Healthy Life Ad
Health Tips

သခွားသီးကို ပိုစားသင့်သည့် ထိပ်တန်း အကြောင်းရင်း သုံးရပ်

(၁) လစ်ဂနင်ဓာတ် ပါဝင်မှုများခြင်း

သခွားသီးမှာ 3 Unique lignans ဓာတ်ပါဝင်မှုများတာကြောင့် နှလုံးရောဂါ အန္တရာယ်ကို လျော့ကျစေရုံသာမက ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ သားဥအိမ်ကင်ဆာ စတဲ့ ကင်ဆာ ဖြစ်နှုန်းကို လျော့နည်းစေပါတယ်။

(၂) ကူကာဘီတာစင် ပါဝင်ခြင်း

သခွားသီးမှာ ကူကာဘီတာစင်ဓာတ် ပါဝင်တဲ့အတွက် ကင်ဆာဆဲလ်ဖွံ့ဖြိုးမှုကို ပိတ်ပင်ဟန့်တားနိုင်ပြီး ကင်ဆာဆဲလ် ရှင်သန်မှုကို လျော့ကျစေပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတို့ကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၃) ဗီတာမင် B5၊ ဗီတာမင်ကေနှင့် ဗီတာမင်စီ ပါဝင်မှုများခြင်း

သခွားသီးမှာ ဗီတာမင် B5၊ ဗီတာမင်ကေနဲ့ ဗီတာမင်စီ ပါဝင်မှုများတာကြောင့် စွမ်းအင်တိုးစေပြီး အရိုးသန်စွမ်းကျန်းမာစေကာ အသည်းအဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။

Tip!

တစ်ပတ်မှာ အကြိမ်များများ သင်စားတဲ့ အစာထဲမှာ သခွားသီးထည့်စားပေးပါ။ သခွားသီးကို အစိမ်းလိုက်စားပါ၊ သုပ်စားပါ၊ အရည်ဖျော်သောက်ပါ။

Most Popular

Healthy Life Ad
To Top