Healthy Life Ad
Health Tips

သင် တကယ် ပျော်ချင်လျှင် စွန့်လွှတ်ပစ်သင့်သည့်အချက် ၁၀ မျိုး

ဘယ်လို လူအဖွဲ့အစည်းမှာနေနေ ဘယ်လို လူတွေနဲ့ပဲ တွေ့ရတွေ့ရ သင်တကယ်ပျော်ချင်တယ် ဆိုရင် ကိုယ့်စိတ်ကိုထားတတ်ဖို့ကျင့်ရပါမယ်။

(၁) တိုင်တန်းပြောဆိုခြင်း
တခြားသူတွေကို မကျေမနပ်ဖြစ်ပြီး တိုင်တန်းပြောဆိုနေတဲ့ သူတွေက သူတို့ကိုယ်တိုင်လည်း ပျော်ရွှင်မှု မရကြပါဘူး။

(၂) အမြဲတမ်း မှန်ကန်နေစေလိုခြင်း
ဘယ်သူ ဘာပဲလုပ်လုပ် မှန်ကန်အောင် မလုပ်လို့ စိတ်ညစ်နေရတဲ့ သူတွေက အထီးကျန်တတ်ပါတယ်။

(၃) ယုံကြည်မှု မထားနိုင်ခြင်း
တခြားသူတွေအပေါ် ယုံကြည်မှု မထားနိုင်ဘဲ အမြဲသံသယဝင်နေတဲ့ သူတွေက စိတ်ကြည်လင်မှု မရနိုင်ပါဘူး။

(၄) အတိတ်မှ ရုန်းမထွက်နိုင်ခြင်း
အတိတ်ကာလရဲ့ စိတ်ညစ်ပူဆွေးစရာတွေကို တွေးပြီး ဝမ်းနည်းနေတတ်သူတွေပါ။

(၅) အနာဂတ်ကို တွေးပူပင်နေခြင်း
နောင်ကျရင် အဆင်ပြေပါ့မလားဆိုပြီး တွေးပူနေတဲ့ သူတွေကလည်း လက်ရှိမှာ မပျော်နိုင်ပါဘူး။

(၆) အခြားသူများကို အပြစ်တင်ခြင်း
ကိုယ်ကလွဲရင် တခြားသူတွေ ဘာလုပ်လုပ် အပြစ်မြင်နေတဲ့သူတွေက မပျော်နိုင်သူတွေပါပဲ။

(၇) ပြောင်းလဲရမည်ကို ကြောက်ခြင်း
လက်ရှိအခြေအနေကိုလည်း မကြိုက်ဘဲပြောင်းလဲရမှာကို တွန့်ဆုတ်တတ်သူတွေက စိတ်ညစ်နေရတတ်ပါတယ်။

(၈) အဆိုးမြင်စကားများကို ပြောခြင်း
အဆိုးမြင်သမားဟာ ဘယ်တော့မှ မပျော်နိုင်ပါဘူး။

(၉) အခြားသူတို့၏ သဘောတူညီချက်ကို အမြဲတောင်းခံနေခြင်း
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်နည်းပါးသူတွေကလည်း ပျော်ရွှင်မှုနည်းကြပါတယ်။

(၁၀) အခြားသူများ အထင်အမြင်ကြီးစေလိုခြင်း
ဘာပဲလုပ်လုပ် ပတ်ဝန်းကျင်နဲ့ တခြားသူတွေကို အမြဲအာရုံစိုက်နေရတာကြောင့် မွန်းကျပ်နေတတ်ပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top