Healthy Life Ad
Health Tips

အရေးကြောင်းကင်းပြီး နုပျိုတင်းရင်းတဲ့ လက်ဖမိုးအလှ ပိုင်ဆိုင်အောင် . . .

၊ သဒ္ဒါထက် ၊

(၁) ကြက်သီးနွေးရေဖြင့် သန့်စင်ပါ
လက်ဆေးတာက အရေးကြီးမှန်း လူတိုင်းသိပေမယ့် ရေရဲ့အပူချိန်ကိုလည်း အလေးထားရပါမယ်။ ရေကအေးလွန်း၊ ပူလွန်းနေရင် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ တစ်နှစ်လုံး ကြက်သီးနွေးရေနဲ့ အပျော့စား ဆပ်ပြာတို့သုံးပြီး လက်အရေပြား သန့်စင်နိုင်အောင်ကြိုးစားပါ။

(၂) စိုနေတုန်း အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ
ရေချိုးခေါင်းလျှော်ပြီးနောက် အရေပြားချွေးပေါက် ပွင့်နေတုန်းမှာ အစိုဓာတ်ထိန်းပေးပါ။

(၃) လက်အိတ်ဝတ်ပြီး အလုပ်လုပ်ပါ
အိမ်အလုပ်လုပ်ပြီးတဲ့အခါ၊ လက်ဆေးပြီးတဲ့အခါ လက်ကခြောက်သွေ့သလိုလိုဖြစ်နေရင် ဒါထိခိုက်တဲ့အဆင့်ပါ။ လက်ရဲ့သဘာဝအက်စစ်ဓာတ်ကို မထိခိုက်စေဖို့နဲ့ အဆီဆုံးရှုံးမှုမရှိစေဖို့ လက်အိတ်ဝတ်ပါ။

(၄) လက်သည်းကို ဂရုစိုက်ပါ
လက်သည်းနီမဆိုးခင် Base Coat ကို အရင်ဆိုးပါ။

(၅) နှိပ်နယ်ပေးပါ
လက်အရေပြားစိုပြည်စေဖို့ ရေချိုးပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ်လိမ်းပြီး အနည်းဆုံး ငါးမိနစ်ခန့် နှိပ်နယ်ပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top