Healthy Life Ad
International

မိဘများက ညဘက်တွင် ကလေး၏ ဖုန်းများယူထားပြီး နှိုးစက်နာရီ ဝယ်ပေးထားသင့်ကြောင်း ကျွမ်းကျင်သူတို့ ပြောဆို

၊ ကိုထက် ၊

ညဘက်မှာ မိဘတွေက သားသမီးတွေရဲ့ စမတ်ဖုန်းတွေကိုယူထားသင့်ပြီး ဈေးပေါတဲ့ နှိုးစက်နာရီတစ်လုံး ဝယ်ပေးထားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ညဉ့်နက်တဲ့အထိဖုန်းသုံးတာကြောင့် နောက်တစ်နေ့မှာ ပင်ပန်းနွမ်းနယ်မှုဖြစ်ရတယ်ဆိုတာကို ဆယ်ကျော်သက်တွေက နားလည်မှုမရှိကြဘူးလို့ ဘက်တ်တက္ကသိုလ်မှ ပါမောက္ခအဒမ်က ဆိုပါတယ်။

ဆယ်ကျော်သက်တွေရဲ့ အခန်းထဲမှာ စမတ်ဖုန်းရှိတာက အနှောင့်အယှက်ဖြစ်တာကြောင့် ညဘက်ဆိုရင် မိဘတွေက သိမ်းဆည်းပေးထားသင့်တယ်လို့ ဆိုပါတယ်။ ယခင်လေ့လာမှုတွေအရ အချိန်အတော်များများ စမတ်ဖုန်းတွေနဲ့ အချိန်ဖြုန်းတဲ့ ဆယ်ကျော်သက်တွေက ပျော်ရွှင်မှုနည်းပြီး စိတ်ဓာတ်ကျတာနဲ့ စိုးရိမ်သောက ဖြစ်နှုန်းပိုများတယ်လို့ သိရပြီးဖြစ်ပါတယ်။

ဆယ်ကျော်သက်တွေညဘက်မှာ နောက်ဆုံးကြည့်တဲ့အရာနဲ့ မနက်ခင်းမှာ ပထမဆုံးကြည့်တဲ့အရာက စမတ်ဖုန်းမဖြစ်သင့်ကြောင်းနဲ့ အသက် ၁၈နှစ်မတိုင်ခင် စမတ်ဖုန်းကို အိပ်ခန်းထဲမှာ မထားသင့်ကြောင်း ပါမောက္ခအဒမ်က သတိပေးထားပါတယ်။

အသက် ၂၀အရွယ်ရောက်ရင်တော့ သူတို့ပြုလုပ်တဲ့ အပြုအမူရဲ့ အကျိုးဆက်ကို အပြည့်အဝ နားလည်သဘောပေါက်လိမ့်မယ်လို့ သူက ဆိုပါတယ်။ ဆယ်ကျော်သက် ၇၀ဝ ဦးကို လေ့လာခဲ့တဲ့ ကနေဒါတက္ကသိုလ်ရဲ့လေ့လာမှုအရ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စမတ်ဖုန်းကြောင့် အိပ်ရေးပျက်တဲ့ ဝေဒနာကို ပိုခံစားရတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top