Healthy Life Ad
Health Tips

မြွေကိုက်ခြင်းအတွက် ရှေးဦးပြုစုခြင်း

ဦးအုန်းသွင် (သင်တန်းအရာရှိ၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန မြန်မာနိုင်ငံကြက်ခြေနီအသင်း)

– မြွေကိုက်ပြီဆိုရင် ရေရရင် ရေနဲ့ဆေးရပါမယ်။ ရေနဲ့ဆေးကြောတဲ့အခါ ပွတ်ပြီးမဆေးရပါဘူး။ ရေလောင်းပြီး ဆေးရပါမယ်။ ပွတ်ပြီး ဆေးလိုက်ရင် အဆိပ်က ပိုပြီး ပြန့်သွားနိုင်လို့ပါ။

– တကယ်လို့ ရေမရှိရင် အဝတ်လေးနဲ့ပဲ သုတ်ပေးရပါမယ်။ အဝတ်နဲ့ သုတ်တဲ့နေရာမှာလည်း ဖွဖွလေးပဲ သုတ်ပေးရပါမယ်။

– ဖြစ်နိုင်ရင် ဆွဲဆန့်ပတ်တီးကို ယူပြီးစည်းပေးပါ။
(ဆွဲဆန့်ပတ်တီးက First Aid kit အသုံးပြုတဲ့ ကျောင်းတွေမှာ ရှိတတ်ပါတယ်။)

ဆွဲဆန့်ပတ်တီးမရှိရင် ဒဏ်ရာပေါ် အနည်းဆုံး လက်သုံးလုံးလောက်ထူတဲ့ အဝတ်ခေါက်တင်ပြီး ပိတ်ကျဲစပတ်တီး စည်းပေးပါ။ ပိတ်ကျဲစပတ်တီးမရှိရင်လည်း ပုဆိုးရှိရင် ပုဆိုးစနဲ့ စည်းပေးနိုင်ပါတယ်။ မလျော့မတင်း လက်တတင်စာ စည်းရပါမယ်။

– ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မလှုပ်ရှားနိုင်အောင် ကြပ်ခံပြီး (သစ်သား၊ ဝါးလုံးတွေ) စည်းပေးပါ။ ကြပ်စည်းတယ်ဆိုတာ ရွာတွေမှာဆိုရင် ဝါးခြမ်းပြား၊ ပျဉ်ပြား စတာတွေနဲ့ထိန်းပြီး တွဲစည်းတာပဲ ဖြစ်ပါတယ်။ ဝါးခြမ်းပြား၊ သစ်သားတွေမရှိရင်တောင် ညာဘက်ခြေထောက်မြွေကိုက်ခံရရင် ဘယ်ဘက်ခြေထောက်နဲ့ တွဲစည်းပြီး လှုပ်ရှားမှုမရှိအောင် ထိန်းထားလို့ရပါတယ်။ မြွေကိုက်ရင် အရေးကြီးတာက အကိုက်ခံရတဲ့ အစိတ်အပိုင်းကို မလှုပ်အောင်ထားဖို့ပဲ ဖြစ်ပါတယ်။ လှုပ်လေလေ၊ သွေးလှည့်ပတ်မှု များလေလေဖြစ်ပြီး မြွေဆိပ်ပြန့်နှံ့နိုင်ခြေ များပါတယ်။

– နီးစပ်ရာဆေးရုံကို အမြန်ဆုံး သွားပြရပါမယ်။ လူနာကို သယ်တဲ့အခါမှာလည်း လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင် သယ်ရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top