Healthy Life Ad
Health Tips

မိုးတွင်းကာလ နေ့စဉ် စားသင့်သည့် သဘာဝ အစာများ

မိုးတွင်းကာလ တစ်လျှောက်လုံး အအေးမိတာ၊ တုပ်ကွေးဝေဒနာနဲ့ နာမကျန်းဖြစ်တာတွေ သက်သာစေဖို့ အောက်ပါ သဘာဝအစာတွေကို စားသင့်ပါတယ်။

(၁) အချဉ်အရသာရှိသည့် သစ်သီးများ
အချဉ်အရသာရှိတဲ့ လိမ္မော်သီးလိုသစ်သီးတွေ ကို စားတာကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ် ပေးပါတယ်၊ နာတာရှည်ရောင်ရမ်းမှုမဖြစ်အောင်ထိန်းချုပ်ပေးပါတယ်။


(၂) မှို
မှိုကို သဘာဝဆေးတစ်လက်လို့တောင် ဆိုပါတယ်။ မှိုကို ကန်စွန်းရွက်နဲ့ရောပြီး ကျက်အောင်ကြော်ချက်စားသောက်ပေးရင် စွမ်းအင်ကောင်းကာ ကိုယ်ခံအား မြင့်တက်စေပါတယ်။ သွေးလှည့်ပတ်မှုကောင်းပြီး တွေးခေါ်နိုင်စွမ်းမြင့် တက်စေပါတယ်။ အသည်း၊ ကျောက်ကပ်နဲ့ နှလုံးသွေးကြောလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အစာကြေစေပါတယ်။ ကင်ဆာကိုကာကွယ်နိုင်စွမ်းရှိပါတယ်။


(၃) မာလကာသီး
မာလကာသီးမှာ ဗီတာမင်စီ ပါဝင်မှုများပြီး ဗီတာမင်စီက နှလုံးသွေးကြောစနစ်ကို ကျန်းမာစေပါတယ်။ ရောင်ရမ်းမှုလျော့ကျပြီး ကိုယ်ခံအားကောင်းစေပါတယ်။ နာတာရှည်ယိုယွင်းပျက်စီးတဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၄) ဒိန်ချဉ်
ဒိန်ချဉ်လို အကျိုးပြုဘက်တီးရီးယားတွေ စားတာကြောင့် အစာခြေလမ်းကြောင်းစနစ် ကျန်းမာစေပြီး ကိုယ်ခံအားစနစ် မြင့်တက်စေပါတယ်။ ဦးနှောက်နဲ့ အာရုံကြောလုပ်ငန်းဆောင်တာကို ကောင်းမွန်စေပြီး အစာအိမ်အူလမ်းကြောင်းကို အကာအကွယ်ပေးပါတယ်။


(၅) ငါးအဆီ
အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ ငါးအဆီကို များများစားပေးပါ။ သီဟိုဠ်စေ့၊ ဆယ်လ်မွန်ငါးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားရင်လည်း အိုမီဂါ ၃ဖက်တီးအက်ဆစ် ရရှိစေပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်က ကောင်းတဲ့ ကိုလက်စထရော (HDL)ကို မြင့်တက်စေပြီး သွေးကြောမှာ အဆီပိတ်တာကို လျော့ကျစေကာ ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top