Healthy Life Ad
Life Style

မေဂရေ့စ်၏ ကျန်းမာလှပလူမှုဘဝ

G3

– လတ်တလော အနုပညာလှုပ်ရှားမှု . . .

မဂ္ဂဇင်းအတွက် အလှဓာတ်ပုံတွေရိုက်တယ်၊ ဂျာနယ်ဖိုတိုကာဗာတွေ ရိုက်ဖြစ်နေပါတယ်၊ သီချင်း MTV တွေ ရိုက်ဖြစ်နေပါတယ်။ ဒီလကုန်မှာတော့ ဒါရိုက်တာဦးမီးပွားရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးကို မင်းသားအလင်းရောင်နဲ့ ရိုက်ဖို့ရှိပါတယ်။

– အသားအရလှပဖို့အတွက် နေ့စဉ်ပုံမှန်ထိန်းသိမ်းဖြစ်ပုံ . . .

ညီမကအဓိက ရေများများသောက်တယ်၊ ပြီးတော့ ညီမအသားအရေက ထိခိုက်လွယ်တဲ့ အသားအရေမျိုးဖြစ်တဲ့အတွက် သေချာဂရုစိုက်ရပါတယ်။ အငန်အစပ်တော့ကြိုက်တယ်၊ အသားအရေနဲ့ မတည့်တဲ့အစာတွေကို လျှော့စားတာမျိုးရှိတယ်၊ မျက်နှာကိုတော့နေ့စဉ် မနက်တစ်ခါ၊ ညတစ်ခါ သေချာသစ်ပါတယ်၊ ပြီးတော့ ၃ရက်တစ်ခါ Scrub လိမ်းတယ်၊ ညီမအရင်တုန်းကတော့ မျက်နှာကိုနနွင်းမှုန့်နဲ့ နို့လိမ်းတာမျိုးလုပ်တယ်။ အခုနောက်ပိုင်းကျတော့ မလုပ်ဖြစ်တော့ပါဘူး။

G1

– ပြည်တွင်း၊ ပြည်ပသွားတဲ့အခါ ရာသီဥတုအပြောင်းအလဲကြောင့် အသားအရေဂရုစိုက်ရ . . .

အရမ်းကြီးဂရုစိုက်ရတာမျိုးတော့ မရှိပါဘူး၊ ကျန်းမာရေးချူချာတာလည်း သိပ်မရှိပါဘူး၊ အဓိက အသားအရေနဲ့ပတ်သက်ပြီး ဂရုစိုက်ရတာမျိုးပဲရှိတယ်၊ အရမ်းပူတာပဲဖြစ်ဖြစ် အေးတာပဲဖြစ်ဖြစ် အသားအရေကဂရုမစိုက်ပေးရင် ပျက်စီးတတ်တော့ အမြဲတမ်းလိုးရှင်းလိမ်းရတယ်။

– မေဂရေ့စ်ရဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းသိမ်းပုံ

ခန္ဓာကိုယ်အလေးချိန်ကတော့ ပုံမှန်ရှိနေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်လေးတွေကို ပုံမှန်စားဖြစ်နေပါတယ်။ ညီမက အစားအရမ်းကြိုက်တယ်။ ဒါပေမဲ့ ဝိတ်မတက်အောင်တော့ ဂရုစိုက်ပြီးနေပါတယ်။ ဝိတ်ကျအောင်ဆိုပြီး အားကစားလည်းသိပ်မလုပ်ဖြစ်ပါဘူး။

– မေဂရေ့စ်ရဲ့ ကျန်းမာရေးစောင့်ရှောက်ပုံ . . .

ကျန်းမာရေးစစ်ဆေးမှုတွေကတော့ လုပ်ဖြစ်ပါတယ်၊ အရမ်းကြီးနေမကောင်းတာတို့ မရှိပါဘူး၊ တစ်ခါတလေ ရာသီအကူးအပြောင်းတွေမှာ နှာစီးချောင်းဆိုးတာမျိုးတော့ ရှိပါတယ်၊ အခုလက်ရှိမှာလည်း ကျန်းမာရေးကောင်းပါတယ်။

– စိတ်ဖိစီးမှုများလာရင် အသက်ဝ၀ရှူပြီး အိပ်စက်ရင်းအနားယူ

ညီမကအလုပ်တွေက ဖိအားများလာရင် စိတ်ဖိစီးမှုတွေဖြစ်လွယ်တယ်။ အဲ့လို

စိတ်ဖိစီးမှုတွေဖြစ်ပြီဆိုရင် အရမ်းခင်တဲ့သူငယ်ချင်းတွေဆီဖုန်းဆက်ပြီး စကားအများကြီးပြောပြီး ရင်ဖွင့်လိုက်တယ်။

တစ်ခါတလေ အသက်ကိုဝအောင်ရှူပြီး ခဏအိပ်လိုက်ရင် သက်သာသွားတာမျိုးရှိပါတယ်။

G2

– အလုပ်လုပ်ရင်းအဆင်မပြေရင် ငိုပစ်လိုက်တယ် . .

မော်ဒယ်စလုပ်ခါစတုန်းကတော့ အဆင်မပြေမှုတွေ ဖြစ်ဖူးတယ်။ အသက်ကလည်း ငယ်သေးတာပါတာပေါ့။ သူငယ်ချင်းတွေအပေါ်က ဂျီကဂျောင်ကျတာမျိုးရှိတယ်။ စိတ်ဖိစီးမှုဖြစ်လာရင် ငိုပစ်လိုက်တယ်၊ အနုပညာအလုပ်ကို စွန့်လွတ်ချင်တဲ့စိတ်တော့ မဖြစ်ဘူးပါဘူး။

– ကျန်းမာရေးဗဟုသုတကို မိခင်ဆီကမေးမြန်းလေ့လာ . .

များသောအားဖြင့် အမေဆီကပဲမေးမြန်ပြီး လုပ်ဖြစ်တာမျိုးများတယ်။ ညီမရဲ့ အဖေနဲ့အမေကလည်း ကျန်းမာရေးမကောင်းရင် သေချာဂရုစိုက်ပေးပါတယ်။ တစ်ခါတလေ ညီမသိချင်တဲ့အကြောင်းအရာတွေရှိရင် အင်တာနက်ပေါ်မှာ ရှာဖွေလေ့လာဖြစ်ပါတယ်။

– ကျန်းမာရေးနဲ့အသားအရေအတွက် မေဂရေ့စ်လုပ်ဖူးတဲ့ နည်းလမ်း

ညီမကိုယ်တွေ့ကတော့ အရင်ကဆိုမိုးလင်းတိုင်း ရှောက်ပျားရည်သောက်ဖြစ်တယ်၊ တစ်လလောက်နေတော့ အသားအရေအတွက်ကော ကျန်းမာရေးအတွက်ပါ ကောင်းလာတာမျိုးရှိတယ်၊ ကျန်းမာရေးအတွက်ကတော့ ကောင်းမယ်ထင်တဲ့ဟာကို ပုံမှန်လေးလေ့လာလိုက်စားရင် အားလုံးကောင်းပါတယ်။

G4

– ပြည်တွင်းပြည်ပ ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်

ညီမကအရမ်းကြီးတော့ နားမလည်ပါဘူး၊ သူနေရာနဲ့သူတော့ အကောင်းဆုံးပဲလို့မြင်တယ်။ ညီမသိသလောက်တော့ မြန်မာပြည်ကဆရာဝန်တွေလည်း အရမ်းတော်ကြပါတယ်။

– ပရိသတ်တွေအတွက် မေဂရေ့စ်ပေးချင်တဲ့ ကျန်းမာရေးအကြံပြုချက်

ရာသီအကူးအပြောင်းကာလတွေမှာ ကျန်းမာရေးဂရုစိုက်ကြပါ၊ အခုလို အေးတဲ့ရာသီမှာလည်း နွေးနွေးထွေးထွေးနေကြပါလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top