Healthy Life Ad
Health Tips

နေ့စဉ် စိတ်ရော ကိုယ်ပါ ကျန်းမာစေမည့် လှည့်စားနည်းများ

စူး ( ဆေးဝါးတက္ကသိုလ် )
ဘဝခရီးလမ်းမှာ နေ့တိုင်း နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေသူလောက် ကံကောင်းတာ ဘာများရှိဦးမှာလဲ။ စိတ်ရောကိုယ်ပါ ကျန်းမာနေချင်တယ်ဆိုရင် တချို့လှည့်ကွက်လေးတွေက အသုံးဝင်ပါတယ်။

အမျိုးသမီးတစ်ဦးနှင့် စကားပြောပါ
နေ့စဉ် အမျိုးသမီးတစ်ယောက်နဲ့ အချိန်ငါးမိနစ်ခန့် စကားစမြည်ပြောဆိုလိုက်ရင် အမျိုးသားတွေကို စိတ်ကျန်းမာရေးကောင်းမွန်စေပါတယ်။

အလုပ်လုပ်ရင်း သီချင်းနားဆင်ပါ
အလုပ်လုပ်ရင်း သီချင်းနားထောင်တာက အလုပ်မျိုးစုံလုပ်နေတာ မဟုတ်ပါဘူး။ သီချင်းနားထောင်ဖို့အတွက် ဦးနှောက်ရဲ့ အထူးအစိတ်အပိုင်း တစ်ခုရှိတာကြောင့် အလုပ်ကိုပိုပြီးမြောက်စေပါတယ်။

ညအိပ်ရာမဝင်မီ လေးနာရီအလိုတွင် မစားပါနှင့်
ကိုယ်အလေးချိန် တကယ်ကျချင်တယ်ဆိုရင် အိပ်ရာမဝင်ခင် လေးနာရီ အလိုမှာ ဘာကိုမှ မစားပါနဲ့တော့။ သိသာတဲ့ ကောင်းကျိုးရရှိပါလိမ့်မယ်။

ပျော်ပျော်နေပါ
ပျော်ပျော်ရွှင်ရွှင်နေလေ၊ တစ်နေ့ တာ ပင်ပန်းခဲ့သမျှ ပြန်လည်အားဖြည့်ဖို့ အိပ်စက်ချိန် လိုအပ်ချက်နည်းလေပါပဲ။ ဝမ်းနည်းနေရင် ပိုပြီး များများအိပ်ပေးဖို့ လိုအပ်ပါတယ်။

ရင်ဖွင့်လာလျှင် နားထောင်ပေးပါ
လူတစ်ယောက်က သူ့ပြဿနာအကြောင်း ရင်ဖွင့်လာတဲ့အခါ ကိုယ်မကူညီနိုင်၊ မဖြေရှင်းပေးနိုင်တဲ့အတွက် စိတ်သောကမရောက်ပါနဲ့။ သူတို့လို အပ်တာက အလေးထား နားထောင်ပေးဖို့ပါပဲ။

မြန်မြန် မေ့ပစ်ပါ
ဘဝမှာ အဆိုးတွေနဲ့ ကြုံလာတဲ့ အခါ “ ဒါက အမြဲမဟုတ်ဘူး၊ ခဏပဲ” ဆိုပြီး မေ့ပစ်လိုက်ပါ။ ဘယ်အရာအတွက်မှ အကြာကြီး စိတ်ဒုက္ခခံစားမနေသင့်ပါဘူး။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top