Healthy Life Ad
Life Style

ဆွဲဆောင်မှုရှိရှိ လန်းဆန်းလှပနေစေမည့်ကမ္ဘာတစ်ဝန်းက အလှအပရေးရာ အဖြာဖြာ

၊ ငွေကြယ်စင်ယံ ၊

ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပနည်းလမ်းတွေကို အောက်ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

– အရွယ်မရွေး ငယ်နုနေစေမည့် သြစတြေးလျနိုင်ငံ၏နည်းလမ်း

သင့်လက်တွေနဲ့လည်ပင်းကိုပါ အမြဲတမ်းနေကာခရင်မ်လိမ်းပေးပါ လို့ သြစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ လက်နဲ့လည်ပင်းဟာ အိုမင်းမှုကို အမြန်ဆုံး ပြသနိုင်တာကြောင့်မျက်နှာလိုပဲအရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ် နုပျိုတဲ့အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့လည်ပင်းအရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ် လို့သူက
ရှင်းပြပါတယ်။

– လက်သည်၊ ခြေသည်း ကျန်းမာလှပ စေမည့်ပြင်သစ်နိုင်ငံ၏ နည်းလမ်း

ပြင်သစ်အမျိုးသမီးတွေ ပြုလုပ်နေကြ နည်းပါ။ လက်သည်း၊ ခြေသည်းနဲ့ ဆံကေသာကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ဒိန်ချဉ်၊ အခွံမာသီး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေကို စားလေ့ရှိတာပဲ ဖြစ်ပါတယ်လို့ နိုင်ငံတကာသဘာဝအရင်းအမြစ်ကုမ္ပဏီမှ ဘဲလ်ဂျန်စကိက ဆိုပါတယ်။

– ခြောက်သွေ့နေသော လက်အရေပြား စိုပြည်လှပစေမည့် ဂရိနိုင်ငံ၏ နည်းလမ်း

လက်အရေပြားတွေ ကြမ်းတမ်းနေရင် သံပရာခွံ၊ ရှောက်ခွံနဲ့ ပွတ်တိုက်ပေးဖို့ အဘွားက သင်ကြားပေးခဲ့တယ် လို့ ဂရိအရေပြားအထူးကု မာခရိက ဆိုပါတယ်။ ဒီလိုပွတ်တိုက်ပေးတဲ့အခါ ညင်ညင်သာသာ ပွတ်တိုက်ပေးမယ်ဆိုရင် အနာကျက် မြန်စေပါတယ်၊ လက်အရေပြားလည်း စိုပြည်နေစေပါတယ်။

– အသားအရေ သန့်ရှင်းစင်ကြယ်နေစေမည့် အမေရိကန်နိုင်ငံ၏ နည်းလမ်း

မျက်နှာပေါ်က မိတ်ကပ်၊ မျက်ဝန်းမိတ်ကပ်တွေ သန့်ရှင်းစင်ကြယ်နေစေဖို့ အမျိုးအစားကောင်းတဲ့ သန့်စင်ပစ္စည်းသုံးပြီး နှိပ်နယ်ကာ သန့်စင်ပေးပါ။ညဘက် အိပ်ရာ မဝင်ခင်မှာ ဒီနည်းကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ် လို့ အမေရိကန်အခြေစိုက်အလှအပကျွမ်းကျင်သူ နစ်ကီက ရှင်းပြပါတယ်။

– အမြဲလန်းဆန်းကြည့်ကောင်းနေစေမည့် ပြင်သစ်နိုင်ငံ၏ နည်းလမ်း

နှုတ်ခမ်းဆိုးဆေးတောင့်ကို အမြဲတမ်းသုံးပါ။ပြင်သစ်အမျိုးသမီးတွေက နှုတ်ခမ်းဆိုးဆေးအဆီ(Lip Gloss) အများကြီးမဆိုးဘဲ အနီရောင်နှုတ်ခမ်း ဆိုးဆေးတောင့်ကိုပဲ ဆိုးလေ့ရှိပါတယ်။နှုတ်ခမ်းနီ မဆိုးဘဲ အပြင်ကို ထွက်လေ့မရှိပါဘူး လို့ပြင်သစ် မိတ်ကပ်ပညာရှင် တယ်ရီက ရှင်းပြပါတယ်။နောက်တစ်နည်းက နံနက်ခင်းမှာ ပန်းရနံ့ပါတဲ့ ရေ ဒါမှမဟုတ် စပရေးဖျန်းပေးတာက အသားအရေကို လန်းဆန်းသွားစေတဲ့ နည်းပါ။ ဒါကြောင့်တစ်နေ့တာအတွင်း အသားအရေလန်းဆန်းမှုကိုအားဖြည့်တဲ့အနေနဲ့ လုပ်ငန်းခွင်အံဆွဲထဲ စပရေးဘူးကိုထည့်ထားနိုင်ပါတယ် လို့ ပြင်သစ်အမျိုးသမီးတွေလုပ်လေ့ရှိတဲ့နည်းကို ဘယ်လ်ဂျန်စကီက ဆိုပါတယ်။

– မျက်နှာအဆီပြန်ခြင်း ကင်းစေမည့် အိန္ဒိယနိုင်ငံ၏နည်းလမ်း

ပေါင်းတင်တယ်ဆိုတာ အိန္ဒိယရိုးရာ နည်းလမ်းတစ်ရပ်ပါ လို့ အိန္ဒိယအလှအပရေးရာ ပညာရှင်ရစ်ချားက ဆိုပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက် စန္ဒကူးပေါင်ဒါမှုန့် ထမင်းစားဇွန်း တစ်ဇွန်း၊နနွင်းမှုန့်တစ်တို့စာနဲ့ လိမ္မော်ရည် ထမင်းစားဇွန်းအနည်းငယ်တို့ရောပြီး မျက်နှာနဲ့ လည်ပင်းအရေပြားကိုလိမ်းကာ ခြောက်သွေ့အောင် ထားပြီးမှ ရေအေးနဲ့ဆေးကြောပေးလိုက်ပါ။ ပုံမှန်အသားအရေရှိရင်လိမ္မော်ရည်အစား နှင်းဆီပွင့်ဖတ်တွေ ထည့်ထားတဲ့ရေကိုသုံးပါ။

– ဆွဲဆောင်မှုရှိသော မျက်ဝန်းအလှ ရရှိစေမည့် အာဖဂန်နိုင်ငံ၏ နည်းလမ်း

အာဖဂန်အမျိုးသမီးတွေမှာ လှပတဲ့ မျက်ဝန်းတွေရှိကြပါတယ်။ ရိုးရာနည်းအရ အမည်းရောင် ကာချယ်ကွင်းထားတဲ့ မျက်ဝန်းဟာ ဆွဲဆောင်မှုရှိပါတယ် လို့ အာဖဂန်မှာ မွေးတဲ့ မာတင်ကဆိုပါတယ်။

– ဖောင်ဒေးရှင်းမိတ်ကပ် ပြေပြစ်လှပစေမည့် အာဖဂန်နိုင်ငံ၏ နည်းလမ်း

ကျွန်မအဘွားက မျက်နှာအသားအရေနဲ့ဖောင်ဒေးရှင်း မိတ်ကပ်တစ်သားတည်း ဖြစ်နေစေဖို့ Nivea ခရင်မ်နည်းနည်းနဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကို ရောမွှေပြီး လိမ်းလေ့ရှိပါတ
ယ်။ ဒါက တောက်ပစေတဲ့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းတာထက် ပိုကြည့်ကောင်းပါတယ် လို့ အာဖဂန်အလှအပရေးရာကျွမ်းကျင်သူ မော်လာက ဆိုပါတယ်။

– ပျော့ပျောင်း ကြွပ်ဆတ်နေသော လက်သည်းများချက်ချင်း အားကောင်းသန်စေမည့် ကိုလံဘီယာနိုင်ငံ၏ နည်းလမ်း

လက်သည်းနီဆိုးတဲ့အခါသုံးတဲ့ Base Coat ပုလင်းထဲ ကြက်သွန်ဖြူကို ကြိတ်ချေပြီး ထည့်ပေးပါ။အဲဒီ Base Coat ကို ဆိုးပေးတာက လက်သည်းတွေကို ကျန်းမာအားကောင်းစေတဲ့နည်း ဖြစ်ပါတယ်လို့ ကိုလံဘီယာ အလှပညာရှင် ဟာပါက ဆိုပါတယ်။

– လှပကြည့်ကောင်းသော ဆံပင်သား ရရှိစေမည့် အိန္ဒိယနိုင်ငံ၏ နည်းလမ်း

အိန္ဒိယအမျိုးသမီးတွေက ဆံပင်သားလှပကြပါတယ်။ ဆံပင်ကို ဆီလိမ်းတဲ့အခါမှာ နှိပ်နယ်ပေးတာက အဓိက ကျပါတယ်။ တစ်ပတ်တစ်ကြိမ်ဆံပင်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ လိမ်းတဲ့အခါ အချိန်ငါးမိနစ်လောက် နှိပ်နယ်လေ့ရှိပါတယ်။နှိပ်ပြီး ၁၀ မိနစ်ကြာမှ ခေါင်းလျှော်ပါတယ်။ ဒီနည်းကြောင့် အိန္ဒိယအမျိုးသမီးတွေ ဆံပင်သား လှပကြတာပါ လို့ ပူအိုဟစ်က ဆိုပါတယ်။

– ဆံပင်ရှည်ထွက်နှုန်းမြန်စေမည့် အိန္ဒိယနိုင်ငံ၏ နည်းလမ်း

အုန်းနို့ဟာ ဆံပင်သားကို အရှည် မြန်စေတဲ့အပြင် ထူထဲလှပစေပါတယ်။ အုန်းနို့ကို ဦးရေပြားပေါ်မှာ ပွတ်တိုက်လိမ်းပေးပြီး တစ်နာရီကြာမှ ရေနဲ့ဆေးကြောသန့်စင်ပေးရမှာ ဖြစ်ပါတယ် လို့ အိန္ဒိယအရေပြားကျွမ်းကျင်သူ ပရာတီမားက ဆိုပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top