International
ကျန်းမာရေးစနစ်ကောင်းမွန်ပြီး ချမ်းသာလေ ပြည်သူလူထုကပိုအရပ်မြင့်လာလေဟု တွေ့ရ
၊ မိုးမင်းထွန်း ၊ နိုင်ငံက ချမ်းသာပြီး ဘဝအရည်အသွေးမြင့်လေ၊ လူထုကပိုအရပ်ရှည်လာလေဖြစ်ပါတယ်။ အနောက်နိုင်ငံသားအားလုံးမှာ ၁၉ ရာစုကစပြီး အရပ်အမောင်း သိသိသာသာမြင့်မားလာတာကိုတွေ့ရပါတယ်။ အရည်အသွေးပြည့်အစာအာဟာရတွေ၊ ကောင်းမွန်တဲ့ကျန်းမာရေးစနစ်တွေကြောင့် အဖျားအနာကင်းတဲ့ကလေးတွေဟာ ကြီးပြင်းတဲ့အခါ အရပ်ပိုရှည်လာကြပါတယ်။ အင်ပီရီရယ်ကောလိပ်ရဲ့ စစ်တမ်းအရဒက်ချ်အမျိုးသားတွေဟာ ပျမ်းမျှ ၆ပေ လျော့လျော့ရှိပြီး...