Healthy Life Ad
Health Tips

အသက်ကြီးသည့်တိုင် မှတ်ဉာဏ်ကောင်းမွန်စေဖို့ လုပ်ဆောင်သင့်သည့် ဦးနှောက်လေ့ကျင့်ခန်းများ

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ဦးနှောက်လေ့ကျင့်ခန်းအသီးသီးဟာ မတူညီတဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း ကောင်းမွန်စေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေကို တစ်ပတ်မှာ အချိန်အနည်းငယ် လုပ်ဆောင်ပေးမယ်ဆိုရင် အသက်ဘယ်လောက်ကြီးကြီး ဦးနှောက်ရဲ့ ကြံ့ခိုင်သန်စွမ်းမှု တဖြည်းဖြည်း တိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။

အက္ခရာစာလုံးကို ဖြည့်စွက်ပါ
ကိန်းဂဏန်း ၁ ကနေ ၂၆ အထိ အင်္ဂလိပ်အက္ခ ရာတွေနဲ့ တွဲဖက်ကြည့်ပါ။ ဥပမာ A = ၁၊ B= ၂ ဆိုတာမျိုး လုပ်ကြည့်ပါ။ ပြီးရင် ပေါင်းလိုက်တဲ့အခါ ၄၀ ရတဲ့ ဂဏန်းနှစ်ခုကို စဉ်းစားပါ။ နောက်ထပ် စဉ်းစားသင့်တာက ဂဏန်းနှစ်ခု ပေါင်းခြင်းရလဒ် ၄၅၊ ၅၀ စသဖြင့် . . ဖြစ်ပါတယ်။

ကွန်ပျူတာမောက်စ်ကို သုံးပါ
ကွန်ပျူတာမောက်စ်ကို သုံးပြီး အလယ်က ဘီးကို အပေါ်အောက် ရွှေ့ကြည့်တာမျိုး လုပ်ကြည့်ပါ။

ဖုန်းဘီလ်ကို လေ့လာပါ
သင့်ဖုန်းထဲက ကျန်တဲ့ ဖုန်းဘီလ်ကို စစ်ပြီး သင်ဖုန်းခေါ်ခဲ့တဲ့ လူတွေကို ပြန်စဉ်းစားကြည့်ပါ။

ပြန်စဉ်းစားပါ
ကျောင်းမှာ သင်တက်ခဲ့တဲ့ အတန်းတစ်တန်း ချင်းဆီက ဆရာ၊ ဆရာမတွေရဲ့ နာမည်ကို ပြန်စဉ်းစားကြည့်ပါ။ ဆရာမတွေက ဘယ်လို လူမျိုးလဲဆိုတာအထိ အသေးစိတ် ပြန်စဉ်းစားကြည့်ပါ။
နောက်တစ်ဆင့်အနေနဲ့ သင်လုပ်ခဲ့တဲ့ အလုပ်နေရာ၊ သင်နေခဲ့ဖူးတဲ့ လမ်း၊ သင်တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ လုပ်ဖော်ကိုင်ဖက် စတာတွေကို ပြန်စဉ်းစားကြည့်ပါ။ သင်ဘယ်လောက် မှတ်မိနိုင်စွမ်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အံ့အားသင့်နေပါလိမ့်မယ်။

အောက်မှ အပေါ်သို့ ဖတ်ပါ
သတင်းစာ၊ ဂျာနယ်၊ စာအုပ် ဘာပဲဖတ်ဖတ် အောက်ကနေအပေါ်ကို ဖတ်တဲ့အကျင့် ပြောင်းလုပ်ကြည့်ပါ။ နည်းနည်း အားစိုက်ရလေလေ ဦးနှောက်ကို ပိုအလုပ်လုပ်ဖြစ်လေလေ ဖြစ်ပါတယ်။

စာလုံးပေါင်းကို လေ့လာပါ
ဥပမာ အင်္ဂလိပ်စာလုံး T နဲ့ စတဲ့ အင်္ဂလိပ်စာလုံးတွေကို နှစ်မိနစ်အတွင်း ဘယ်နှလုံးရသလဲဆိုတာ ချရေးတာမျိုး လုပ်ကြည့်ပါ။ (တခြားစာလုံးတွေ ဖြစ်တဲ့ M ၊ C ၊ O ၊ Y စသဖြင့် တစ်မျိုးပြီးတစ်မျိုး စမ်းသွားပါ။)

နာရီပုံစံ လုပ်ကြည့်ပါ
သင့်လက်နှစ်ဖက်ကို အသုံးချပြီး နာရီလက်တံတွေလိုလုပ်ကာ မျက်စိမှိတ်လိုက်ပါ။ တစ်မိနစ်ကြာရင် မိနစ်လက်တံအဖြစ် သတ်မှတ်ထားတဲ့သင့်လက်ကို ရွှေ့လိုက်ပါ။

Ref; RD

Most Popular

Healthy Life Ad
To Top