Healthy Life Ad
Health Tips

တစ်ကိုယ်လုံး လှပကြည့်ကောင်းဖို့ရာ အရေးပါလှသည့် ဘိုင်အိုတင်ဓာတ်

ငွေကြယ်စင်ယံ

ဘိုင်အိုတင်က ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပေမယ့် သူ့ကို တစ်ခါတလေ ဗီတာမင် H လို့ ခေါ်ဝေါ်လေ့ရှိပါတယ်။ ဘိုင်အိုတင်က စွမ်းအင်ထုတ်လုပ်မှုနဲ့ အာရုံကြောကျန်းမာရေးအတွက် အလွန်အရေးပါပြီး နှလုံးနဲ့သွေးကြောကို ကျန်းမာစေပါတယ်။

ဘိုင်အိုတင်က ရေမှာ ပျော်ဝင်တဲ့ အာဟာရဓာတ်ဖြစ်ပြီး ပမာဏများနေရင် ဆီးကတစ်ဆင့် စွန့်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ ဘိုင်အိုတင်များများ မှီဝဲမိရင် ပျို့ချင်အန်ချင်ဖြစ်တာလို အပျော့စားအစာခြေလမ်းကြောင်း ဝေဒနာရတတ်ပါတယ်။

ဘိုင်အိုတင်ပါဝင်တဲ့ အစာတွေများများရှိတဲ့အတွက် နေ့တိုင်းကောင်းမွန်မျှတတဲ့အစာ စားမယ်ဆိုရင် ဘိုင်အိုတင် အလုံအလောက် ရပါလိမ့်မယ်။ ဘိုင်အိုတင်ဓာတ်မှီဝဲတာကြောင့် အလှအပတင်မက ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

၁။ ဘိုင်အိုတင်ဓာတ်က အသားအရေ ပြဿနာတွေကို သက်သာစေပါတယ်
အရေပြားနီမြန်းတာ၊ အရေပြားရောင်ရမ်းတာ၊ ဆိုးရီးယေးစစ်ဖြစ်တာနဲ့ ဝက်ခြံပေါက်တာ စတဲ့အရေပြား ပြဿနာတွေဖြစ်ရင် ကိုယ့်ကိုယုံကြည်မှု လျော့ရဲသွားတတ်ပါ တယ်။ ဘိုင်အိုတင်နဲ့ တခြားဗီတာမင်ဘီအုပ်စုက ဟော်မုန်းမမျှတမှုကို ထိန်းသိမ်းပေးပြီး အသားအရေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၂။ ဘိုင်အိုတင်ဓာတ်က လက်သည်း၊ ခြေသည်း သန်စွမ်းစေပါတယ်
အမျိုးသမီးအများစုက လက်သည်း၊ ခြေသည်းလှပလိုတဲ့အတွက် အလှပြင်ဆိုင်တွေသွားပြီး ပြုပြင်လေ့ရှိကြပါတယ်။ လက်သည်း၊ ခြေသည်း လှပချင်ရင် ဘိုင်အိုတင်ကိုလည်း မမေ့သင့်ပါဘူး၊ ဘိုင်အိုတင်မှီဝဲတဲ့အတွက် လက်သည်း၊ ခြေသည်း သန်စွမ်းထူထဲစေတဲ့အပြင် ကျိုးပဲ့ပြတ်တောက်မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၃။ ဘိုင်အိုတင်ဓာတ်က ဆံပင်သားထူထဲစေပါတယ်
ဆံပင်ကျဲပါးနေရင် နေ့စဉ်ဘိုင်အိုတင် ဓာတ်မှီဝဲသင့်ပါတယ်။ လေ့လာမှုအမျိုးမျိုးအရ ဘိုင်အိုတင်ဓာတ်က ဆံပင်ကျွတ်တာကို တွန်းလှန်ပေးပြီး ဆံပင်သားကို ကျန်းမာထူထဲလှပ စေတယ်လို့ သိရပါတယ်။

၄။ ဘိုင်အိုတင်ဓာတ်က ကိုယ်အလေးချိန် ထိန်းသိမ်းပေးပါတယ်
ဘိုင်အိုတင်ဓာတ်က စွမ်းအင်ထွက်ရှိစေတဲ့ အာဟာရဓာတ်ပါ။ ဒါကြောင့် ကိုယ်အလေးချိန်ထိန်းနိုင်ဖို့ ဘိုင်အိုတင်ပါတဲ့ အစာစားသင့်တဲ့အပြင် လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ရပါမယ်။

၅။ ဘိုင်အိုတင်ဓာတ်က သွေးတွင်းသကြားဓာတ် ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်
ဆီးချိုရောဂါရှိသူနဲ့ အဝလွန်သူတွေက အင်ဆူလင် ခုခံနိုင်စွမ်းမှာ ပြဿနာရှိကြပါတယ်။ အဲဒီအတွက် သွေးတွင်းသကြားဓာတ်မြင့်တက်ရာက သွေးတိုးတာ၊ နုံးတာနဲ့အဆက်မပြတ် ဆာလောင်တာတို့ ဖြစ်တတ်ပါတယ်။ ဒီလက္ခဏာတွေက ဘိုင်အိုတင် ပုံမှန်ရရှိသူတွေမှာ ရှောင်လွှဲနိုင်ပါတယ်။

ဘိုင်အိုတင်ဓာတ်များစွာ ပါဝင်သည့် အစာများ

ဘိုင်အိုတင်ဓာတ်များများပါဝင်တဲ့ အစာ တွေက-

-မြေပဲ၊

-Almond သစ်စေ့၊

-သီဟိုဠ်စေ့၊

-ဥအမျိုးမျိုး၊

-ကြက်သွန်နီ၊

-ကန်စွန်းဥ၊

-ဂျုံမှုန့်၊

-ခရမ်းချဉ်သီး၊

-မုန်လာဥနီနဲ့

-ဆယ်လ်မွန်ငါးတို့ ဖြစ်ကြပါတယ်။

Ref; HD

Most Popular

Healthy Life Ad
To Top