Healthy Life Ad
Health Tips

သကြားပါဝင်မှုများတဲ့ အစားအသောက်တွေကို အကြိုက်နည်းသွားစေမယ့် နည်းငါးသွယ်

———၊ ငွေကြယ်စင်ယံ ၊———

သကြားပါဝင်မှုများတဲ့ အစားအသောက်တွေကို စားသောက်မှုနည်းသွားစေမယ့် နည်းလမ်းကောင်းငါးရပ်ကို အကြံပြုလိုက်ပါတယ်။

(၁) ရေများများသောက်ခြင်း

နေ့စဉ်နေ့တိုင်း ရေဖန်ခွက်ရှစ်ခွက် သောက်ပေးပါ။ သကြားများတဲ့ အချိုရည်၊ ဆော်ဒါနဲ့ ကော်ဖီတို့ သောက်ချင်စိတ်ဖြစ်တိုင်း ရေသောက်ပေးပါ။

(၂) အစာစားတိုင်း ပရိုတင်းဓာတ်ပါအောင် ထည့်စားခြင်း

ထမင်းစားတိုင်း ငါး၊ ကြက်ဥ၊ အခွံမာအစေ့အဆန်၊ ကြက်သား၊ ပဲအမျိုးမျိုး စတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်အောင် ထည့်စားပေးသင့်ပါတယ်။

(၃) ကာဗိုဟိုက်ဒရိတ် (Complex Carbohydrate) စားခြင်း

ပဲစိမ်း၊ ပဲသီး၊ ကောက်နှံတစ်ခုလုံးအစာ (ဆန်လုံးညို၊ ခေါက်ဆွဲညို၊ ပေါင်မုန့်ညို)၊ ဟင်းသီးဟင်းရွက်စတဲ့ အစာတွေမှာ Complex Carbohydrate ပါတဲ့အတွက် ရွေးစားပေးပါ။

(၄) ကျန်းမာရေးနှင့် ညီညွတ်သော အဆီစားခြင်း

အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှုများတဲ့ ထောပတ်သီး၊ ငါး၊ အခွံမာသီးနဲ့ အစေ့အဆန် စတဲ့ အစားအသောက်တွေကို စားပေးပါ။

(၅) အိပ်စက်အနားယူခြင်း

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့အိပ်ရင် ကယ်လိုရီများများ စားချင်စိတ်ဖြစ်ပေါ်ပြီး သကြားကဲတဲ့ အစားအသောက်တွေကို စားချင်နေတတ်ပါတယ်။

Most Popular

Healthy Life Ad
To Top