Healthy Life Ad
Life Style

အသည်းကင်ဆာဖြစ်စေသည့် အဖလာတောက်စင်အကြောင်း သိကောင်းစရာ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) (Ref;cancer)

အဖလာတောက်စင်(Aflatoxis)ဆိုတာ မှိုကနေထုတ်လိုက်တဲ့ ကင်ဆာဖြစ်စေတဲ့ ဓာတ်တစ်မျိုးပါ။ တလောက မြန်မာငရုတ်သီးမှုန့်အများစုမှာ အဖလာတောက်စင်မှိုတွေပါနေတယ်ဆိုတဲ့ သတင်း တစ်ခုက ဖေ့စ်ဘွတ်ခ်မှာပျံ့နှံ့သွားခဲ့ပါတယ်။ ဒါကြောင့် အဖလာတောက်စင်အကြောင်း သိစေဖို့ ဖော်ပြလိုက်ပါတယ်။

* * *

* အဖလာတောက်စင်ဆိုတာ ဘာလဲ

အဖလာတောက်စင်ဆိုတာ တချို့ဖန်းဂတ်စ်မှိုတွေကနေ ထုတ်လိုက်တဲ့ အဆိပ်အတောက်ဖြစ်ပါ တယ်။ စပါး၊ ပြောင်း၊ ဂျုံ၊ မြေပဲ၊ ဝါစေ့၊ အခွံမာသီး စတဲ့ စိုက်ပျိုးရေးအပင်ထွက် အသီးအနှံတွေမှာ အဖ လာတောက်စင်ထုတ်တဲ့မှိုကို တွေ့ရတတ်ပါတယ်။ အဖလာတောက်စင်ထုတ်တဲ့ အဓိကဖန်းဂတ်စ်မှိုတွေက Aspergills flavus နဲ့ Aspergills parasiticus တို့ဖြစ်ပါတယ်။ ဒီဖန်းဂတ်စ်မှိုတွေက စိုစွတ်နွေးထွေးတဲ့ နေရာမှာ ပေါက်ပွားမှုများပါတယ်။မြေပဲတွေ၊ ငရုတ်သီးတွေ သိုလှောင်ပုံမကောင်းရင် မှိုပေါက်တတ်ပါတယ်။

* ဘယ်သူတွေက အဖလာတောက်စင်ရရှိနိုင်သလဲ

မြေပဲမှိုတက်၊ ငရုတ်သီးမှိုတက်၊ မှိုပေါက်နေတဲ့ နို့နဲ့နို့ထွက်ပစ္စည်း၊ အသားမှိုတက် စတာတွေကိုစားတဲ့ သူတွေက အဖလာတောက်စင်နဲ့ ထိတွေ့မှုရှိနိုင်ပါတယ်။

* အဖလာတောက်စင်က ဘာဖြစ်တတ်သလဲ

အဖလာတောက်စင်က အသည်းကင်ဆာနဲ့ ဆက်စပ်မှုရှိပါတယ်။ လူ့ခန္ဓာကိုယ်ထဲ အဖလာတောက်စင်များများဝင်သွားရင် ဗိုက်နာတတ်ပါတယ်၊ အသည်းအဆီဖုံးပြီး အသည်းဆဲလ်တွေကို သေစေနိုင်ပါတယ်။

* အဖလာတောက်စင် ထိတွေ့မှုလျော့ကျအောင်ဘယ်လိုလုပ်နိုင်သလဲ

ငရုတ်သီးမှုန့်စားချင်ရင် ငရုတ်သီးခြောက်ကို မှိုမပါတာရွေးပြီး ထောင်းစားသင့်ပါတယ်။ မြေပဲ၊ အခွံမာသီး စတာတွေကိုလည်း လတ်ဆတ်မှုရှိ၊ မရှိဆန်းစစ်ရပါမယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top