Healthy Life Ad
Life Style

သင်အကြိုက်နှစ်သက်ဆုံး ဖုန်းကာဗာအမျိုးအစားက သင့်အကြောင်း ပြောပြနေပါတယ်

၊ ကိုထက် ၊

လက်ကိုင်ဖုန်းကိုင်ဆောင်သူတွေဟာ သူတို့ရဲ့ဖုန်းလေးတွေကို အမြင်ဆန်းသစ်စေဖို့၊ အကြမ်းခံစေဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖုန်းကာဗာတွေ တပ်လေ့ရှိကြပါတယ်။ အထူးသဖြင့် မိန်းကလေးအများစုဟာ သူတို့ဖုန်းလေးတွေကို အလှဆင်တဲ့အနေနဲ့ ဖုန်းကာဗာမျိုးစုံကို ဝယ်ယူအသုံးပြုလေ့ရှိကြပါတယ်။ ရွေးချယ်စရာပုံစံမျိုးစုံရှိတဲ့အထဲကနေ မိမိစိတ်တိုင်းကျကာဗာပုံစံတွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် သင်ရွေးချယ်ထားတဲ့ ဖုန်းကာဗာအမျိုးအစားဒီဇိုင်းက သင့်စိတ်နေစိတ်ထားကို တစ်စိတ်တစ်ပိုင်း ဖော်ပြနေပါတယ်။


– သင်က ရိုးရိုးရှင်းရှင်းနဲ့ အကြမ်းခံတဲ့ ဖုန်းကာဗာကို သဘောကျရင် ဖော်ဖော်ရွေရွေနေတတ်သူပါ
အနုအရွအလှအပလေးတွေက ဖုန်းရဲ့လုပ်ငန်းဆောင်တာတွေအတွက် အရေးမကြီးပါဘူး၊ ဖုန်းကို ပိုပြီးကြံ့ခိုင်နေဖို့က ပိုအရေးကြီးတယ်လို့တွေးပြီး အကြမ်းခံတဲ့ ဖုန်းကာဗာရွေးတတ်သူတွေက အေးအေးဆေးဆေးနေတတ်သူပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး စဉ်းစားတွေးခေါ်တတ်သူတွေလည်း ဖြစ်ပါတယ်။ လူအများရဲ့ ယုံကြည်အားကိုးခြင်းကိုလည်း ခံရသူဖြစ်ပြီး အရှိကိုအရှိအတိုင်းပြောတတ်၊ လုပ်တတ်သူတွေပါ။ ဇွဲလုံ့လ ရှိသူတွေဖြစ်ပြီး အလုပ်ကြိုးစားသူတွေ ဖြစ်ကြပါတယ်။


– သင်က ပြောင်ပြောင်လက်လက်ဖုန်းကာဗာတွေကို သဘောကျရင် အလိုက်အထိုက် ပေါင်းသင်းတတ်သူပါ
ရောင်စုံ ကျောက်လေးတွေ၊ စတစ်ကာလေးတွေနဲ့ ပြောင်ပြောင်လက်လက် ဖုန်းကာဗာ ဒီဇိုင်းတွေကို သဘောကျတဲ့သူတွေဟာ စိတ်ခံစားချက်ကို ဦးစားပေးသူတွေဖြစ်ကြပါတယ်။ မိမိနဲ့ စရိုက်မတူတဲ့ သူတွေနဲ့လည်း ဟန်ဆောင်ပေါင်းသင်းနိုင်စွမ်းရှိကြပါတယ်။ သူများတွေနဲ့ မတူဘဲ ကွဲပြားတဲ့နေထိုင်ပုံ စရိုက်တွေ ရှိတတ်ကြပါတယ်။ လွယ်လွယ်နဲ့ အရှုံးမပေးတတ်ဘဲ ခရီးသွားရတာ၊ စွန့်စားရတာတွေကို သဘောကျလေ့ရှိကြပါတယ်။


– သင်က တိရစ္ဆာန်ပုံလေးတွေပါတဲ့ ဖုန်းကာဗာကို သဘောကျရင် စိတ်ဓာတ်ကြံ့ခိုင်သူပါ
ဖုန်းကာဗာလေးမှာ ကျားသစ်ကွက်တွေ၊ မြင်းကျားအကွက်တွေ ဒါမှမဟုတ် ပန်ဒါဝက်ဝံပုံစံလေးတွေ၊ ကြောင်ပုံလေးတွေပါတာကို သဘောကျနှစ်သက်သူတွေဟာ ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ပြောဆိုတတ်သူတွေဖြစ်ကြပါတယ်။ ချက်ချင်း ဆုံးဖြတ်ချက်ချနိုင်စွမ်းလည်း ကောင်းကြပါတယ်။ ပေါင်းသင်း ဆက်ဆံရေးကောင်းပေမယ့် ခေါင်းမာတတ်ကြပါတယ်။ အခက်အခဲတွေ ရင်ဆိုင်ရတာကို သဘောကျပြီး စွန့်စားလိုစိတ်ရှိသူတွေ ဖြစ်ပါတယ်။


– သင်က အရောင်စုံနဲ့ ဒီဇိုင်းဆန်းတဲ့ ဖုန်းကာဗာကို သဘောကျရင် ဆန်းသစ်တဲ့ အတွေးအခေါ်ရှိသူပါ
သူများတွေအတွက် မျက်စိနောက်စေမယ့် ဒီဇိုင်းရှုပ်ရှုပ်တွေကိုမှ သဘောကျတယ်ဆိုသူတွေက တမူထူးခြားဆန်းသစ်တဲ့အတွေးရှိသူတွေဆိုတာ သေချာပါတယ်၊ ပေါ့ပေါ့ပါးပါးနေတတ်ပြီး ခေတ်မီစတိုင် ကျတာကို သဘောကျသူတွေပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး စိတ်ခံစားချက်တွေကို မျိုသိပ်ထားလေ့မရှိဘဲ သူများကို မျှဝေခံစားတတ်ကြပါတယ်။ လူချစ်လူခင်ပေါများပြီး သူများတွေရဲ့ အခက်အခဲတွေကိုလည်း ဝင်ရောက်ဖြေရှင်းပေးတတ်သူတွေပါ။


– သင်က ကာတွန်းရုပ်ပါတဲ့ ဖုန်းကာဗာကို သဘောကျရင် သနားကြင်နာတတ်သူပါ
ဖုန်းကာဗာပေါ်မှာ ကာတွန်းရုပ်ပုံလေးတွေပါတာကို သဘောကျနှစ်သက်သူတွေဟာ အပူအပင်ကင်းကင်း နေတတ်သူတွေဖြစ်ကြပါတယ်။ စိတ်သဘောထားကောင်းကြပြီး ကြင်နာတတ်သူတွေဖြစ်ပါတယ်။ သီချင်းနားထောင်ရတာနဲ့ ခရီးသွားရတာကို အလွန်သဘောကျတတ်ကြပါတယ်။ စောင့်ကြည့်လေ့လာပြီးမှ ဆုံးဖြတ်ချက်ချတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ခင်မင်စရာကောင်းပြီး သူငယ်ချင်းတွေကိုလည်း ချစ်ခင်သူတွေပါ။


– သင်က အပွင့်အခက်လေးပါတဲ့ ဖုန်းကာဗာကို သဘောကျရင် အကောင်းမြင်တတ်သူပါ
အပွင့်တွေ၊ အခက်တွေပါတဲ့ ဖုန်းကာဗာကို သဘောကျတဲ့သူတွေဟာ ဘယ်အရာကိုမဆို အကောင်း မြင်စိတ်နဲ့သာ ကြည့်တတ်သူတွေဖြစ်ကြပါတယ်။ ပွင့်လင်းတဲ့စရိုက်နဲ့ ပျော်ပျော်နေတတ်တဲ့အတွက် လူတိုင်းရဲ့ ခင်မင်မှုကို ရထားသူတွေဖြစ်ကြပါတယ်။ ခရီးသွားရတာကို ဝါသနာပါပြီး အမြဲလိုလို ရွှင်လန်းတက်ကြွစွာ နေတတ်သူပါ။ စိတ်ကူးယဉ်ဆန်တတ်ပြီး မိသားစုနဲ့ အပေါင်းအသင်းတွေအပေါ် သံယောဇဉ်ကြီးသူ တွေဖြစ်ကြပါတယ်။

Most Popular

Healthy Life Ad
To Top