Healthy Life Ad
International

ပင်မဆဲလ်ကုထုံးကြောင့် ဘီးတပ်ကုလားထိုင်နဲ့ နေထိုင်ခဲ့ရသူ လမ်းလျှောက်နိုင်လာ

မိုးမင်းထွန်း
ဗြိတိန်နိုင်ငံမှ အဲရစ်တွန်မဆင်ဟာ လွန်ခဲ့တဲ့ လေးနှစ်က ဦးနှောက်နဲ့ အာရုံကြောမကြီးရဲ့ အခွံလွှာပျက်စီးတဲ့ရောဂါ ( Multiple sclerosis (MS) ) ဖြစ်ပွားခဲ့တာကြောင့် ညာဘက်လက်နဲ့ ခြေထောက်တွေကို အသုံးမပြုနိုင်တော့ပါဘူး။ MS ရောဂါက ဗဟိုအာရုံကြောစနစ်မှာဖြစ်ပွားပြီး အာရုံကြော အမျှင်တွေရဲ့အကာ ပျက်စီးတာကြောင့် ရောဂါလက္ခဏာတွေ ပြသလေ့ရှိပါတယ်။

တွန်မဆင်က ရောဂါကြောင့် ကိုယ်လက်သန့်စင်တာ၊ လက်ဖက်ရည်တစ်ခွက်သောက်တာနဲ့ အစာစားတာတို့ကိုတောင်သူ့ဘာသာ မလုပ်နိုင်တော့ပါဘူး။ ဗြိတိန်မှာ ကုထုံးမရှိတာကြောင့် မိသားစုက စတာလင်ပေါင် ၄၀ဝ၀ဝ စုဆောင်းခဲ့ပြီး မက္ကဆီကိုနိုင်ငံမှ ပင်မဆဲလ်ကုထုံး ပြုလုပ်တဲ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ ကုထုံးကြောင့် ရောဂါတိုးတက်မှု လျော့ကျမယ်လို့သာ မျှော်လင့်ခဲ့ပေမယ့် ကုသမှုခံယူပြီး ရက်အနည်းငယ်အကြာမှာ တွန်မဆင်ဟာ လမ်းထလျှောက်နိုင်ခဲ့ပါတယ်။

သူက Hematopoietic Stem Cell Trans­plantation (HSCT) ဆိုတဲ့ ပင်မဆဲလ်ကုထုံးတစ်ခု အကြောင်း အင်တာနက်မှာတွေ့ရှိခဲ့ပြီး ကုသဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပင်မဆဲလ်တွေက ခန္ဓာကိုယ်ထဲမှ တခြားဆဲလ်တွေနဲ့ ခြားနားပြီး အလုပ်တစ်ခုလုပ်ဆောင်ဖို့ ရှိနေကြတာမဟုတ်ပါဘူး။ သူတို့က တခြား မတူညီတဲ့ဆဲလ်အမျိုးအစားတွေ ဖွံ့ဖြိုးအောင်ပြုလုပ်ပေးနိုင်တဲ့ စွမ်းရည်ရှိကြပါတယ်။ ခန္ဓာကိုယ်အတွင်း ပိုင်း ပြန်လည်ပြုပြင်ပေးတဲ့ ယန္တရားမှာ ပါဝင်ဆောင် ရွက်နိုင်ကြပါတယ်။

HSCT ကုထုံးအရ သွေးမှ ပင်မဆဲလ်တွေ စုဆောင်းထားပြီး ဆေးသွင်းကုသမှုနဲ့ ခန္ဓာကိုယ်ခုခံ အားစနစ်မှ အန္တရာယ်ရှိဆဲလ်တွေ ဖယ်ရှားပြီးနောက် ပင်မဆဲလ်တွေကို ခန္ဓာကိုယ်ထဲ ပြန်လည်ထည့်သွင်းပြီး ပြုပြင်ပေးတဲ့ကုထုံးဖြစ်ပါတယ်။ သွန်မဆင်က အခုအခါမှာ သူလိုရောဂါခံစားနေရသူတွေကိုပင် မဆဲလ်ကုထုံးခံယူနိုင်ဖို့ အကူအညီပေးနေပါတယ်။ ဗြိတိန် MS ရောဂါအဖွဲ့ရဲ့ ဥက္ကဌ ဒေါက်တာ ဆော်ရယ်ဘစ်ကလေက HSCT ကုထုံးကြောင့် သွန်မဆင်ရဲ့ရောဂါသက်သာလာတာ ထင်ရှားပါတယ်။ HSCT ကုထုံးမှာလည်း အဆိုးအကောင်းရှိတာကြောင့် ကုထုံးမပြုလုပ်ခင် အာရုံကြောအထူးကု ဆရာဝန်နဲ့ တိုင်ပင်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
Ref; DM

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top