Healthy Life Ad
Health Tips

ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ကျန်းမာနေစေမည့် အစွမ်းထက် အစာ ၉ မျိုး

၊ မီမိုး(ဆေးဝါးတက္ကသိုလ်) ၊
(၁) ဒိန်ချဉ်
ဒိန်ချဉ်မှာ ကယ်လ်ဆီယမ်နဲ့ အကျိုးပြုဘက်တီးရီးယားတို့ ပါဝင်နေပါတယ်။

(၂) ဥအမျိုးမျိုး
ကြက်ဥ၊ ဘဲဥ စတဲ့ ဥအမျိုးမျိုးမှာ ဗီတာမင်အေ၊ သံဓာတ်နဲ့ ပရိုတင်းဓာတ်တို့ ပါဝင်ပါတယ်။

(၃) ဆယ်လ်မွန်ငါး
ဆယ်လ်မွန်ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပါဝင်နေပါတယ်။

(၄) စတော်ဘယ်ရီသီး
စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးနဲ့ ခရင်မ်ဘယ်ရီသီးတွေမှာ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တို့ ပါရှိပါတယ်။

(၅) ကိုက်လန်နှင့် ဟင်းနုနယ်ရွက်
ကိုက်လန်နဲ့ ဟင်းနုနယ်ရွက်မှာ ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင်အေတို့ ပါဝင်ပါတယ်။

(၆) ထောပတ်သီး
ထောပတ်သီးမှာ ပိုတက်ဆီယမ်၊ ဖောလစ်အက်ဆစ်၊ လူတင်ဓာတ်နဲ့ ကောင်းမွန်တဲ့ အဆီဓာတ်တို့ ပါဝင်နေပါတယ်။

(၇) ပဲသီးနှင့် ပဲနီလေး
ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ သံဓာတ်၊ ဖောလိတ်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ ဇင့်(သွပ်)ဓာတ် စတာတို့ ပါဝင်ပါတယ်။

(၈) အခွံမာသီးနှင့် အစေ့အဆန်
အမျှင်ဓာတ်၊ ဗီတာမင်အီးနဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတဲ့ အခွံမာသီးနဲ့ အစေ့အဆန်တွေကို စားပေးနိုင်ပါတယ်။

(၉) ကန်စွန်းဥ
ကန်စွန်းဥမှာ ဗီတာမင်အေနဲ့ ဗီတာမင်အီးတို့ ပါဝင်ပါတယ်။
(Ref; HD)

Most Popular

Healthy Life Ad
To Top