Healthy Life Ad
Health Tips

ပီကေဝါးတာကြောင့် ဘယ်လို ကောင်းကျိုးရှိသလဲ

ငွေကြယ်စင်ယံ

သကြားမပါတဲ့ ပီကေဝါးတာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

– ရိုးစင်းလွယ်ကူတဲ့ စိတ်ဖိစီးမှု ဖြေလျှော့နည်း ဖြစ်ပါတယ်

ပူပင်သောကများနေချိန်၊ စိတ်တို နေချိန်နဲ့ စိတ်ဖိစီးမှုများနေချိန်တွေမှာ ပီကေဝါးတာကြောင့် စိတ်သက်သာရာ ရစေနိုင်ပါတယ်။ ရုံးချိန်မမီမှာစိုးလို့ ကားပိတ်နေချိန်မှာ ပီကေဝါးတာကြောင့် စိတ်သက်သာရာ ရတတ်ပါတယ်။

– ကိုယ်အလေးချိန် ထိန်းနည်း ဖြစ်ပါတယ်

ပီကေဝါးနေတာကြောင့် အစာစားချင်စိတ် လျော့နည်းသွားတတ်ပါတယ်။ အစာစားချိန်တစ်ချိန် နဲ့ တစ်ချိန်ကြား ပီကေဝါးပါ။ ဒါဆိုရင် သရေစာ စားချင်စိတ် အတန်အသင့် လျော့ကျသွားမှာ ဖြစ်ပါတယ်။ ပီကေဝါးတာကြောင့် တစ်နာရီကြာတိုင်း ၁၁ ကယ်လိုရီ လောင်ကျွမ်းစေတယ်လို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

– တက်ကြွစေတဲ့ နည်း ဖြစ်ပါတယ်

အိပ်ငိုက်လို့၊ နုံးချည့်လို့၊ ပျင်းရိလို့ ကော်ဖီနဲ့ စွမ်းအားဖြည့် အချိုရည်တွေ သောက်မယ့်အစား ပီကေဝါးလိုက်ပါ။ လေ့လာမှုတချို့အရ ပီကေဝါး တာကြောင့် အိပ်ငိုက်ပြေစေပြီး တက်ကြွကာ အာရုံ စူးစိုက်နိုင်စွမ်း သိသိသာသာ တိုးတက်လာမှာ ဖြစ်တယ်လို့သိရပါတယ်။ ခရီးရှည်ကို ကားမောင်းသွား တဲ့အခါ၊ တစ်ညလုံး အလုပ်လုပ်ရတဲ့အခါ ပီကေဝါး တာက တက်ကြွလန်းဆန်းစေတဲ့ နည်းပါ။

– သွားဖြူစေတဲ့ နည်းဖြစ်ပါတယ်

Xylitol ပါတဲ့ ပီကေဝါးတာကြောင့် သွားတွေကို ဖြူစင်စေပါတယ်။ ပီကေထဲမှာ ပါတဲ့ ဆက်ခရင်း ဓာတုပစ္စည်းက တံတွေးအထွက်နှုန်းကို လှုံ့ဆော် ပေးတဲ့အတွက် သွားမျက်နှာပြင်ကို ဖြူစင်စေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ခံတွင်းနံ့လည်း သင်းပျံ့နေ ပါလိမ့်မယ်။

– အစာအိမ်ဝေဒနာကို သက်သာစေတဲ့ နည်းဖြစ်ပါတယ်

ထမင်းစားပြီး ပီကေဝါးတာကြောင့် ခံတွင်းနံ့ သင်းပျံ့ရုံသာမက အစာအိမ်မအီမသာ ဖြစ်တာကို သက်သာစေပါတယ်။ ပီကေဝါးတာကြောင် ့တံတွေး အထွက်နှုန်း တိုးစေပြီး အစာအိမ်အက်ဆစ်အပိုတွေ ကို ချေဖျက်ပေးပါတယ်။

– လေယာဉ်စီးချိန် နားကိုက်ဝေဒနာကို သက်သာစေတဲ့ နည်းဖြစ်ပါတယ်

လေယာဉ်အဆင်းအတက်တွေမှာ မနှစ်မြို့ဖွယ်ရာ ကောင်းတဲ့ နားကိုက်ဝေဒနာ သက်သာစေဖို့ ပီကေဝါးပါ။

Most Popular

Healthy Life Ad
To Top