Healthy Life Ad
Life Style

အဆိုးမြင်ဖို့ဆိုတာ . . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကျွန်မ ဘွဲ့ရတော့ အလုပ်လုပ်ရင်း ကွန်ပျူတာ ဒီပလိုမာသင်တန်းတစ်ခုတက်ဖြစ်ပါတယ်။အဲဒီသင်တန်းမှာ ထူးခြားတာက ဆရာတွေအသင်အပြကောင်းသလောက် ကွန်ပျူတာတွေက အတော့်ကို မကောင်းတာပါ။

စာတွေ့အပြင် လက်တွေ့သင်ရတဲ့အတွက် ကွန်ပျူတာတွေ မကောင်းတော့ ကျောင်းသား၊ ကျောင်းသူတွေလည်း စိတ်ညစ်ကြတာပေါ့ . . ပါးစပ်ကလည်း ညည်းညူသူညညး်ညူပေေါ့ လ၊ ဒါပေမ ဲ့ဆရာတေ၊ွ ဆရာမတွေက သူတို့အလုပ်(အလုပ်ရှင်)အပေါ် တစ်စက်ကလေးမှ မညည်းညူကြပါဘူး။

မကောင်းရင် ပြင်တတ်တဲ့သူတွေပြင်သုံး … ဆိုပြီး သူတို့ကလည်း အပြုံးမပျက်စက်တွေ ပြင်ကြတယ်၊ ဆရာတွေပြင်တော့ ကျောင်းသားတွေလည်း ပါးစပ်ပိတ်ပြီး ကွန်ပျူတာ ပြင်တတ်သူတွေလိုက်ပြင် သုံးကြတာပေါ့လေ . .အဲဒီတစ်နှစ်တာလုံးထူးထူးခြားခြား သတိထားမိတာတစ်ခုက ဆရာတွေက သူတို့ သင်တန်းနဲ့ပတ်သက်ပြီး တစ်ခုမှ အဆိုးမြင်စကား မဆိုတာပါပဲ။ ကျောင်းသားတွေပြောလာရင်တောင် ရယ်ရယ်မောမောနဲ့ စကားလွှဲသွားတတ်ပြီး သူတို့ သင်စရာရှိတာကိုသာ စေတနာပါပါသင်သွားကြတယ်။
_ _ _

မနေ့ကတော့ အဲဒီသင်တန်းက ရာထူးကြီးတဲ့ဆရာနဲ့ ကန်တင်းတစ်ခုမှာ မမျှော်လင့်ဘဲ ပြန်ဆုံပါတယ်။ ဆရာက သူ အလုပ်ပြောင်းသွားပြီဆိုတော့ကျွန်မအံ့သြမိပါတယ်။ ဆရာက သူ့အလုပ်ကိုချစ်ပြီး အမြဲတက်ကြွနေလွန်းလို့ ရှယ်ယာပါတယ်ဒါမှမဟုတ် ရှယ်ယာခွဲဝေရတယ်လို့တောင် ကျွန်မထင်နေခဲ့တာပါ။

ဆရာက အမြဲအကောင်းမြင်စိတ်နဲ့ အလုပ်လုပ်ခဲ့တာဆိုတော့ ကျွန်မက အမြဲ လုပ်မယ်တောင်ထင်နေတာ . .လို့ဆိုတော့ – အဆိုးမြင်ဖို့ဆိုတာ အချိန်ပိုတွေရှိမှ သမီးရဲ့ . . အကောင်းဆုံးလုပ်တယ်၊ ကိုယ်လုပ်တဲ့အလုပ်ကို ချစ်မြတ်နိုးတယ်၊ ပညာနဲ့ ထိုက်တန်တဲ့ တန်ရာတန်ကြေးတောင်းတယ်၊ နောက်ဆုံးအဆင်မပြေတော့လည်း အဲဒီအလုပ်ကထွက်ပြီး ကိုယ်တကယ် ချစ်မြတ်နိုးတဲ့အလုပ်တစ်ခုကို ပြန်စလိုက်တာပါပဲ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top