Healthy Life Ad
Health Tips

အရေးပေါ် အသက်ကယ်တင်နည်း CPR နည်းဖြင့် အသက်ကယ်ပြုစုနည်းလမ်းညွှန်

လူတစ်ယောက် သတိလစ်လဲကျသွားတဲ့အခါ အရင်ဆုံး သတိရ၊ မရ ဆန်းစစ်ကြည့်ပါ။ လူနာက သတိမရတော့ဘဲ ပုံမှန်အတိုင်း အသက်မရှူနိုင်ရင် CPR နည်းနဲ့ အသက်ကယ်ပြုစုပေးနိုင်ပါတယ်။

(၁) တစ်စုံတစ်ယောက်က ရုတ်တရက် လဲကျသွားပြီး ပုံမှန်အတိုင်း အသက်မရှူနိုင်ဘူးဆိုရင် လုပ်သင့်တဲ့ အရေးကြီးဆုံးတစ်ခုက အရေးပေါ်လူနာတင်ယာဉ်ကို ဖုန်းခေါ်ပါ။

(၂) လူနာကို စိတ်ချရတဲ့ နေရာ (ဥပမာ-မာတဲ့ ကြမ်းပြင်၊ ခုံတန်း ရှည်)စတာပေါ်မှာ ပက်လက်အနေအထား နေခိုင်းပါ။

(၃) ပြီးရင် လူနာရဲ့ရင်ဘတ်အလယ်နေရာ နို့သီးခေါင်းနှစ်ခုကြားမှာ သင့်လက်ဝဲလက်ဖဝါးကို တင်ပါ။

(၄) လက်ဖဝါးနှစ်ဖက်ကို ယှက်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်ချောင်း တွေယှက်ကာ ဆုပ်ထားရမှာဖြစ်ပါတယ်။

(၅) ရင်ခေါင်းအလယ်နေရာကို ဖိပေး ပါ။ ဖိအားက ၅-၆ စင်တီမီတာခန့် ကျွံဝင်စေရပါမယ်။ ရင်ခေါင်းဖိနှပ်ရာမှာ လူနာရဲ့ ရင်ညွန့်ပေါ်က နေမှန်မှန်ဖိပေးခြင်းအားဖြင့် နှလုံးသွေးလှည်ပတ်မှု ပြန်လည် ရရှိလာစေဖို့ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။

(၆) လက်တစ်ဖက်တည်းရဲ့ လက်ဖဝါးနဲ့ ဖိရမှာဖြစ်ပြီး တစ်မိနစ်မှာ အကြိမ် ၁၀ဝခန့် ဖိနှိပ်ပေးရပါမယ်။

(၇) အရေးပေါ် လူနာတင်ယာဉ်လာတဲ့အထိ ဒါမှမဟုတ် လူနာသတိပြန်လည်လာတဲ့အထိ ဆက်တိုက်ဆောင်ရွက်ပေးပါ။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top