Healthy Life Ad
Q & A

ခွဲလို့ အဆင်ပြေပါ့မလား

မေး. ကျွန်မအမေက အသက် ၇၉ နှစ်ပါ၊ အိမ်ထောင်မရှိတော့ပါ။ နေတာက ရန်ကုန်မှာပါ။ သားအိမ်ကျတယ်ပြောပါတယ်။ ရိုးရိုးအိမ်သာနဲ့သွားရင် ထွက်လာတယ်။ ဘိုထိုင်အိမ်သာနဲ့ဆိုရင်တော့ မထွက်ဘူးပြောပါတယ်။ ဖြစ်တာက (၁)လလောက်တော့ရှိပါပြီ။ ခွဲရမယ်ဆိုလို့ ဆေးစစ်ကြည့်တော့ B ပိုးရှိတယ် ပြောပါတယ်၊ HBsAg Positive ပါ။ အသည်းကြီးတယ်လည်းပြောပါတယ်။ ခွဲလို့ကောင်း၊ မကောင်း သိချင်လို့ပါ။ ခွဲလိုက်လို့အားနည်းသွားတဲ့အချိန်မှာ B ပိုးက ပိုဆိုးလာနိုင်ပါသလား။ ပြီးတော့ မေမေက ကြောက်တတ်တော့ ခွဲလို့ အဆင်ပြေ/မပြေသိချင်ပါတယ်။ ခွဲတာနဲ့မခွဲတာ ဘယ်ဟာကပိုသင့်တော်ပါသလဲ။ ဆေးစစ်ချက်တွေကိုလည်း ထည့်ပေးလိုက်ပါတယ်။

ဒေါက်တာတင့်ဆွေမှ ဖြေကြားပေးပါသည်။

ဖြေ. – Cystocele ဆိုတာ ဆီးအိမ်ကျတာ၊

– Atrophic uterus with UVP သားအိမ်သေးပြီး သားအိမ်ကျ (ဆီးအိမ်ကျ) နေတယ်။

– Suspicious of mass in POD, ၊ Rectal mass သားအိမ်နောက်နားကနေရမှာ တခုခုရှိနေတယ်။ အစာဟောင်းလဲဖြစ်နိုင်တယ်။

– HBsAg +ve ဆိုတာ အသဲရောင် (ဘီ) ပိုးဝင်တာ ခံထားရတယ်။

– HCVAb –ve ဆိုတာ အသဲရောင် (စီ) ပိုး မရှိဘူး။

– Suspicious minimal fibrotic Koch’s lesion at right upper zone အဆုတ်ညာ ဘက်အပေါ်ပိုင်းမှာ တီဘီကိုသံသယရှိတယ်။

– Basal chest infection အဆုတ်အောက်ခြေမှာ ပိုးဝင်ထားတယ်။

– Mild cardiomegaly နှလုံး နည်းနည်းကြီးနေတယ်။

– Stool for Occult blood +ve ဝမ်းထဲမှာ မှန်ဘီလူးနဲ့သာမြင်ရတဲ့ သွေးပါနေတယ်။

ဆီးအိမ် (သားအိမ်) ကျတာက အနေရ-အထိုင်ရ-အသွားရ မခက်သေးရင် မခွဲဘဲနေနိုင်တယ်။ အဆင့် ၃ ဆင့်ရှိတယ်။ ဆိုးရင်တော့ လမ်းသွားလို့ ခက်စေတယ်။ အသက်ကို ဘယ်လိုမှ ရန်မရှာပါ။ ခွဲရင် အနည်းဆုံး ခါးထုံဆေး၊ ဒါမှမဟုတ် မေ့ဆေးနဲ့ခွဲရတယ်။ လူနာက အဲဒါကို ခံရည်ရှိသလားဆိုတာ မေ့ဆေး ဆရာဝန်ကနေ စဉ်းစားဆုံးဖြတ်မှသာခွဲစေမယ်။

နှလုံး နည်းနည်းကြီးနေတာ၊ သားအိမ်သေးနေတာတွေ အသက်အရွယ်အရ ဖြစ်တာတွေမို့ စိုးရိမ်စရာ မလိုပါ။ ခွဲပေးမယ့်ဆရာဝန်ကလဲ အကျိုး-အပြစ် ချင့်ချိန်ပါမယ်။ လူနာနဲ့ ဆွေးနွေးပါမယ်။ အကောင်းဆုံးကို ဆုံးဖြတ်လုပ်ဆောင်ပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top