Healthy Life Ad
Health Tips

ငရုတ်သီး၏ ကျန်းမာရေးအကျိုးကျေးဇူး ၁၅ သွယ်

ငရုတ်သီးကို အသင့်အတင့်စားတာကြောင့် ကျန်းမာရေးကောင်းကျိုးတွေကို ရရှိစေပါတယ်။ ငရုတ်သီးစိမ်းကိုပဲ စားသင့်ပြီး ငရုတ်သီးခြောက်တွေမှာ မှိုပါနိုင်လို့ သတိပြုဆင်ခြင်သင့်ပါတယ်။

(၁) အစာကြေစေပါတယ်

ငရုတ်သီးစားရင် တံတွေးအထွက်များစေတာကြောင့် အစာကြေညက်စေသလို ခံတွင်းအနံ့ဆိုးမထွက်အောင် ဟန့်တားပေးပါတယ်။

(၂) ခေါင်းတစ်ခြမ်းကိုက်ရောဂါကို သက်သာစေပါတယ်

ငရုတ်သီးအနံ့ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများရှိ နာကျင်မှုတုံ့ပြန်တဲ့ နေရာတွေကို လှုံ့ဆော်ပေးနိုင်စွမ်းရှိကာ နာကျင်မှုက သိသိသာသာ သက်သာလျော့ပါးသွားတယ်လို့ လေ့လာသူတွေက အကြံပြုထားပါတယ်။

(၃) သွေးခဲတာမဖြစ်အောင် ကာကွယ်ပေးပါတယ်

ငရုတ်သီးစားရင် သွေးခဲမဖြစ်အောင် ကာကွယ်ပေးပြီး ငရုတ်သီးထဲက ကပ်ဆိုက်စင်ဓာတ်ဟာ သွေးကြောတွင်းရှိ အဆီပိုတွေကို ရှင်းလင်းသွားစေပါတယ်။

(၄) အဆိပ်ပြေစေပါတယ်

ငရုတ်သီးစားတာကြောင့် သွေးကြောမျှင်တွေကို ပွင့်စေပြီး သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေတဲ့နည်းနဲ့ သွေးလှည့်ပတ်မှုစနစ်ကို အားကောင်းစေပါတယ်။ ကိုယ်တွင်းကနေ ဘက်တီးရီးယားနဲ့ အဆိပ်အတောက်တွေ ကင်းစင်စေဖို့ အစာခြေလမ်းကြောင်းစနစ်ကို အကူအညီပေးပါတယ်။

(၅) အဆစ်နဲ့ အာရုံကြောနာကျင်မှု သက်သာစေပါတယ်

ငရုတ်သီးက ဦးနှောက်ဆီကို နာကျင်မှုအချက်ပြ သင်္ကေတပေးပို့တဲ့ ဓာတုပစ္စည်း substance P ရဲ ့ ပမာဏကို လျော့ကျစေပါတယ်။

(၆) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

နံနက်စာစားတဲ့အခါ ငရုတ်သီးစားပေးရင် အစာစားချင်စိတ်ကို လျော့ကျစေပြီး တစ်နေ့တာအတွင်း ကယ်လိုရီများတဲ့ အစာတွေကို စားဖြစ်နိုင်ခြေ လျော့နည်းပါတယ်၊ ဒါ့အပြင် အဆီပိုတွေကို လောင်ကျွမ်းစေပါတယ်။

(၇) အက်စစ်ထွက်တာကို ဟန့်တားပေးပါတယ်

ငရုတ်သီးစားရင် အက်စစ်ထွက်ရှိမှုကို ဟန့်တားပေးပြီး အယ်လ်ကာလီနဲ့ အချွဲထွက်ရှိမှုကို လှုံ့ဆော်ကာ အစာအိမ်အချွဲမြှေးတွေဆီ သွေးစီးဆင်းမှု ကောင်းစေတဲ့အတွက် အစာအိမ်အနာမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၈) ဆိုးရီးယေးစစ်အရေပြားနာ သက်သာစေပါတယ်

ငရုတ်သီးမှာပါတဲ့ ကပ်ဆိုက်စင်ဓာတ် ဝဒသမ ဝ၂၅ ရာခိုင်နှုန်းပါ ခရင်မ်လိမ်းပေးရင် ဆိုးရီးယေးစစ် အရေပြားနာကို သက်သာစေတယ်လို့ လေ့လာမှုနှစ်ခုအရ သိရပါတယ်။

(၉) ဇီဝရုပ်ဖြစ်ပျက်မှု အားကောင်းစေပါတယ်

ငရုတ်သီးစားတာကြောင့် ဆာလောင်မှုကို ချိုးနှိမ်ပေးပြီး သွေးတွင်းဂလူးကို့စ်အဆင့်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးပါတယ်။

(၁၀) အအေးမိဝေဒနာနဲ့ တုပ်ကွေးတွန်းလှန်ပေးပါတယ်

ငရုတ်သီးမှာ ဘီတာကယ်ရိုတင်းနဲ့ အင်တီအောက်ဆီးဒင့် အပြည့်အဝပါဝင်တာကြောင့် ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးထားပါတယ်။ အချွဲတွေကို ကင်းစင်စေပါတယ်။

(၁၁) ဗီတာမင်အေ ပါဝင်မှုများပါတယ်

ငရုတ်သီးမှာပါဝင်တဲ့ ဗီတာမင်အေက အမြင်အာရုံကောင်းမွန်ခြင်း၊ ဦးနှောက်အာရုံကြော လုပ်ငန်းဆောင်တာ ကောင်းမွန်ခြင်း၊ အသားအရေကျန်းမာခြင်း စတဲ့ ကောင်းကျိုးတွေ ရှိပါတယ်။ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးတဲ့နည်းနဲ့ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

(၁၂) ဗီတာမင်အီး ပါဝင်ပါတယ်

ငရုတ်သီးမှာပါတဲ့ ဗီတာမင်အီးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အိုမင်းမှုဖြစ်စဉ်ကို နှေးစေပါတယ်။

(၁၃) ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်

ငရုတ်သီးမှာ ရောင်ရမ်းမှုကျစေတဲ့ အစွမ်းရှိတာကြောင့် ဓာတ်မတည့်မှုမဖြစ်အောင် ကာကွယ်ပေးသလို ဓာတ်မတည့်မှုဝေဒနာ လက္ခဏာတွေကို လျော့ပါးစေပါတယ်။

(၁၄) ကင်ဆာမဖြစ်အောင် ဟန့်တားပေးပါတယ်

ငရုတ်သီးမှာပါတဲ့ ကပ်ဆိုက်စင်ဓာတ်က ဆီးကျိတ်ကင်ဆာမဖြစ်အောင် ထိန်းချုပ်နိုင်သလို ကင်ဆာဆဲလ်ကြီးထွားမှုကို ပိတ်ပင်ဟန့်တားပေးပါတယ်၊ ကင်ဆာဆဲလ်သစ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

(၁၅) ဖန်းဂတ်စ်မှိုကို တွန်းလှန်ပေးပါတယ်

ငရုတ်သီးက ဖန်းဂတ်စ်မှိုကို သေစေပြီး ဖန်းဂတ်စ်ကြောင့်ဖြစ်တဲ့ ဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top