Healthy Life Ad
Health Tips

သုတေသနရလဒ်များအရ တွေ့ရသည့် ဆီးချိုသွေးချိုရောဂါ ဖြစ်စေနိုင်သော အံ့ဖွယ်အကျင့်များ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ကိုယ်အလေးချိန်များတာ ဒါမှမဟုတ် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်စားတာတွေကြောင့် ဆီးချိုသွေးချိုရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် တချို့အလေ့အကျင့်တွေကလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်စေနိုင်တာကို အံ့အားသင့်ဖွယ်ရာ တွေ့ရှိနိုင်ပါတယ်။

ကော်ဖီဖြတ်ခြင်း
ကော်ဖီသောက်တာကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဟားဗတ်ဆေးကျောင်းက လေ့လာမှုတစ်ခုအရ တစ်နေ့မှာ ကော် ဖီခြောက်ခွက်သောက်သူတွေက ကော်ဖီလုံးဝမသောက်သူတွေနဲ့ ယှဉ်ရင် ဆီးချိုရောဂါဖြစ်နှုန်း ၃၃ ရာခိုင်နှုန်း ပိုမို လျော့ကျမှုရှိတယ်လို့ သိရပါတယ်။ ကော်ဖီထဲက တချို့ဓာတ်တွေက အင်ဆူလင်ခုခံနိုင်စွမ်းကို လျော့ကျစေပြီး ဂလူးကို့စ်ချေဖျက်မှုစနစ်ကို အားကောင်းစေလို့ ဖြစ်ကြောင်း သိရပါတယ်။

ညဉ့်နက်သည်အထိ အိပ်မပျော်ခြင်း
ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေတာက သင့်ကို ဆီးချိုဖြစ်နိုင်ခြေများစေတဲ့ အချက်ပါ။ လတ်တလော ကိုရီးယားလေ့လာမှုတစ်ခုအရ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေသူတွေက စောစောအိပ်စက်အနား ယူလေ့ရှိသူတွေထက် (အိပ်ချိန် ၇-၈နာရီချင်း တူရင်တောင်) ဆီးချိုရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ သိရပါတယ်။ အကြောင်းကတော့ ညဉ့်နက်တဲ့အထိ မအိပ်ဘဲနေသူတွေက တီဗီနဲ့ လက်ကိုင်ဖုန်းကလာတဲ့ အလင်းရောင်နဲ့ ထိတွေ့မှုပိုများပြီး သွေးတွင်းသကြားဓာတ် ထိန်းနိုင်စွမ်း လျော့ကျတာကြောင့် ဖြစ်ရလို့ပါ။ ညဉ့်နက်တဲ့အထိနေတာကြောင့် အိပ်စက်မှု စွမ်းရည်ကိုလျော့ကျစေပြီး အိပ်ရေးပျက်စေ နိုင်ပါတယ်။

အကျိုးပြုဘက်တီးရီးယား မှီဝဲမှု နည်းခြင်း
အူလမ်းကြောင်းထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားထက် မကောင်းတဲ့ ဘက်တီးရီးယားတွေပိုများတာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုမြင့်တက်လာပါတယ်။ သင့်အစာအိမ်က ကောင်းကောင်း အစာကြေညက်ဖို့အတွက် အကျိုးပြုဘက်တီးရီးယား လိုအပ်နေပါတယ်။ တကယ်လို့ အကျိုးပြုဘက်တီးရီးယားပမာဏ နည်းနေရင် ရောင်ရမ်းမှုကို ဖြစ်စေပြီး အင်ဆူလင်ခုခံမှု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ ဂေါ်ဖီချဉ်တို့ကို စားပေးပါ။

ပလတ်စတစ်ခွက်ထဲ အစာထည့်ပြီး မိုက်ခရိုဝေ့ဖ် မီးဖိုထဲတွင် နွှေးခြင်း
အစာစားပြီး ကျန်နေလို့ ပြန်နွှေးတဲ့အခါ မိုက်ခရိုဝေ့ဖ်မီးဖိုထဲမှာ ပလတ်စတစ်ခွက်ထဲ ထည့်ပြီး ပြန်နွှေးရင် ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါလိမ့်မယ်။ ပလတ်စတစ်ခွက်ကို အပူပေးလိုက်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းနှစ်မျိုးက ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ ဆီးချိုရောဂါဖြစ်နှုန်း မြင့်တက်မှုနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်တယ်လို့ နယူးယော့ခ်ဆေးစင်တာမှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။ အဲဒီဓာတုပစ္စည်းတွေက အင်ဆူလင်ခုခံမှု ဖြစ်စေပြီး သွေးတိုးလာနိုင်ပါတယ်။

နေခြည်နုနု မရခြင်
နေခြည်နုနုမခံယူတာကြောင့် ဆီးချိုရောဂါ အန္တရာယ်ကို မြင့်တက်စေနိုင်ပါတယ်။ စပိန်လေ့လာမှုအသစ်အရ ဗီတာမင်ဒီချို့တဲ့သူတွေဟာ ဆီးချိုရောဂါနဲ့ အကြိုဆီးချိုရောဂါ ဖြစ်နှုန်း ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အကြောင်းကတော့ နေရောင်ခြည်က အင်ဆူလင်ထွက်ရှိကာ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတဲ့ ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာ ကို ကောင်းမွန်စေလို့ ဖြစ်ပါတယ်။ နေခြည်နုနု မခံယူ ဖြစ်ရင် ဆယ်လ်မွန်ငါး၊ နွားနို့နဲ့ ကွေကာလို ဗီတာမင် ဒီ ပါဝင်တဲ့ အစားအသောက်တွေကို စားပေးပါ။

ားလပ်ရက်တွင် တီဗီ အလွန်အမင်း ကြည့်ခြင်း
ပစ္စဘာ့ဂ်တက္ကသိုလ်ရဲ့ လေ့လာမှုအရ တီဗီရှေ့မှာ တစ်နာရီကြာ ထိုင်ပြီး အချိန်ဖြုန်းတိုင်း ဆီးချို ရောဂါ ဖြစ်နိုင်ခြေ ၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း တွေ့ရှိခဲ့ရပါတယ်။ ထိုင်ချိန်များလွန်းတာကြောင့် ကိုယ်တွင်းအဆီ သိုလှောင်မှု မြင့်မားကာ ခါးအတိုင်းအတာ တုတ်လာတတ်ပါတယ်။ ခါးနဲ့ ဗိုက် တစ်ဝိုက်မှာ အဆီပိုတွေ များတာကြောင့် အင်ဆူလင် ခုခံမှုဖြစ်ပြီး ဆီးချိုရောဂါ ဖြစ်နိုင်ခြေ သိသိသာသာ မြင့်တက်လာနိုင်ပါတယ်။

နံနက်စာ မစားခြင်း
နံနက်စာ မစားဘဲနေတာကြောင့် အင်ဆူလင်အဆင့် အဟန့်အတား ဖြစ်ကာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ပိုခက်ခဲလာပါတယ်။

(Ref;RD)

Most Popular

Healthy Life Ad
To Top