Healthy Life Ad
Life Style

ရေရှည်ကွမ်းစားပြီး သွားဝါကာ ထိခိုက်နေသူများ ပုံမှန်သွား ပြန်ရစေရန် လုပ်ဆောင်နိုင်

ဇွန်ခိုင်ဦး ( ဆေးဝါးတက္ကသိုလ် )

ကွမ်းယာကို ရေရှည်စားသုံးသူများ ကွမ်းဖြတ်မည်ဟု ဆုံးဖြတ်ပြီးလျှင် သွားဂျိုးများ၊ ကျောက်များကပ်ငြိခြင်းနှင့် သွားအရောင်စွန်းထင်ခြင်းတို့အတွက် သေချာကုသမှုခံယူလိုက်ပါက မူလသွားအတိုင်း ပြန်လည်ရရှိစေနိုင်ကြောင်း မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခဦးကိုကို မောင်က Healthy life ဂျာနယ်သို့ ပြောကြားခဲ့သည်။

“ ကွမ်းကို ရေရှည်စားတဲ့ သူတွေမှာ သွားကျောက်တွေ၊ ဂျိုးတွေရှိနေမယ်၊ သွားအရောင် စွန်းထင်းနေမယ် . . အဲဒီလိုအချိန်မှာ ကွမ်းကို တကယ်ဖြတ်မှာလားဆိုတာကို စိတ်ကယတိပြတ်ဆုံးဖြတ်ရပါမယ်။ ကွမ်းဖြတ်မယ်လို့ ဆုံးဖြတ်ပြီးရင် သွားဆရာဝန်ဆီ သန့်ရှင်းရေးလုပ်လိုက်တဲ့အခါ ကျောက်တွေ၊ ဂျိုးတွေ၊ အရောင်တွေ စွန်းထင်းနေတာတွေ သန့်စင်သွားမယ်၊ သွားအရောင်ဖြူသွားမယ် . . ဒါပေမဲ့ အဲဒီလိုလုပ်ပြီး ကွမ်းပြန်စားမယ်ဆိုရင် ဘာမှမထူးဘူး” ဟု ပါမောက္ခဦးကိုကိုမောင်က ဆိုသည်။

သွားတွင် ဂျိုးများ၊ ကျောက်များရှိနေရုံဆိုလျှင် သန့်ရှင်းရေး လုပ်ခြင်းဖြင့် ပျောက်သွားနိုင်ကြောင်း၊ အချို့လူများတွင် သွားအညစ်အကြေးများ၊ စွန်းထင်းကာ အရောင်ပြောင်းခြင်းများ ဖြစ်နေလျှင် သွားဆရာဝန်၏ ချိန်းဆိုချက်အတိုင်း သွားရောက်ကာ ဓာတုပစ္စည်းများဖြင့် ကြေးချွတ ခြင်းများ ပြုလုပ်သင့်ကြောင်း သိရသည်။

“ ဆေးလိပ်သောက်ရင် ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းကြောင့် သွားတွေကို စွန်းထင်းစေတယ်၊ ဆေးလိပ်ကြောင့် ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေမှာ ကင်ဆာဖြစ်တာအပြင် ခံတွင်းကင်ဆာ ဖြစ်စေနိုင်ပါတယ်၊ ခံတွင်းနံ့လည်းနံစေပါတယ်. . ဒါကြောင့် ကွမ်းလိုပဲ ဆေးလိပ်ကလည်း ဖြတ်သင့်ပါတယ် ” ဟ ုပါမောက္ခဦးကိုကိုမောင်က တိုက်တွန်းပြောကြားခဲ့သည်။

Most Popular

Healthy Life Ad
To Top