Healthy Life Ad
Health Tips

တစ်နာရီ လမ်းလျှောက်ခြင်းက အထိုင်များခြင်း၏ ဆိုးကျိုးကို ချေဖျက်ပေးနိုင်

၊ မိုးမင်းထွန်း ၊ (Ref; BBC)

နေ့စဉ် ၁နာရီကြာ ကိုယ်လက်လှုပ်ရှားတာကအထိုင်များတဲ့ အလုပ်ကြောင့် စောစော အသက်ဆုံးရှုံးနိုင်တဲ့  အန္တရာယ်မှ ကာကွယ်ပေးနိုင်တယ်လို့သိပ္ပံ ပညာရှင်တွေက အကြံပြုလိုက်ပါတယ်။သုတေသီတွေက လူတစ်သန်းကျော်ရဲ့ အချက်အလက်တွေကို ဝေဖန်ဆန်းစစ်ခဲ့ကြတာပါ။တီဗီကြည့်တာက တီဗီကြည့်ရင်း သရေစာစားတာနဲ့ဆက်စပ်နေတာကြောင့် အထိုင်များတာထက်ပိုမိုအန္တရာယ်ပေးနိုင်ကြောင်းလည်းသိရပါတယ်။

လှုပ်ရှားမှုနည်းတာက နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရောဂါတချို့ကို ဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် တစ်နှစ် သေဆုံးတဲ့ လူ ၅ ဒသမ၁ သန်းနဲ့ နှိုင်းယှဉ်ရင် အထိုင်များတာနဲ့ ဆက်စပ်တဲ့ သေဆုံးမှုက ၅ ဒသမ ၃ သန်းတောင်ရှိနေပါတယ်။သုတေသီတွေက တစ်နေ့ ၅မိနစ်အောက်ကိုယ်လက်လှုပ်ရှားတဲ့ အဖွဲ့နဲ့ တစ်နေ့ မိနစ် ၆၀ ကနေ ၇၅မိနစ်အထိ လှုပ်ရှားတဲ့အဖွဲ့ဆိုပြီး ခွဲခြားလိုက်ပါတယ်။ နောက်ထပ်၂နှစ်နဲ့ ၁၄နှစ်အကြားမှာ လူဘယ်လောက် သေဆုံးသွားသလဲဆိုတာ စူးစမ်းခဲ့ကြပါတယ်။

တစ်နေ့ ၈နာရီထိုင်အလုပ်လုပ်ရပေမယ့်ကိုယ်လက်လှုပ်ရှားမှုရှိသူတွေက တစ်နေ့နာရီနည်းနည်းသာထိုင်ရပြီး ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေထက် အရွယ်မတိုင်ခင် သေဆုံးမှုနှုန်း လျော့နည်းတာတွေ့ရှိရပါတယ်။ အချိန်ကြာကြာထိုင်ရပြီး ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေက အန္တရာယ်အရှိဆုံးဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။ဒီနေ့ခေတ်အလုပ်တွေက အချိန်အများကြီးထိုင်ရ တာများပါတယ်။

တစ်နေ့တစ်နာရီကြာ လေ့ကျင့်ခန်းလုပ်တာက လူတိုင်းအတွက် အကောင်းဆုံးပဲလို့ ဦးဆောင်သုတေသီ ကိန်းဘရစ်ချ်တက္ကသိုလ်ပါမောက္ခအာဖ့်အက်ကီလွန်းက  ပြောပါတယ။် အထိုင်များသူတွေအနေနဲ့ နေ့လည်စာ စားချိန်လမ်းလျှောက်တာ၊ တစ်နာရီထိုင်ပြီးတိုင်း ၅မိနစ်လမ်းလျှောက်တာ၊မနက်စောစောပြေးတာနဲ့ အလုပ်သို့စက်ဘီးစီးသွားတာတို့လို ကိုယ်လက်လှုပ်ရှားမှုတွေကို နေ့စဉ်လုပ်သင့်ကြောင်း သုတေသီတွေက တိုက်တွန်းပါတယ်။

Most Popular

Healthy Life Ad
To Top