Healthy Life Ad
International

ဖေ့စ်ဘွတ်ခ်ပို့စ်ကြောင့် ဘဝပြောင်းစေမည့် ခွဲစိတ်စရိတ်ရရှိခဲ့သည့် အိန္ဒိယကလေးငယ်

မိုးမင်းထွန်း

ရှားပါးတဲ့မျက်လုံးကင်ဆာခံစားနေရတဲ့ အန်နီးအာရာရဲ့ဘယ်ဘက်မျက်လုံးမှာ ဘူးသီးလုံးလောက်ရှိတဲ့ အကျိတ်ဖုကြီးတစ်လုံး ဖြစ်ပေါ်နေပါတယ်။ ဒီခြောက်နှစ်အရွယ်ကလေးရဲ့ မိသားစုကစတာလင်ပေါင် ၁၀ဝ၀ ကျော်ကုန်ကျမယ့်ကုသစရိတ်ကို မတတ်နိုင်ပါဘူး။

ဒါပေမဲ့လူမှုရေးကွန်ယက်ပေါ်မှာ သူ့ဓာတ်ပုံကိုတင်ပေးတဲ့ စေတနာရှင်တစ်ယောက်ရဲ့ကျေးဇူးကြောင့် အိန္ဒိယနိုင်ငံဘာဂီရွာမှကလေးငယ်ဟာ ကမ္ဘာတစ်ဝှမ်းမှအလှူငွေ အမြောက်အများကိုရရှိခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ် အန်နီးရဲ့ပုံကိုတင်ပေးတဲ့ ဂါဗင်ဒါဆင်းချာဒါက –

“ ကျွန်တော်တို့ ဖြစ်နိုင်သမျှနည်းလမ်းတိုင်းကို ကြိုးစားခဲ့ကြပါတယ်။ အစိုးရအရာရှိတွေဆီ အကူအညီတောင်းတယ်။ ဒါပေမဲ့အချည်းနှီးပါ။ နောက်ဆုံးလူမှုကွန်ယက်ပေါ်က အကူအညီရှာတဲ့နည်းကို သုံးခဲ့တာပါ။ ဒီနည်းနဲ့အကူအညီတွေ ရလိုက်တဲ့အတွက် ဝမ်းသာမိပါတယ် “ လို့ ပြောပြပါတယ်။

ဖေ့စ်ဘွတ်ခ်ပို့စ်မှာဂါဗင်ဒါက ကလေးငယ်ခံစားနေရတဲ့ ရောဂါအကြောင်းအသေးစိတ်ကို ရှင်းပြထားပြီး လှူဒါန်းရမယ့်ဘဏ်အကောင့်နံပါတ်ကိုပါ ထည့်သွင်းပေးခဲ့ပါတယ်။

ဖေ့စ်ဘွတ်ခ်ပို့စ်ဟာ ၂၄ နာရီအတွင်း လူသိများခဲ့ကာ နယူးဇီလန်ကနေ အမေရိကန်အထိ ကမ္ဘာတစ်ဝှမ်းကအလှူရှင်တွေက လှူဒါန်းခဲ့ကြတာပါ။ အန်နီးရဲ့ခွဲစိတ်မှုကို ဘွတ်ကင်လုပ်ထားပြီဖြစ်ကာ မကြာခင်ခွဲစိတ်တော့မယ်လို့ သိရပါတယ်။

အန်နီးရဲ့မျက်လုံးကင်ဆာဟာ မျက်ကြည်လွှာရဲ့ မဖွံ့ဖြိုးသေးတဲ့ဆဲလ်တွေကနေ ဖြစ်ပေါ်တဲ့ကင်ဆာတစ်မျိုးဖြစ်ပြီး ရှားပါးပါတယ်။

ငယ်ရွယ်တဲ့ကလေးတွေမှာသာလျှင် ဖြစ်ပွားတတ်ပြီး ခွဲစိတ်မှုအတွင်း မျက်လုံးရဲ့အစိတ်အပိုင်းတချို့ကို ဖယ်ရှားရလေ့ရှိကာ လူနာရဲ့အမြင်အာရုံ ဆုံးရှုံးမှုအန္တရာယ်ကြုံတွေ့နိုင်တယ်လို့ သိရပါတယ်။ ယူကေနိုင်ငံမှာ ဒီလိုကင်ဆာမျိုး နှစ်စဉ် ၈၀ ခန့် ဖြစ်ပွားလေ့ရှိပါတယ်။

(Ref;DS)

Most Popular

Healthy Life Ad
To Top