Healthy Life Ad
Health Tips

ထောပတ်သီး၏ အလှအပစွမ်းပကား

၊ လရိပ်မေ ၊

ဈေးထဲမှာ ပေါပေါများများ ဝယ်ယူရရှိနေတဲ့ ထောပတ်သီးတွေမှာ အသားအရေနဲ့ ဆံပင်သား အတွက် ကောင်းကျိုးများစွာ ရှိပါတယ်။

– ထောပတ်သီးမှာပါဝင်တဲ့ အမျှင်ဓာတ်တွေကြောင့် အသားအရေကိုလှပစေပါတယ်။ ထောပတ်သီးမှာ ဗီတာမင်စီ၊ အီး၊ ကေ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီမယ်တို့ ပါဝင်မှုများပါတယ်။

– ထောပတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အီးဟာ အင်တီအောက်ဆီးဒင့်ဖြစ်တာကြောင့် အရေး ကြောင်းမဖြစ်အောင် ကာကွယ်နိုင်သလို ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့နဲ့ လေထုညစ်ညမ်းမှုကြောင့် အရေပြားထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

– ထောပတ်သီးမှာပါတဲ့ အဆီဓာတ် ၆၀ ရာခိုင်နှုန်းဟာ မိုနိုမပြည့်ဝဆီဖြစ်တဲ့အပြင် ကိုလက်စထ ရောလည်း မပါဝင်ပါဘူး။
မိုနိုမပြည့်ဝဆီဟာ နှလုံးကျန်းမာရေးနဲ့ ညီညွတ်ပြီး မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျ စေပါတယ်။ ဒါ့အပြင် အသားအရေမှာ အစိုဓာတ် ပြည့်ဝနေစေပြီး အသားအရေကို ယားယံမှု ကင်းကာ ကြည့်ကောင်းစေပါတယ်။

– ထောပတ်သီးဟာ အသားအရေမှာ ရေဓာတ်ပြည့်ဝစေပြီး နုပျိုတင်းရင်းကာ အရေးကြောင်း ပါးပါးကို လျော့ကျစေပါတယ်။ အထူးသဖြင့် ခြောက်သွေ့တဲ့ အသားအရေအတွက် ပြီးပြည့်စုံတဲ့ အစိုဓာတ်ထိန်း အာနိသင်ရှိပါတယ်။
ပြုလုပ်ရမယ့်နည်းက သန့်စင်ထားတဲ့ မျက်နှာပေါ် ထောပတ်သီးအနှစ်သား သုတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်ကြာမှ မျက်နှာကို ရေနဲ့ ဆေးကြောလိုက်ပါ။

– ဆံပင်သားဟာ ပရိုတင်းဓာတ်ရရှိမှ ကျန်းမာ သန်စွမ်းကာ တောက်ပြောင်မှုရှိမှာပါ။ ထောပတ်သီးမှာ ကောင်းတဲ့ အဆီ၊ အိုမီဂါ ၃ ဖက်တီးအက်စစ်နဲ့ ဘိုင် အိုတင်ဓာတ်တွေ ပါဝင်မှုရှိပါတယ်။ ဒါကြောင့် ထော ပတ်သီးကိုလိမ်းတာနဲ့စားတာကြောင့် ဆံပင်သားကို ကျန်းမာလှပစေပါတယ်။

(Def;ND)

Most Popular

Healthy Life Ad
To Top