Healthy Life Ad
Health Tips

နေ့စဉ် ဝမ်းမှန်မှန် သွားစေမည့် နည်း ၇ သွယ်

(၁) ဝမ်းသွားချင်စိတ်ကို ချိုးနှိမ်မထားပါနဲ့။ ဝမ်းသွားချင်စိတ်ပေါ်တာနဲ့ အိမ်သာကို ချက်ချင်းသွားပါ။

(၂) အစာအိမ်အူလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်နေပါစေ။ အဲဒီလိုဖြစ်စေဖို့ ဒိန်ချဉ်လို အစာများများ စားပေးပါ။

(၃) အမျှင်ဓာတ် ပါဝင်မှုများတဲ့ အစာကို ပုံမှန် စားပေးပါ။

(၄) ရေဓာတ် ပါဝင်မှုများတဲ့ ဖရဲသီး၊ သခွားသီးစတဲ့ သစ်သီးဝလံတွေ စားပါ၊ ရေများများသောက်ပါ။

(၅) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီကို အလုံအလောက် စားပေးပါ။

(၆) အစာကို ကြေညက်အောင် ဝါးစားပါ။

(၇) ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top