Healthy Life Ad
International

ပင်မဆဲလ်ကုထုံးကြောင့် လေဖြတ်လူနာများ လူကောင်းပကတိအတိုင်း နေထိုင်နိုင်လာ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားမှ ဆိုနီယာကွန်းဟာ အသက် ၃၁နှစ် အရွယ်မှာ လေဖြတ်သွားခဲ့ပါတယ်။ စကားမပြောနိုင်၊ ဘယ်ဘက်ခြေထောက်မထောက်နိုင်တော့တာကြောင့် ဘီးတပ်ကုလားထိုင်နဲ့သာ သွားလာနေခဲ့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ဆိုနီယာဟာ စတန်းဖို့တက္ကသိုလ်မှပြုလုပ်တဲ့ လေဖြတ်ကုထုံးအသစ်ခံယူမယ့် လူနာ ၁၈ ဦးထဲမှာ တစ်ဦးအဖြစ် ပါဝင်ကုသမှုခံယူခဲ့ပါတယ်။ ကုထုံးအရလေဖြတ်တာကြောင့် ပျက်စီးသွားတဲ့ အာရုံကြောလမ်းကြောင်းကို ပြန် လန်ပြုပြင်ဖို့အထူးပြုလုပ်ထားတဲ့ ပင်မဆဲလ်ကို ဆိုနီယာရဲ့ ဦးနှောက်ထဲကို တိုက်ရိုက်ထိုးသွင်းပေးခဲ့ပါတယ်။

ကုထုံးကြောင့် အခုအခါမှာ ဆိုနီယာဟာ ဘီးတပ်ကုလားထိုင်ကို အသုံးပြုစရာမလိုတော့ဘဲ ပုံမှန်လူကောင်းအတိုင်း သွားလာနိုင်ခဲ့ပါတယ်။ သူဟာ အိမ်ထောင်ပြုခဲ့ပြီးသားဦး ကိုယ်ဝန်တောင် ဆောင်ထားရပြီလို့ သိရပါတယ်။ ကုသမှုခံယူပြီး ၁၂လအတွင်းမှာ လူနာတွေဟာ သက်သာတဲ့လက္ခဏာတွေကို ပြသလာကြပါတယ်။ အာရုံကြောလုပ်ဆောင်ချက်တွေ ကောင်းမွန်လာတယ်၊ စကားပြန်ပြောနိုင်တယ်၊ တချို့က လမ်းတောင် ပြန်လျှောက်နိုင်လာကြတယ်လို့ ဦးဆောင်သုတေသီ ပါမောက္ခ ဂယ်ရီစတိန်းဘက်က ပြောပါတယ်။

နှစ်ပေါင်းများစွာကြာကြာ ပင်မဆဲလ်တွေ အကြောင်းပြောဆိုလာကြပါတယ်။ နောက်ဆုံးမှာ ဆဲလ်တွေက တိုးတက်မှုလုပ်ဆောင်ပေးနိုင်တယ်ဆိုတာ အချက်ပြလိုက်တာပါပဲ။ လူ ၁၈ ယောက်ကိုပဲ စမ်းသပ်ရသေးတာကြောင့် နောက်ထပ်စမ်းသပ်မှုတွေပြုလုပ်ဖို့ လိုအပ်ပါ သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ကုထုံးမှာ ပါဝင်စမ်းသပ်ခံတဲ့ လူနာ ၁၈ ဦးရဲ့ ရဲဝံ့မှုကိုလည်း သူက ချီးကျူးခဲ့ပါတယ်။ သုတေသီတွေက နောက်ထပ်နာတာရှည် လေဖြတ်ဝေဒနာရှင် ၁၅၆ ဦးနဲ့ ဆက်လက်စမ်း သပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရှိရပါတယ်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top