Healthy Life Ad
Women

အသံတိတ်ဖြစ်ပေါ်တတ်သည့် သားဥအိမ်ကင်ဆာ လက္ခဏာ ခုနစ်မျိုး

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

သားဥအိမ်ကင်ဆာလက္ခဏာတွေကို အများအားဖြင့် သတိမမူမိဘဲရှိတတ်ပါတယ်။ သားဥအိမ်ကင်ဆာက စောစောစီးစီးတွေ့ရှိပြီး စောစောကုသမှုခံယူပါက အသက်ရှင်နိုင်ခြေရှိပါတယ်။

(၁) လေပွခြင်း
သားဥအိမ်ကင်ဆာရှိသူတွေမှာ အကျိတ်က အတော်ကြီးမားလာရုံသာမက သူ့ပတ်လည်မှာ အရည်စီးဆင်းမှု များစေတဲ့အတွက် ဝမ်းဗိုက်က သိသိသာသာပြောင်းလဲမှုဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် သားဥအိမ်ကင်ဆာရှိသူတွေက လေပွတတ်ပါတယ်။

(၂) အစာစားချင်စိတ် ဆုံးရှုံးခြင်း

အစာမစားဘဲ အလိုလို ဗိုက်ပြည့်နေပြီး အစာကို အများကြီး စားချင်စိတ်မရှိရင် ဒါက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်။ အလိုလိုနေရင်း ကိုယ်အလေးချိန်က ရုတ်တရက် လျော့ကျသွားရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။

(၃) ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်ခြင်း
အန်တာနဲ့ ပျို့ချင်အန်ချင်စိတ်ဖြစ်ပေါ်တာက ရောဂါများစွာမှာ အတွေ့ရများတဲ့ လက္ခဏာတွေပါ။ တခြားပြောင်းလဲမှုတွေနဲ့အတူ ပျို့ချင်အန်ချင်စိတ် ဖြစ်ပေါ်ရင် သားဥအိမ်ကင်ဆာကိုလည်း ထည့်စဉ်း စားပေးသင့်ပါတယ်။

(၄) လိင်ဆက်ဆံစဉ် နာကျင်ခြင်း
အိမ်ထောင်ရှိအမျိုးသမီးတွေအနေနဲ့ လိင်ဆက်ဆံချိန်မှာ နာကျင်ပြီး နာကျင်မှုက နှစ်ပတ်ထက် ပိုကြာတဲ့အထိ ဖြစ်ပေါ်နေရင် ဆရာဝန်နဲ့ ပြသင့်နေပြီ ဖြစ်ပါတယ်။

(၅) မကြာခဏ ဆီးသွားခြင်း
အိမ်သာကို မကြာခဏသွားနေရပြီး လေပွတာ၊ အစာစားချင်စိတ်မရှိတာ၊ ဝမ်းသွားတဲ့အလေ့အထ ပြောင်းလဲတာစတဲ့ လက္ခဏာတွေနဲ့ တွဲဖြစ်နေရင် သားဥအိမ်ကင်ဆာ လက္ခဏာ ဖြစ်နိုင်ကြောင်း ထည့်သွင်းစဉ်းစားရပါမယ်။

(၆) ပုံမှန်မဟုတ်သော ရာသီလာခြင်း
ရာသီလာချိန် တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သွေးဆင်းနေရင် ဒါမှမဟုတ် ရာသီစက်ဝန်း ရုတ်တရက် အပြောင်းအလဲဖြစ်ပေါ်ရင် ဒါက သားဥအိမ်ကင်ဆာရဲ့ လက္ခဏာ ဖြစ်နိုင်ကြောင်း ထည့်သွင်းစဉ်းစားရပါမယ်။

(၇) ဝမ်းသွားသည့် အလေ့အထ ပြောင်းလဲခြင်း

သားဥအိမ်ကင်ဆာရှိသူအမျိုးသမီးတွေက ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက် တစ်လှည့်စီ ဖြစ်တတ်ပါတယ်။ ဒါကို IBSေဝဒနာလို့ တချို့က ထင်တတ်ပေမယ့် သားဥအိမ်ကင်ဆာရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နေနိုင်တာကို သတိပြုပါ။

(Ref;RD)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top