Healthy Life Ad
Health Tips

သကြား၏ အလှအပအစွမ်း

၊ ငွေကြယ်စင်ယံ ၊
သကြားစားတာများရင် သွားထိခိုက်စေသလို ကိုယ်နေဟန်ပျက်စေနိုင်ကာ ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဒါပေမဲ့ အလှအပအတွက် သကြားကို အသုံးပြုနိုင်ပါတယ်။

– အရေပြားဆဲလ်သေ ကင်းစင်စေခြင်း
သကြားက မျက်နှာအပြင် တစ်ကိုယ်လုံး အရေပြားကို ကြေးချွတ်ပေးနိုင်ပါတယ်။ သကြားမှုန်က အရေပြားဆဲလ်သေတွေကို ကွာကျစေတဲ့အပြင် အုန်းဆီနဲ့ရောပြီး ကြေးချွတ်တာကြောင့် အသားအရေ စိုပြည်သွားစေပါတယ်။ လက်တံတောင်ဆစ်၊ ဒူးခေါင်းနဲ့ ခြေကျင်းဝတ်နေရာတွေက အလွန်ခြောက်သွေ့တဲ့အတွက် အဲဒီနေရာတွေပေါ် အုန်းဆီနဲ့သကြားရောပြီး သုတ်လိမ်းပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

– ချွေးပေါက်ပွင့်စေခြင်း
ချွေးပေါက်ထဲမှာ ပိတ်နေတဲ့ အဆီပို၊ အညစ်အကြေးနဲ့ တခြားအညစ်အကြေးတွေကို ဖယ်ရှားပေးမှသာ ချွေးပေါက်ပွင့်ပြီး ဝက်ခြံနဲ့ အဖုအပိမ့်တွေ မဖြစ်အောင် ကာကွယ်နိုင်မှာပါ။ သကြားကို သံပရိုသီးရည်အစက် အနည်းငယ်နဲ့ရောပြီး မျက်နှာအသားအရေပေါ်လိမ်းကာ ညင်ညင်သာသာ နှိပ်ပေးပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ဆေး ကြောလိုက်ပါ။ နောက်ဆုံးမှာ ချွေးပေါက်ပွင့်သွားစေဖို့ ရေအေးနဲ့ ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

– နှုတ်ခမ်းသား ချောမွေ့စေခြင်း
တစ်ခါတလေ နှုတ်ခမ်းသား နူးညံ့ပျော့ပျောင်းသွားအောင် ညင်ညင်သာသာ ကြေးချွတ်သန့်စင်ပေးဖို့ လိုပါတယ်။ နှုတ်ခမ်းသားကို နှိပ်နယ်ပေးတာက ပြည့်တင်းလာစေပါတယ်။ နှုတ်ခမ်းသား ချောမွေ့စေဖို့ ရေနဲ့အရင်စိုအောင်လုပ်ပြီး သကြားပွတ်လိမ်းကာ စက်ဝိုင်းပုံစံ လှည့်လည်နှိပ်ပေးပါ။ နှုတ်ခမ်းသားက အလွန်ထိခိုက်လွယ်တဲ့အတွက် အကြမ်းပတမ်းမလုပ်ပါနဲ့။ ပြီးရင်ရေနဲ့ဆေးကာ နှုတ်ခမ်းဆိုးဆေးအဆီ ဆိုးပေးပါ။

– ညိုဝင်းသော အသားအရေကို စိုပြည်စေခြင်း
အသားညိုအောင် နေရောင်ခံပြီးတဲ့အခါ ဒါမှမဟုတ် ပင်ကိုအသားအရေညိုနေတဲ့အခါ အရေပြားဆဲလ်သေတွေ ကင်းသွားအောင် သကြားကိုသုံးပါ။ သကြားနဲ့သံလွင်ဆီရောပြီး အရေပြားကိုပွတ်ကာ စက်ဝိုင်းပုံစံ လှည့်လည်နှိပ်ပေးပါ။ အရေပြားဆဲလ်သေတွေ ကင်းစင်သွားကာ ညိုဝင်းတဲ့အသားအရေက စိုပြည်ကြည့်ကောင်းနေပါလိမ့်မယ်။
(Def; HD)

Most Popular

Healthy Life Ad
To Top