Healthy Life Ad
Health Tips

သင့်သူငယ်ချင်းများထက် ပိုမိုနုပျိုလှပနေစေမည့် အသားအရေ ထိန်းနည်း ၁၀

၊ လရိပ်မေ ၊

အရေပြားကျန်းမာရေးဟာ ခန္ဓာကိုယ်အတွက်ကျနး် မာရေးနဲ့ ညီညွတ်စွာနေထိုင် မှု ရှိ ၊ မရှိ ဆိုတဲ့အချက်အပေါ်မှာ အများကြီး မူတည်နေပါတယ်။သင်က အသားအရေနဲ့ ကျန်းမာရေးကိုကောင်းစွာထိန်းသိမ်းမှုရှိတယ်ဆိုရင် သင့်ရွယ်တူ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း သင်က အမြဲ ပိုမိုနုပျိုကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

(၁) မိတ်ကပ်များနှင့် ဘယ်သောအခါမှ မအိပ်သင့်ပါ

မိတ်ကပ်လိမ်းခြယ်ထားတဲ့ မျက်နှာကို သန့်စင်ဆေးကြောတာမျိုး မလုပ်ဘဲ အိပ်စက်တာက အဖုအပိမ့်ပေါက်တာနဲ့ နီမြန်းတာတွေကို ဖြစ်စေပြီး အချိန်ကြာလာတဲ့အခါမှာ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ မိတ်ကပ်အကြွင်းအကျန်တွေကြောင့် ချွေးပေါက်ပိတ်တာ၊ အရေပြားရောင်ရမ်းတာနဲ့ အရေပြားထိခိုက်ပျက်စီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒကြောင့် ညအိပ်ရာမဝင်ခင်မှာ အရေပြားကို နူးညံ့တဲ့ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပေးပါ။

(၂) တာရှည်ခံအောင် ပြုပြင်ထားသော အစာများကိုလျှော့စားပါ

တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေက သကြား၊ ဆား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီနဲ့ ပြုပြင်ထားတဲ့ ကောက်နှံစာတွေနဲ့ပြည့်နေပါတယ်။ ဒီအရာတွေကို စားသုံးလိုက်လို့ ခန္ဓာကိုယ်ထဲရောက်သွားချိန်မှာ အရေပြားရဲ့ ကျန်းမာရေးကို ကောင်းကျိုးမပေးနိုင်ပါဘူး။ ပြုပြင်ထားတဲ့ အစာတွေ စားမယ့်အစား သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတွေကို စားပေးမသာ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နဲ့ တခြား မရှိမဖြစ်အာဟာရဓာတ်တွေ ရရှိပြီး အသားအရေနဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေပါတယ်။

(၃) ကောင်းသော အဆီကို စားပါ

အိုမီဂါသရီးဖက်တီးအက်စစ်ဆိုတဲ့ အဆီကတော့ ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပေးစွမ်းနိုင်တာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။ ငါးနဲ့ ငါးအဆီပါဝင်တဲ့ အစာတွေကို စားတာကအသားအရေကို ကျန်းမာလှပစေပါတယ်။ သံလွင်ဆီကလည်း ကောင်းတဲ့ အဆီဖြစ်တာကြောင့်ဟင်းလျာတွေကို ချက်ပြုတ်တဲ့အခါမှာ ထည့်သုံးသင့်ပါတယ်။

(၄) ဆော်ဒါအချိုရည်နှင့် အခြားအချိုရည်များကိုရှောင်ပါ

ဆော်ဒါနဲ့ တခြားအချိုရည်တွေမှာ ကယ်လိုရီပါဝင်မှုများတာကြောင့် ကိုယ်အလေးချိန်များစေနိုင်သလို အရေပြားကိုပါ နွမ်းနယ်စေပါတယ်။ ရေကို အလုံအလောက်သောက်ပြီး ရေဓာတ်ပြည့်ဝအောင် နေတာက အသားအရေကို ကျန်းမာလှပစေပါတယ်။

(၅) အလှကုန်ပစ္စည်းများအတွက် ငွေများစွာ မဖြုန်းပါ

နုပျိုလှပဖို့အတွက်ဈေးကွက်ထဲမှာ အသားအရေထိန်းပစ္စည်းတွေ မျိုးစုံရှိနေပါတယ်။ ဈေးကြီးတိုင်း ကောင်းတယ်ထင်ပြီး အများကြီး လျှောက်မဝယ်ပါနဲ့။ သင့်အသားအရေအမျိုးအစားကို ကျွမ်းကျင် သူနဲ့ စမ်းသပ်စစ်ဆေးပြီး သင့်အသားအရေအမျိုး အစားနဲ့သင့်တော်တဲ့ အသားအရေထိန်းပစ္စည်းကို သာရွေးဝယ်ပါ။

(၆) ဘယ်သောအခါမှ နေပူဆာမလှုံ့သင့်ပါ

ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် အရေပြားကင်ဆာနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုတို့ကို ဖြစ်စေနိုင်ပါတယ။် ဒါကြောင့် နေရောငြ်ခည်ဒဏ်ကို အလွန်အမင်း မခံယူပါနဲ့။ အပြင်သွားတိုင်းနေကာခရင်မ်ကို လိမ်းပြီးမှ အပြင်သွားပါ။တစ်နှစ်မှာတစ်ကြိမ် ဦးခေါင်းမှ ခြေဖျားအထိ အရေပြားကို စမ်းသပ်စစ်ဆေးပါ။

(၇) ဝက်ခြံနှင့် မျက်နှာပေါ်က အပြစ်အနာအဆာများကို လက်ဖြင့် မထိရပါ

မျက်နှာပေါ်က အဖုတွေကို လက်နဲ့ ပွတ်သပ်ထိတွေ့တာကောင့် အဖုအပိမ့်တွေကို ပိုဆိုးစေပြီးအနာကျက်သွားချိန်မှာ အမာရွတ် ထင်ကျန်စေပါတယ်။ ဒါကြောင့် မျက်နှာပေါ်မှာ ဝက်ခြံနဲ့အဖုအပိမ့် တွေရှိနေရင် အရေပြားအထူးကု ဆရာဝန်ညွှန်ကြားတဲ့ ဝက်ခြံပျောက်ဆေးကို သုံးသင့်ပါတယ်။

(၈) ရေအမြန်ချိုးပြီးပြီးချင်း အစိုဓာတ်ထိန်းပါ

ရေကို အချိန်အကြာကြီးချိုးတာနဲ့ ရေပူနဲ့ ချိုးတာတွေဟာ အရေပြားကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ ဒါကြောင့် အချိန်တိုတိုအတွင်း ရေချိုးပြီးအစိုဓာတ် ရှိနေအောင် အစိုဓာတ်ထိန်းခရင်မ်ကိုလိမ်းပေးသင့်ပါတယ်။

(၉) ကိုယ်အလေးချိန်ကို အမြဲထိန်းပါ

အရေပြားက ကျုံ့နိုင်၊ ဆန့်နိုင်စွမ်း ရှိပါတယ်။ဒါပေမဲ့ ကိုယ်အလေးချိန်က အလွန်အမင်းမြင့်တက်သွားချိန်မှာ အရေပြားကို ဆွဲဆန့်လိုက်သလို ဖြစ်စေတာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်ကျန်ခဲ့တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင်ဗိုက်ပူလာတာကြောင့် အကြောပြတ်ရာအဖြစ်များပါတယ်။ အလားတူ ကိုယ်အလေးချိန် မကြာခဏမြင့်တက်တာနဲ့ ရုတ်တရက် ပြန်ကျတာတွေကြောင့် မျက် နှာအရေပြားရဲ့တင်းအားလျော့ကျပြီး အိုမင်းတယ် လို့ထင်ရစေပါတယ်။

(၁၀) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါ

ကိုယ့်ကိုယ်ကိုယ် လှတယ်ဆိုတဲ့ ယုံကြည်မှုကိုထားရှိပေးပါ။ ယုံကြည်မှုကြောင့် သင့်အလှက ပတောက်ပနေပါလိမ့်မယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top