Healthy Life Ad
Q & A

ဘယ်လိုအတိုင်းအတာဆိုရင် သွေးတိုးရှိတယ်လို့ ဆိုနိုင်ပါသလဲ . . .

—–၊ ပါမောက္ခဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ၊—–

Q. သွေးပေါင်က ဆေးခန်းမှာတိုင်းတာနဲ့ အိမ်မှာတိုင်းတာ အပြောင်းအလဲရှိတော့ ဘယ်လိုအတိုင်းအတာဆိုရင် သွေးတိုးရှိတယ်လို့ ဆိုနိုင်ပါသလဲဆရာ။

A. သွေးတိုးတယ်ဆိုတာ သွေးပေါင်က ၁၄၀/ ၉၀ mmHg နဲ့ အထက်ရှိရင် သွေးတိုးတယ်လို့ ခေါ်ပါတယ်။ အဲဒီမှာတောင် ဆေးရုံ၊ ဆေးခန်းမှာချိန်တဲ့ သွေးဖိအားနဲ့ အိမ်မှာချိန်တဲ့ သွေးဖိအားက မတူပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာ ချိန်လို့ ၁၄၀/ ၉၀ mmHg ကျော်ရင် သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အိမ်မှာချိန်တယ်ဆိုရင်တော့ ၁၃၅/ ၈၅ mmHg ကျော်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ အနည်းဆုံး သုံးခါချိန်ကြည့်လို့ တကယ်တက်မှ သွေးတိုးတယ်လို့ သတ်မှတ်ပါတယ်။ သွေးပေါင်ကျတယ်ဆိုတာကလည်း ယေဘုယျအားဖြင့် ၉၀/ ၆၀ mmHg အောက်လျော့ရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ပါတယ်။ အဲဒီကြားပမာဏကိုတော့ သွေးဖိအားပုံမှန်လို့ သတ်မှတ်ပါတယ်။

Most Popular

Healthy Life Ad
To Top