Healthy Life Ad
Health Tips

သင့်နှလုံး ပိုကျန်းမာစေမည့်သဘာဝနည်းလမ်းကောင်းများ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အပြင်ထွက်ပြီး အချိန်ဖြုန်းတာကြောင့်နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၁) နေခြည်နုနုဖြာကျချိန် လမ်းလျှောက်ပါ

သွေးတိုးနိုင်ခြေများတဲ့သူတွေက နေရောင်ခြည် ထိတွေ့မှု အနည်းဆုံးသူတွေ ဖြစ်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ အကြောင်းတစ်ခုက အရေပြားက နေရောင်ခြည်နဲ့ထိတွေ့တဲ့အခါ နိုက်ထရစ်အောက်ဆိုက်ထွက်ရှိမှုများတာကြောင့် ဖြစ်ပါတယ်။ နိုက်ထရစ်အောက်ဆိုက်ကသွေးလွှတ်ကြောတွေ ကျုံ့နိုင်ဆန့်နိုင်စွမ်းကိုတွန်းကန်စေပြီး သွေးခဲဖတ်ဖြစ်နှုန်းနဲ့ သွေးခဲနှုန်းတို့ကိုလျော့ကျစေတာကြောင့် နှလုံးရောဂါထတာနဲ့လေဖြတ်တာတို့ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

နေရောင်ခြည်ထိတွေ့တဲ့အခါ ခန္ဒာကိုယ်က ထွက်ရှိတဲ့ ဗီတာမင်ဒီဟာ နှလုံးကျန်းမာရေး ကောင်းမွန်မှုနဲ့ဆက်စပ်နေပါတယ်။ တစ်နေ့မှာ ၁၅-၃၀ မိနစ်ခန့် နံနက်ခင်းနေခြည်နုနုဖြာကျချိန် အပြင်ထွက်လမ်းလျှောက်ပါ။

(၂) တောထဲ သစ်ပင်ပန်းပင်များဆီ လည်ပတ်ပါ

ဂျပန်လူမျိုးတွေက အနာကျက်ဖို့အတွက်တောထဲက ပန်းခြံတွေဆီ လည်ပတ်လေ့ရှိကြပါတယ်။ လူ ၂၈၀ ဦးကို လေ့လာခဲ့တဲ့ လေ့လာမှုအရအားလပ်ချိန်မှာ သစ်တောတွေဆီ အပန်းဖြေခရီးထွက်ကြသူတွေက စိတ်ဖိစီးမှုဟော်မုန်းကော်တီစောအဆင့် လျော့နည်းပြီး နှလုံးခုန်နှုန်းကျဆင်းကာ သွေးဖိအား လျော့နည်းတယ်လို့သိရပါတယ်။

(၃) သဲသောင်ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်ပါ

မြေပြင်ပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်တာသင့်နှလုံး ပိုကျန်းမာစေမည့်သဘာဝနည်းလမ်းကောင်းများကြောင့် စိတ်ခံစားမှုကောင်းမွန်ပြီး သိုင်းရွိုက်လုပ်ငန်းဆောင်တာကို ကောင်းမွန်စေတယ်လို့ လေ့လာမှုတစ်ရပ်က ဆိုပါတယ်။

(၄) ပန်းခြံထဲ လေ့ကျင့်ခန်းလုပ်ပါ

အပြင်မှာ လေ့ကျင့်ခန်းလုပ်တာက အိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်တာထက် ပိုအကျိုးရှိပါတယ်။ ၂၀၁၁ ဗြိတိန်လေ့လာမှု ၁၁ ခုကို သုံးသပ်ချက်အရ အပြင်မှာ လေ့ကျင့်ခန်းလုပ်သူတွေကအိမ်တွင်းမှာ လေ့ကျင့်ခန်းလုပ်သူတွေထက်စွမ်း အင်ပိုတိုးပြီး ဒေါသ၊ စိတ်တင်းကျပ်မှုနဲ့ စိတ်ဓာတ်ကျဝေဒနာတွေ လျော့ပါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။

သတိပြုရန် ….. လေထုညစ်ညမ်းမှုကိုစောင့်ကြည့်ပါလူအများစုက လေထုညစ်ညမ်းမှုများတဲ့ နေရာတွေမှာနေထိုင်ကြတာဖြစ်တဲ့အတွက် နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ လေထုထဲမှာ အိုဇုန်းအဆင့်ပိုများလေလေ၊ နှလုံးရပ်နိုင်ခြေ အနည်းငယ်မြင့်တက်လေလေဖြစ်တာကြောင့် လေထုအရည်အသွေးအခြေအနေကို အမြဲဆန်းစစ်နေဖို့ လိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top