုင်း လက္ခ ဏာဖြစ်တဲ့ နှလုံးသွေးလွှတ်ကြောထူ ထဲမှုဖြစ်နှုန်း မြင့်တက်တယ်လို့ သိရပါတယ်။

ကြွက်သား

စိတ်ဖိစီးမှုက ကြွက်သား တောင့်တင်းစေပါတယ်။

ကြွက်သားနဲ့ အရိုးနာကျင်စေပါတယ်။

ခေါင်းကိုက်စေနိုင်ပါတယ်။

အစာခြေခြင်း

အစာရေမျိုပြွန်-ဆေးလိပ်သောက်တာနဲ့ စိတ်ဖိစီးပြီး အစာကို အလွန်အမင်းစားတာကြောင့် ရင်ပူတာနဲ့ အက်ဆစ်ဆန်တက်တာကို ဖြစ်စေနိုင်ပါတယ်။

အစာအိမ်-ပျို့ချင်အန်ချင်သလို၊ နာကျင်သလို ဖြစ်စေနိုင်ပါတယ်။

အူမကြီး- ဝမ်းချုပ်တာ ဒါမှမဟုတ်ဝမ်းပျက်ဝမ်းလျှောတာဖြစ်စေနိုင်ပါတယ်။

မျိုးပွားစနစ်
စိတ်ဖိစီးမှုများတာကြောင့်-

ရာသီမလာတာ၊ ရာသီအလာများတာ၊ ဗိုက်အောင့်တာတို့ ဖြစ်စေနိုင်ပါတယ်။

သားဥကြွေတာနှေးတဲ့အတွက် မျိုးအောင်နိုင်စွမ်းထိခိုက်စေနိုင်ပါတယ်။

လိင်ဆန္ဒလျော့နည်းစေပါတယ်။

ရာသီအကြိုဝေဒနာတွေဖြစ်တဲ့ လေပွတာ၊ စိတ်ကယောက်ကယက်ဖြစ်တာတို့ တိုးစေနိုင်ပါတယ်။

အမျိုးသမီးတစ်ဦး၏ စိတ်ဖိစီးမှုနှင့် စိတ်ကျန်းမာရေး အန္တရာယ်မြင့်တက်စေမည့် အချက်များ

စိတ်ဖိစီးမှုများတဲ့ အလုပ်လုပ်နေသူ အမျိုးသမီးတွေက နှလုံးရောဂါ အန္တရာယ် ၄၀ ရာခိုင်နှုန်းများပါတယ်။

အလုပ်ပြုတ်သွားတဲ့ အမျိုးသမီးတွေက သွေးတိုးတာ၊ သွေးတွင်းကို လက်စထရောမြင့်မားတာနဲ့ အဝလွန်တာတွေဖြစ်နိုင်ခြေပိုများပါတယ်။

အမျိုးသားများတဲ့ လုပ်ငန်းခွင်မှာလုပ်ရတဲ့ အမျိုးသမီးတွေက လုပ်ငန်းခွင်ဖိအား ပိုများပြီး စိတ်ဖိစီးမှုကော်တီစောအဆင့်ကို မထိန်းချုပ်နိုင်ပါဘူး။

အမျိုးသမီးတစ်ဦး၏ စိတ်ဖိစီးမှု လျော့ကျစေမည့် အချက်များ

ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းရှိခြင်း

ငွေကြေး ပစ္စည်းဥစ္စာ ကြွယ်ဝခြင်

ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး၊ အိမ်ထောင်ရေးအခြေအနေရှိခြင်း

စိတ်ဖိစီးမှုထိန်းချုပ်နည်းများ

အသက်ရှူလေ့ကျင့်ခန်းနှင့် အပန်းဖြေခြင်း

စိတ်ကို ပေါ့ပေါ့ပါးပါး ထားရှိခြင်း

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

အပြန်အလှန် အကျိုးပြုဆက်ဆံရေးရှိခြင်း

နှစ်သိမ့်ဆွေးနွေးအကြံပြုချက်များရယူခြင်း

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top