Healthy Life Ad
Health Tips

လေ့ကျင့်ခန်းလုပ်စဉ် ဆီးမထိန်းနိုင်ဖြစ်နေသလား

ငွေကြယ်စင်ယံ

လေ့ကျင့်ခန်းလုပ်ချိန်မှာ မကြာခဏဆိုသလို ဆီးစိမ့်ထွက်နေတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေရင် ဆီးမထိန်းနိုင်တာ သက်သာစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

လေ့ကျင့်ခန်းကို ရွေးလုပ်ပါ
ကြိုးခုန်တဲ့အချိန်အတွင်း အမျိုးသမီးအများစုက ဆီးမထိန်းနိုင်ဘဲ ဆီးစိမ့်ထွက်တတ်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ ဝေဒနာရှိတာကြောင့် လေ့ကျင့်ခန်းလုပ်ရမှာ စိတ်ပျက်မသွားဘဲ ဝမ်းဗိုက်ကြွက်သားသန်စွမ်းစေမယ့် လေ့ကျင့်ခန်း၊ ကိရိယာလွတ်လေ့ကျင့်ခန်းနဲ့ ယောဂကျင့်စဉ်တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။

ဆီးထိန်းအတွင်းခံ ဝတ်ပါ
လေ့ကျင့်ခန်းလုပ်ချိန်မှာ ဆီးစိမ့်ထွက်တာကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရအောင် ဆီးထိန်းအတွင်းခံတွေကို ဝတ်ဆင်ပေးဖို့ လိုပါတယ်။

Kegel လေ့ကျင့်ခန်း လုပ်ဆောင်ပါ
Kegel လေ့ကျင့်ခန်းက ဆီးမထိန်းနိုင်တဲ့ ဝေဒနာကို ကုသနိုင်တဲ့ တစ်ခုတည်းသော လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို လုပ်ဆောင်နိုင်ပြီး ဆီးထိန်းနိုင်တဲ့ ကြွက်သားတွေကို ကျုံ့လိုက်၊ ဆန့်လိုက်လုပ်ပေးဖို့ လိုပါတယ်။

ကိုယ်အလေးချိန် လျှော့ချပါ
ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် တစ်ပေါင်ပိုများသွားတိုင်း ဆီးအိတ်ပေါ်မှာ ဖိအားအပို သက်ရောက်သွားစေပါတယ်။ ကိုယ်အလေးချိန်များ သူတွေနဲ့ အဝလွန်သူတွေ လေ့ကျင့်ခန်းလုပ်ရင် ဆီးမထိန်းနိုင်တာ ပိုအဖြစ်များပါတယ်။ အစားအသောက် ကို သင့်တော်မှန်ကန်အောင် စားတာနဲ့ လေ့ကျင့်ခန်း လုပ်တာတွေကို မှန်မှန်လုပ်ရင်း ကိုယ်အလေးချိန်ကို ထိန်းပါ။ ဒါဆိုရင် ဆီးမထိန်းနိုင်တာနဲ့ ဝမ်းချုပ်တာ တို့ကိုတောင် ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

အမျှင်ဓာတ် များများ စားပါ
ဝမ်းချုပ်တာက ဆီးမထိန်းနိုင် ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ရပ်ပါ။ ဝမ်းတွေ မာကျောနေတဲ့အတွက် ဆီးအိတ်ပေါ် ဖိအားသက်ရောက်ရာက ဆီးစိမ့်ထွက်နိုင်ပါတယ်။ ရေများများ သောက်တာ၊ အမျှင်ဓာတ်ပါတဲ့ အစာတွေ များများ စားတာနဲ့ လေ့ကျင့်ခန်း ပိုမိုလုပ်ဆောင်တာတို့ကို လုပ်ဆောင်ရင်း ဝမ်းချုပ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဝမ်းချုပ်လွန်းရင် ဝမ်းပျော့ဆေးကို မှီဝဲပေးပါ။

လစဉ်သုံးဂွမ်းထုပ် အသုံးပြုပါ
ရာသီလာချိန်မဟုတ်ပေမယ့် လေ့ကျင့်ခန်းလုပ်ချိန်မှာ ဆီးစိမ့်ထွက်နေရင် လစဉ်သုံးဂွမ်းထုပ် အသုံးပြုပေးပါ။
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ
Kegel လေ့ကျင့်ခန်းလုပ်တာ၊ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက်တာတို့ ကို လိုက်နာပေမယ့် ဆီးမထိန်းနိုင်ဖြစ်နေရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
Ref; RD

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top