Healthy Life Ad
Health Tips

သင့်မိခင်ဆီက လက်ဆင့်ကမ်းရယူသင့်သည့် အသားအရေလှပမှု နည်းလမ်းကောင်းများ

မီမိုး (ဆေးဝါးတက္ကသိုလ် )

အမေတွေက သားသမီးရဲ့ အလှတရားနဲ့ ပတ်သက်ပြီး အကောင်း၊ အဆိုးတွေကို သိနားလည်ကြပါတယ်။ သင့်မိခင်ဟာ သင်ငယ်စဉ်ကလေးဘဝကတည်းက သင့်မျက်နှာပေါ်မှာ အရေးကြောင်းတွေ ကင်းစင်စေဖို့ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးလေ့ရှိသူဖြစ်သလို အရွယ်ရောက်လာချိန်မှာ သင့်အတွက် သင့်တော်ကောင်းမွန်တဲ့ မိတ်ကပ်နဲ့အသုံးအဆောင်တွေကို သိနားလည်သူလည်း ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းတွေက မိခင်တွေ ပြုလုပ်လေ့ရှိတဲ့ အသားအရေနည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

ဖောင်ဒေးရှင်းခရင်မ်ကို ရေမြှုပ်ဖြင့် လိမ်းပါ
ဖောင်ဒေးရှင်းခရင်မ်လိမ်းတဲ့အခါ တို့ဖတ်ပဝါနဲ့ သုတ်လိမ်းတာမျိုး မလုပ်ပါနဲ့။ ရေမြှုပ် ဒါမှမဟုတ် ဘရပ်ရှ်သုံးပြီး ဖောင်ဒေးရှင်းခရင်မ်လိမ်းသင့်ပါတယ်။

မျက်စိကို လက်ဖြင့် မပွတ်သပ်ရ
မျက်စိကို လက်နဲ့ ပွတ်သပ်ဖန် များလေလေ၊ မျက်ဝန်းတစ်ဝိုက် အရေပြား ပိုမို အရောင်ရင့်နိုင်ခြေ များလေလေ ဖြစ်တတ်ပါတယ်။ မျက်စိကို လက်နဲ့ ပွတ်သပ်တာကြောင့် မျက်ဝန်းတစ်ဝိုက် အရေပြားကို ရောင်ရမ်းစေပြီး ရောင်ခြယ်ပစ္စည်းအထွက်များကာ မျက်ကွင်းညိုစေနိုင်ပါတယ်။

Conccoa Butter ကို သုံးပါ

Conccoa Butter ဟာ အသားအရောင်ကို ညီမျှစေပြီး အသားအရေကို ပိုးသားလိုမျိုး နူးညံ့စေပါတယ်။

ခြောက်သွေ့သော အသားအရေကို ကြက်ဆူဆီ ဖြင့် တွန်းလှန်ပါ
အသားအရေ ခြောက်သွေ့တာနဲ့ နှင်းခူလို ဖြစ်တာတွေ သက်သာစေဖို့ ကြက်ဆူဆီ ဒါမှမဟုတ် သံလွင်ဆီခတ်ထားတဲ့ ရေကို ချိုးပါ။

ဆံပင်နှင့် လက်သည်း၊ ခြေသည်းကို အစိုဓာတ်ထိန်းပါ
ဆံပင်၊ လက်သည်း၊ ခြေသည်းနဲ့ အရေပြားတွေကို ရွှေဖရုံစေ့ဆီ သုတ်လိမ်းပေးရင် အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။

သဘာဝကျပါစေ
သဘာဝကျကျကြည့်ကောင်းစေဖို့ ဖောင်ဒေးရှင်းခရင်မ်ကို ခပ်ပါးပါးပဲ လိမ်းပါ။ အရင်ဆုံး ရေမြှုပ်ကို ရေဆွတ်ပြီးမှ ဖောင်ဒေးရှင်းခရင်မ်ကို တို့လိမ်းရင် ဖောင်ဒေးရှင်းကို ခပ်ပါးပါးပဲ ထင်စေပါတယ်။

သံလွင်ဆီ သုံးပါ
သံလွင်ဆီကို အစိုဓာတ်ထိန်းခရင်မ်အဖြစ် တစ်ကိုယ်လုံးမှာ လိမ်းနိုင်ပါတယ်။ ကလေးတွေရဲ့အသားအရေ စိုပြည်နူးညံ့ဖို့အတွက် အကောင်းဆုံး အဆီပါ။

နှုတ်ခမ်းဆိုးဆေး အခြောက်ကို ရှောင်ပါ
အိုင်းရှဲဒိုး၊ ပါးနီ စတာတွေကို ခြယ်သတဲ့အခါ နှုတ်ခမ်းဆိုးဆေးအဆီနဲ့ပဲ လိုက်ဖက်ပါတယ်။ ခြောက်သွေ့တဲ့ နှုတ်ခမ်းဆိုးဆေးကို ရှောင်ပါ။

ကြက်သွန်ဖြူ သုံးပါ
လက်သည်း၊ ခြေသည်းတွေ သန်စွမ်းစေဖို့ ကြက်သွန်ဖြူ သုတ်လိမ်းပေးပါ။ သခွားသီးဟာ မျက်ဝန်းတစ်ဝိုက် ရောင်ရမ်းဖောင်းအစ်မှုကိုသက်သာစေပါတယ်။

ရေခဲကပ်ပါ
မိတ်ကပ်မလိမ်းခင် နံနက်တိုင်း မျက်နှာကို ရေခဲကပ်ပေးတာနဲ့ ညအိပ်ရာမဝင်ခင် ရေခဲကပ်ပေးတာကြောင့် အသားအရေဖောင်းအစ်တာကို သက်သာစေပြီး အသားအရေ တင်းရင်းလှပစေပါတယ်။

ဗက်ဆလင်းနှင့် ကြက်ဥအကာကို သုံးပါ
အိပ်ရာမဝင်ခင် မျက်ဝန်းအောက်မှာ ဗက်ဆ လင်းအလှဆီလိမ်းပါ။ ပေါင်းတင်ပစ္စည်းအဖြစ် ကြက်ဥအကာကို အသုံးပြုပါ။ အသားအရေကို တင်းရင်းလှပစေပါတယ်။

[Unicode version]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top