Healthy Life Ad
Health Tips

ဒိန်ချဉ်အပြင် အူအကျိုးပြုကောင်းသော ဘက်တီးရီးယားပါဝင်သည့် အစာများ

စူး ( ဆေးဝါးတက္ကသိုလ် )
အကျိုးပြုဘက်တီးရီးယားတွေက ကျွန်မတို့ရဲ့ ကျန်းမာရေးကို ဘယ်လိုကောင်းမွန်စေတယ်ဆိုတာ အခုအခါမှာ လေ့လာတွေ့ရှိပြီး ဖြစ်ပါတယ်။ ဒိန်ချဉ်မှာ အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တာကို လူသိများကြပေမယ့် တခြားအကျိုးပြု ဘက်တီးရီးယားပါဝင်တဲ့ အစာတွေကို သိရှိတာနည်းကြပါတယ်။

အာလူး
အာလူးကိုရေဆေးပြီး ချက်ပြုတ်ပြီး အအေးခံလိုက်တဲ့အခါ ကစီဓာတ်တစ်မျိုး ပါဝင်နေပါတယ်။ အဲဒါက အကျိုးပြုဘက်တီးရီးယားဖြစ်ပြီး အူလမ်းကြောင်းမှာကောင်းတဲ့ ပိုးတွေပွားများ ရှင်သန်အောင် အားပေးပါတယ်။ အဲဒီကစီဓာတ်က ဆီးချိုသွေးချိုရောဂါ ဖြစ်နှုန်းလျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန်ကိုတောင် လျော့ကျစေပါတယ်။

ငှက်ပျောသီးစိမ်း
ငှက်ပျောသီးကို မှည့်တဲ့အထိ မစောင့်နိုင်ဘဲ စားချင်နေသူတွေအတွက် သတင်းကောင်းပါ။ ငှက်ပျောသီးစိမ်းမှာ အကျိုးပြုဘက်တီးရီးယား တွေများများပါဝင်နေပါတယ်။ ပျော်ဝင်တဲ့ အမျှင်နဲ့ မပျော်ဝင်တဲ့အမျှင် ပါဝင်တဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အူဘက်တီးရီးယားကို ကောင်းစေပြီး နှလုံးနဲ့ အရိုးကို ကာကွယ်ပေးပါတယ်။

ချောကလက်
ချောကလက်ဟာ အူလမ်းကြောင်းမှာ အကျိုးပြုဘက်တီးရီးယားတွေ ရှင်သန်ကြီးထွားအောင် အားပေးပါတယ်။ ချောကလက်နဲ့ အကျိုးပြုဘက်တီးရီးယား ပေါင်းစပ်စားမယ်ဆိုရင် ကောင်းကျိုးကို ပိုအားပေးတယ်လို့ နိုင်ငံတကာ အစားအသောက် လေ့လာမှုအရ သိရပါတယ်။ ချောကလက်က အစာအိမ်တစ်လျှောက် ဖြတ်သန်းလာတဲ့ အကျိုးပြုဘက်တီးရီးယားကို ကာကွယ်ပေးပြီး အူသိမ်ထဲရောက်အောင် လုပ်ဆောင်ပေးကာ တစ်ဖက်ကလည်း အကျိုးပြုဘက်တီးရီးယားဟာ ချောကလက်ထဲက အင်တီအောက်ဆီးဒင့်နဲ့ အာဟာရဓာတ်တွေကို စုပ်ယူပေးပါတယ်။

ကြက်သွန်ဖြူ
ကြက်သွန်ဖြူက လူကြိုက်များတဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပြီး အကျိုးပြုဘက် တီးရီးယား ပါဝင်ပါတယ်။
Ref; RD

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top