Healthy Life Ad
International

ကျန်းမာရေးစနစ်ကောင်းမွန်ပြီး ချမ်းသာလေ ပြည်သူလူထုကပိုအရပ်မြင့်လာလေဟု တွေ့ရ

၊ မိုးမင်းထွန်း ၊

နိုင်ငံက ချမ်းသာပြီး ဘဝအရည်အသွေးမြင့်လေ၊ လူထုကပိုအရပ်ရှည်လာလေဖြစ်ပါတယ်။ အနောက်နိုင်ငံသားအားလုံးမှာ ၁၉ ရာစုကစပြီး အရပ်အမောင်း သိသိသာသာမြင့်မားလာတာကိုတွေ့ရပါတယ်။

အရည်အသွေးပြည့်အစာအာဟာရတွေ၊ ကောင်းမွန်တဲ့ကျန်းမာရေးစနစ်တွေကြောင့် အဖျားအနာကင်းတဲ့ကလေးတွေဟာ ကြီးပြင်းတဲ့အခါ အရပ်ပိုရှည်လာကြပါတယ်။ အင်ပီရီရယ်ကောလိပ်ရဲ့ စစ်တမ်းအရဒက်ချ်အမျိုးသားတွေဟာ ပျမ်းမျှ ၆ပေ လျော့လျော့ရှိပြီး ကမ္ဘာ့နံပါတ်တစ်နေရာမှာ ရပ်တည်နေကာအရှေ့တီမောအမျိုးသားတွေက ပျမ်းမျှ ၅ ပေ ၂လက်မနဲ့ ဇယားအောက်ဆုံးမှာရပ်တည်နေပါတယ်။

လက်ဗီးယားအမျိုးသမီးတွေက ပျမ်းမျှ ၅ ပေ ၆လက်မနဲ့ ထိပ်ဆုံးမှာရှိပြီး ဂွာတီမာလာအမျိုးသမီးတွေက ၄ ပေ ၉ လက်မနဲ့ အနိမ့်ဆုံးမှာရပ်တည်နေပါတယ်။ လွန်ခဲ့တဲ့ ၁၉၁၄ ခုနှစ်က အမေရိကန်အမျိုးသား၊ အမျိုးသမီးတွေက အဆင့် ၃၇ နဲ့ ၄၂ မှာ ရပ်တည်ခဲ့ကြပေမယ့် ၂၀၁၄ မှာ အဆင့် ၃နဲ့၄သို့ရောက်ရှိလာပါတယ်။

ဗြိတိန်အမျိုးသား၊ အမျိုးသမီးတွေက နှစ်တစ်ရာအတွင်း ၄လက်မနီးပါး အရပ်ရှည်လာပါတယ်။ စပိန်အမျိုးသားတွေက ၅ လက်မ၊ အမျိုးသမီးတွေက၅ လက်မနီးပါး အရပ်ရှည်လာပါတယ်။ တောင်ကိုရီးယားအမျိုးသမီးတွေက နှစ်တစ်ရာအတွင်း အရပ်အမြင့်ဆုံးဖြစ်လာတာကိုလည်း တွေ့ရှိရပါတယ်။

နယ်သာလန်နိုင်ငံက အလွန်ကောင်းမွန်တဲ့ လူမှုဖူလုံရေးစနစ်ရှိပြီး ဆင်းရဲချမ်းသာကွာဟမှုနည်းပါတယ်။ လူတိုင်းဟာ ကောင်းကောင်းစားနိုင်ကြပြီး ကလေးငယ်အစာအာဟာရပြည့်ဝမှုကလည်း အလွန်ကောင်းမွန်ပါတယ်လို့ နယ်သာလန်ဂရိုနင်ဂျန်တက္ကသိုလ်ကဆိုပါတယ်။ နယ်သာလန်မှာ နို့စားနွားတွေကအာဟာရပြည့်ဝတဲ့မြက်တွေ စားသုံးကြပြီး လူတွေကနို့ထွက်ပစ္စည်းတွေကို များစွာစားသုံးတာကလည်းအရပ်ရှည်လာတဲ့အကြောင်းရင်းပါပဲလို့ တက္ကသိုလ်တာဝန်ရှိသူက ဆိုပါတယ်။

မကြာသေးမီက လေ့လာမှုအရ ကလေးအရွယ်မှာ နို့ထွက်ပစ္စည်းစားသုံးမှုနည်းတာက လူတွေအရပ်ပုတာနဲ့ဆက်စပ်တယ်ဆိုတာတွေ့ရှိခဲ့ရပါတယ်။ ကင်းဘရစ်ချ်တက္ကသိုလ်မျိုးဗီဇပညာရှင်ဒေါက်တာဂီးလက်စ်ရီရိုက အစားအသောက်အနေအထိုင် ကောင်းမွန်တာချင်းတူပေမယ့် ဒက်ချ်တွေ တခြားသူတွေထက် အရပ်ပိုမြင့်တာက သူတို့ရဲ့ကောင်းမွန်တဲ့ မျိုးဗီဇကလည်း အချက်တစ်ချက်ပါဝင်ပါတယ်လို့ ရှင်းပြပါတယ်။

နယ်သာလန်နှင့် လက်ဗီးယားကကမ္ဘာ့အရပ်အမြင့်ဆုံးနိုင်ငံသားတို့ရှိရာ နိုင်ငံများဖြစ်။

(Ref;DM)

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top