Healthy Life Ad
Health Tips

ယနေ့ကို လန်းဆန်းစွာ ဖြတ်ကျော်နိုင်စေမည့်နည်းလမ်းကောင်း ငါးသွယ်

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်နေ့တာအတွင်း တစ်မိနစ်လောက်ပေါ့ပါး ပျော်ရွှင်သွားရုံနဲ့ အဲဒီတစ်နေ့တာကို ဖြတ်ကျော်ရတာ နေပျော်သွားပြီဆိုတဲ့ စိတ်ခံစားချက်ကို ဖြစ်ပေါ်စေပါတယ်။ ထိုင်းမှိုင်းပျင်းရိနေချိန်မှာတောင် စိတ်ပေါ့ပါးပြီး ကျေနပ်သာယာသွားစေဖို့ အောက်ပါနည်းလမ်းကောင်းတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

(၁)Selfic ဓာတ်ပုံရိုက်ခြင်း

Selfic ဓာတ်ပုံရိုက်တာနဲ့ အရင်ကပျော်ရွှင်ကြည်နူးခဲ့ဖူးတဲ့ ဓာတ်ပုံအဟောင်းတွေကို ပြန်ကြည့်တာကြောင့် ပိုမိုပျော်ရွှင်စေပြီး စိတ်ခံစားမှုကို ကောင်းမွန်မြင့်တက်လာစေပါတယ်။ ဒါ့အပြင် သင်ပျော်ရွှင်ရယ်မောနေတဲ့ ဓာတ်ပုံတစ်ပုံကို သင့်ကွန်ပျူတာ မျက်နှာပြင်မှာ ထားရှိတာကြောင့်အလုပ်လုပ်ရတဲ့အခါ ပိုပြီးစွမ်းအင်ရှိစေပါ တယ်။

(၂) ပြုံးရယ်ပါ

ပြုံးရယ်တာက စိတ်ခံစားမှု ပြဿနာတွေအတွက် အကောင်းဆုံး ဆေးတစ်လက်ပါ။ လေ့လာမှုအရ အူလှိုက်သည်းလှိုက်ရယ်မောတာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ရရှိစေနိုင်တယ်လို့သိရပါတယ်။ ရယ်မောတာက စိတ်ခံစားမှုကို မြင့်တက်စေပြီး သွေးတိုးကျစေကာသွေးတွင်းမကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။ ဒါ့အပြင်ကိုယ်ခံအားစနစ်ကိုမြင့်တက်စေပါတယ်။

(၃) လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်းလုပ်တာကြောင့် အင်ဒေါ်ဖင်ဓာတ်တွေထွက်ရှိလာပြီး စိတ်ခံစားမှုကောင်းမွန်စေပါတယ်။ ဒါကြောင့် တစ်နေ့တာလုံး တောက်ပအသက်ဝင်စေပါတယ်။ လေ့လာမှုတွေအရ လေ့ကျင့်ခန်းလုပ်တာကြောင့် ပူပင်သောကနှင့်စိတ်ဓါတ်ကျတာတို့ကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၄) နံနက်ခင်း နေခြည်နုနုခံယူပါ

နေရောင်ခြည်ထဲမှာ အချိန်နည်းနည်းပေးပါ ဒါမှမဟုတ် အလင်းရောင်ကောင်းကောင်းရတဲ့ ပြတင်းပေါက်ဘေးမှာ မိနစ်အနည်းငယ် မတ်တပ်ရပ်ပေးပါ။ဒါဆိုရင် ဗီတာမင်ဒီကို ပိုမိုရရှိလာစေပါတယ်။ နေခြည်နုနုဟာ ကိုယ်တွင်းစနစ်ကိုအားကောင်းစေရုံသာမက အထွေထွေစိတ်ခံစားမှုကိုလည်း မြင့်တက်လာစေပါတယ်။

(၅) တေးသီချင်း နားဆင်ပါ

တေးသီချင်းဟာ သင့်ကို ပြုံးပျော်ချင်စိတ်ဖြစ်လာအောင်၊ စိတ်လှုပ်ရှားပြီးကခုန်လိုစိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ရွှင်မြူးတက်ကြွစေမယ့်အကြိုက်ဆုံးတေးသီချင်းကို စက္ကန့်ပိုင်းအတွင်း နားဆင်လိုက်တာကြောင့် ရွှင်မြူးလာပါလိမ့်မယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top