Healthy Life Ad
Health Tips

တရုတ်နံနံစားရင် ဘယ်လိုကျန်းမာရေး ကောင်းကျိုးရရှိနိုင်သလဲ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

တရုတ်နံနံကို ရှေးကတည်းက အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတင်ဖော်ပြထားခဲ့တာကြောင့် သက်တမ်းရင့် ဟင်းသီးဟင်းရွက်တစ်မျိုးလို့ ဆို နိုင်ပါတယ်။ တရုတ်နံနံရဲ့ ကျန်းမာရေးအကျိုးကျေး ဇူးတွေကို တိတိကျကျသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါ တယ်။

(၁) တရုတ်နံနံမှာ ဗီတာမင်စီပမာဏများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို ကျန်းမာနေအောင်အားပေးနိုင်ပါတယ်။

(၂) တရုတ်နံနံမှာ အင်တီအောက်ဆီးဒင့်တွေ အများအပြားပါဝင်ပြီး ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ရောင်ရမ်းမှုတို့ကို တွန်းလှန်နိုင် တဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။

(၃) တရုတ်နံနံမှာ pthalides ပါဝင်တာကြောင့် သွေးဖိအားကိုလျော့ကျစေကာ သွေးကြောတစ်ဝိုက်က ကြွက်သားတွေကို အနားရစေ ပြီး သွေးကြောတွေကို ကျယ်စေပါတယ်။

(၄) တရုတ်နံနံမှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်တို့ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းညှိပေးနိုင်ပါတယ်။

(၅) တရုတ်နံနံမှာ Pthalides ပါဝင်တာကြောင့် သည်းခြေအက်ဆစ်ရည်ထွက်စေကာ သွေး တွင်းကိုလက်စထရောအဆင့်ကို လျော့ကျ စေပါတယ်။

(၆) တရုတ်နံနံမှာ Coumarins ပါဝင်တာကြောင့် ကင်ဆာကာကွယ်ရေးမှာ အစွမ်းထက်ပါ တယ်။

(၇) တရုတ်နံနံက ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေပါတယ်။

(၈) တရုတ်နံနံမှာ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တို့ ညီတူညီမျှပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အရည်ပိုတွေကို ထွက်ရှိစေပါတယ်။

(၉) တရုတ်နံနံစေ့တွေဟာ ဆီးလမ်းကြောင်း ပိုးဝင် တာကိုသက်သာစေတဲ့ အစွမ်းထက်ဆီးသွား စေတဲ့ အာနိသင်ရှိပါတယ်။

(၁၀) တရုတ်နံနံမှာအကိုက်အခဲပျောက်စေ၊ ရောင် ရမ်းမှုကျစေ၊ ဆီးသွားစေတဲ့ ဒြပ်ပေါင်းတွေ များစွာပါဝင်တာကြောင့် ဆီးအိတ်ပိုးဝင်မှုကို ကုသနိုင်တာ ဖြစ်ပါတယ်။

(၁၁) တရုတ်နံနံမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိ သင်တွေရှိတာကြောင့် အဆစ်ရောင်နာတွေ လို ရောင်ရမ်းမှုနဲ့ ဆက်စပ်နေတဲ့ ရောဂါတွေ ကို ကုသနိုင်ပါတယ်။

(၁၂) တရုတ်နံနံမှာ ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ကိုယ် အလေးချိန်လျော့ကျရေးမှာ အရေးပါပါတယ်။

(၁၃) တရုတ်နံနံဟာ ခံတွင်းအနံ့ဆိုးနံတာကိုသက် သာစေပါတယ်။

Most Popular

Healthy Life Ad
To Top