လတ်တလော အနုပညာလှုပ်ရှားမှု . . .
အခုလက်ရှိက ဖက်ရှင်ရှိုးတွေလျှောက်ဖို့ရှိတယ်။ ဂျာနယ်၊ မဂ္ဂဇင်း မျက်နှာဖုံးတွေ ရိုက်ဖြစ်နေပါတယ်။ ပြီးတော့ ဇာတ်ကားတွေ၊ ကြောငြာတွေလည်းရိုက်ဖြစ်တယ်။ ညီမက အဆိုလည်းဝါသနာပါတယ်။ အဆင်သင့်ရင်တော့ လုပ်ဖြစ်သွားမှာပါ။
နောက်ထပ် Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့မရှိသေး . . .
အခု လောလောဆယ်တော့ Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ဖို့မရှိသေးပါဘူး။ ဇာတ်ကားရိုက်တဲ့ဘက်ကို ဦးစားပေးနေတော့ Miss ပြိုင်ပွဲတွေ ထပ်ဝင်မပြိုင်ဖြစ်သေးပါဘူး။
Miss တစ်ယောက်မှာ ရှိသင့်တဲ့အရည်အချင်း . . .
Miss တစ်ယောက်မှာအရည်အချင်းတွေက အများကြီးလိုအပ်ပါတယ်။ ဗဟုသုတပိုင်းဆိုင်ရာတွေ၊ ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ်၊ ပြီးတော့ အပြုံးနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ လိုအပ်ပါတယ်။ အဓိက နိုင်ငံကိုယ်စားပြုဖြစ်တဲ့အတွက် အများကြီးကြိုးစားပြီး အရည်အချင်းရှိဖို့ လိုအပ်ပါတယ်။
မျက်နှာအသားအရေပိုင်းကို ပိုဂရုစိုက်ဖြစ် . . .
နေပူထဲတွေ သိပ်မထွက်ပါဘူး။ ရှူတင်တွေမှာ နေပူထဲရိုက်ရပြီဆိုရင် Lotion တွေလိမ်းဖြစ်တယ်။ ခန္ဓာကိုယ်အသားအရေကတော့ သိပ်ပြီးမထိခိုက်လွယ်ပါဘူး။ မျက်နှာကတော့ မိတ်ကပ်တွေလိမ်းရတာများလို့ အဖုလေးတွေထွက်တတ်ပါတယ်။ အိမ်ပြန်ရောက်ရင်လည်း မိတ်ကပ်ကိုသေချာဖျက်ပါတယ်။ မျက်နှာကိုပိုပြီး ဂရုစိုက်ဖြစ်ပါတယ်။
အသားအရေလှပဖို့နဲ့ ကျန်းမာဖို့အတွက် အသီးအရွက်များများစားဖြစ်
အသားအရေစိုပြေလှပဖို့က အပြင်ပိုင်းလိမ်းခြယ်ပြုပြင်ထိန်းသိမ်းတာထက် အစားအသောက်နဲ့ထိန်းသိမ်းတာက ပိုပြီးအရေးကြီးပါတယ်။ အသားအရေအတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေကိုမှီဝဲတာက ပိုပြီးအကျိုးသက်ရောက်မှုရှိပါတယ်။ အဓိက အသီးအနှံ၊ အသီးအရွက်စားတာက အသားအရေအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။
ဇွန်သံစဉ် သုံးနေကျမိတ်ကပ် . . .
ညီမက ကိုယ်နဲ့မတည့်တဲ့မိတ်ကပ်တွေ Lotion တွေသုံးရင် အသားအရေက ယားလာတတ်ပါတယ်။ အဲ့ဒါကြောင့်ညီမနဲ့တည့်တဲ့ မိတ်ကပ်အမျိုးအစားဖြစ်တဲ့ BSC တစ်မျိုးတည်းကိုပဲ သုံးဖြစ်နေပါတယ်။ တစ်ခါတလေကျရင်လည်း မိတ်ကပ်ဆရာတွေပြင်ပေးတဲ့ မိတ်ကပ်ကိုလိမ်းခြယ်ဖြစ်ပါတယ်။ ညီမက ကိုယ်တိုင်မိတ်ကပ်တော့ သိပ်မပြင်တတ်ဘူး။ လိမ်းခြယ်ဖြစ်တယ်ဆိုရင်လည်း မျက်လုံးနဲ့နှာတံဖော်ရတာ သဘောကျပါတယ်။
ခန္ဓာကိုယ်အလှအတွက် လေ့ကျင့်ခန်းလုပ်ဖြစ် . . .
အဓိကအစားအစာနဲ့ ထိန်းသိမ်းဖြစ်တယ်။ ညီမခန္ဓာကိုယ်က စားရင်စားသလို ဝိတ်တက်တယ်။ ဝိတ်ချရင်လည်း ကျလွယ်ပါတယ်။ ညီမက ဗိုက်အဆီမထွက်အောင် သေချာဂရုစိုက်ပါတယ်။ ခါးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်ပါတယ်။ အားကစားအနေနဲ့ Gym ဆော့ဖြစ်ပါတယ်။
ပရဟိတအဖွဲ့ထောင်ပြီး ကူညီလှူဒါန်းနေ . . .
ပရဟိတအနေနဲ့ညီမကိုယ်တိုင် ဦးဆောင်ပြီးထောင်ထားတဲ့ မွန်မြတ်သစ္စာဆိုတဲ့ ပရဟိတအဖွဲ့လေးလည်းရှိပါတယ်။ အရင်တုန်းက ရေဘေးသင့်ပြည်သူတွေ၊ တခြားဒုက္ခရောက်တဲ့သူတွေကို ကူညီလှူဒါန်းမှုလေးတွေ လုပ်ဖြစ်တယ်။
အခုချိန်မှာတော့ ခဏနားထားပါတယ်။ တခြားပရဟိတအဖွဲ့တွေက ကမ်းလှမ်းတာမျိုးရှိရင်လည်း အလှူငွေလေးတွေထည့်ဖြစ်ပါတယ်။
ကိုယ့်လမ်းကြောင်းကို မှန်မှန်ကန်ကန်လျှောက်လှမ်း . .
ကောလာဟလကို သိပ်တော့ဂရုမစိုက်ပါဘူး။ ကိုယ့်ဘဝကို မှန်မှန်ကန်ကန်အောင်မြင်တိုးတက်ဖို့က အရေးကြီးပါတယ်။ ကိုယ်လျှောက်နေတဲ့လမ်းမှာ ကောင်းတာဝေဖန်တဲ့သူရှိသလို မဟုတ်တာပြောတဲ့သူလည်း ရှိမှာပဲ။
ကျန်းမာရေးစောက်ရှောက်မှုပုံစံ . . .
ညီမက နေမကောင်းတော့ဖြစ်ခဲတယ်။ တစ်ခါတလေ နှာစီးချောင်းဆိုးလောက်ပဲ ဖြစ်တာပါ။ လေကတော့ ခဏခဏအောင့်တတ်လို့ လေဆေးအမြဲဆောင်ထားတယ်။ အဓိက နယ်ခရီးတွေသွားရင် ဆေးဝါးမျိုးစုံယူဆောင်သွားဖြစ်ပါတယ်။