Healthy Life Ad
Q & A

ဓာတ်ဘူးထဲ ရေနွေးထည့်သောက်ရင် . . .

မေး. ကျိုချက်ထားတဲ့ ရေနွေးပူကို ဖန်သားပါဓာတ်ဘူးထဲမှာလှောင်ထားပြီး သောက်သုံးတာက ကျန်းမာရေးနဲ့ မညီညွတ်ဘဲ ကင်ဆာဖြစ်တတ်တယ်လို့ ကြားဖူးလို့ပါ။ အဲဒါဟုတ်ပါသလား။ ဟုတ်ရင် ဘယ်လိုရောဂါတွေ ဖြစ်တတ်ပါသလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။

ဒေါက်တာမြတ်ထွဋ်ညွှန့်မှ ဖြေကြားပေးပါသည်။

ဖြေ. လက်ရှိသိပ္ပံနည်းအရ ရေနွေးကျိုသောက်တာဟာ ရေစိမ်းသောက်တာထက် ပိုကောင်းတယ်လို့ ဆိုနိုင်ပါတယ်၊။ ရေထဲမှာပါနိုင်တဲ့ ရောဂါပိုးများစွာကို ထိရောက်စွာကာကွယ်နိုင်လို့ဖြစ်ပါတယ်။ အခုမေး တဲ့မေးခွန်းကိုဖြေရရင် ရေကောင်းရေသန့်ကို ကျိုချက်သောက်သုံးတာဆိုရင် ဘာမှမဖြစ်နိုင်ဘူးလို့ မှတ်ထားစေလိုပါတယ်။ အကယ်၍ ကျိုတဲ့ရေမှာ နိုက်ထရိတ်၊ အာစင်းနိတ်နဲ့ ဖလိုရိုက်ဓာတ်တွေ များလွန်းရင်သာ ရေရှည်မှာ သောက်သုံးသူအတွက် ဘေးဖြစ်စေနိုင်တာရှိပါတယ်။ ရေကောင်းကောင်းကို ကျိုချက်သောက်ရင် ဘာမှမဖြစ်နိုင်ပါ။

Most Popular

Healthy Life Ad
To Top