Healthy Life Ad
Health Tips

သံပရိုသီးအခွံ၏ အလှအပ ကောင်းကျိုးများ

ငွေကြယ်စင်ယံ

သံပရိုသီးမှာ ဗီတာမင်စီ ပါဝင်တဲ့အပြင် အချဉ် အရသာရှိတဲ့အတွက် ကျန်းမာရေးအရ ကောင်းကျိုး များစွာ ရှိကြောင်း လူတိုင်း သိပြီး ဖြစ်မှာပါ။ အခုထပ်ပြီး သတင်းကောင်း ပါးချင်တာက သံပရိုသီးကို စားပြီးတာနဲ့ ဒီအတိုင်းလွှင့်မပစ်ဘဲ သံပရိုသီးအခွံကို အလှအပအတွက် အသုံးပြုလို့ရတယ် ဆိုတာပဲ ဖြစ်ပါတယ်။

– အသားအရေ လင်းလက်တောက်ပစေပါတယ်

သံပရိုသီးအခွံက အသားအရေ လင်းလက်စေ ရုံသာမက အသားအရေ ကြည်လင်ပြီး ကျန်းမာလှပ စေပါတယ်။

– လက်သည်းခြေသည်း ဖြူစေပါတယ်

သံပရိုသီးအခွံနဲ့ ပွတ်တိုက်ပေးရင် လက်သည်း ခြေသည်းတွေ သန်စွမ်းပြီး ဖြူစင်လာစေပါတယ်။

– သက်ကြီး အစက်အပြောက်တွေကို လင်းလက်စေ ပါတယ်

သံပရိုသီးအခွံကို ပွတ်လိမ်းပေးတာကြောင့် သက်ကြီး အစက်အပြောက်တွေကို ပါးသွားစေပါတယ်။ သံပရိုသီးအခွံလိမ်းပြီး တစ်နာရီလောက်ထားပါ။ နေရောင်ခြည် မကျရောက်ပါစေနဲ့၊ အစက်အပြောက်တွေကို ပိုဆိုးစေနိုင်လို့ပါ။

– ချွေးပေါက်ကျဉ်းစေပါတယ်

သံပရိုသီးအခွံကို မျက်နှာပေါ် တိုက်ရိုက် လိမ်း တာကြောင့် အသားအရေကို ချွေးပေါက်ကျဉ်းစေပါတယ်။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပြီး လိမ်းပေးကာ ရေနဲ့ ဆေးချလိုက်ပါ။

– ဝက်ခြံပျောက်စေပါတယ်

ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ ဝက်ခြံ ပျောက်စေဖို့ သံပရိုသီးအခွံကို အသုံးပြုနိုင်ပါတယ်။

– ခြေထောက်အနံ့ဆိုးကင်းပြီး အသားမာသက်သာ စေပါတယ်

သံပရိုသီးအခွံကို ပြုတ်ပြီး နွားနို့၊ သံလွင်ဆီ စ တာတွေနဲ့ ရောကာ ဇလုံတစ်လုံးထဲမှာ ရေနဲ့ ရောမွှေ ပါ။ ပြီးရင် ခြေထောက်စိမ်ပေးတာကြောင့် ခြေထောက်အနံ့ဆိုး ကင်းစေပြီး အသားမာတွေကို ပျော့ပျောင်းသွားစေပါတယ်။ အဲဒီအခါ အလွယ်တကူ ကြေးချွတ် သန့်စင်နိုင်ပါတယ်။

– လက်တံတောင်ဆစ်က အသားမာနဲ့ အညိုအမည်း စွဲတာတွေကို ပျော့ပျောင်းသွားစေပါတယ်

သံပရိုရည်နဲ့ ဆော်ဒါမှုန့်အနည်းငယ် ရောမွှေ ပြီး လက်တံတောင်ဆစ်ရှိ အသားမာနဲ့ အညိုအမည်း နေရာတွေကို လိမ်းပေးပါ။ ပြီးရင် သံပရိုသီးအခွံနဲ့ ပွတ်တိုက်ပေးပါ။ ခြောက်သွားမှ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

သံပရိုသီးမှာ ဗီတာမင်စီ ပါဝင်တဲ့အပြင် အချဉ် အရသာရှိတဲ့အတွက် ကျန်းမာရေးအရ ကောင်းကျိုး များစွာ ရှိကြောင်း လူတိုင်း သိပြီး ဖြစ်မှာပါ။ အခုထပ်ပြီး သတင်းကောင်း ပါးချင်တာက သံပရိုသီးကို စားပြီးတာနဲ့ ဒီအတိုင်းလွှင့်မပစ်ဘဲ သံပရိုသီးအခွံကို အလှအပအတွက် အသုံးပြုလို့ရတယ် ဆိုတာပဲ ဖြစ်ပါတယ်။

– အသားအရေ လင်းလက်တောက်ပစေပါတယ်

သံပရိုသီးအခွံက အသားအရေ လင်းလက်စေ ရုံသာမက အသားအရေ ကြည်လင်ပြီး ကျန်းမာလှပ စေပါတယ်။

– လက်သည်းခြေသည်း ဖြူစေပါတယ်

သံပရိုသီးအခွံနဲ့ ပွတ်တိုက်ပေးရင်
လက်သည်း ခြေသည်းတွေ သန်စွမ်းပြီး
ဖြူစင်လာစေပါတယ်။

– သက်ကြီး အစက်အပြောက်တွေကို လင်းလက်စေ ပါတယ်

သံပရိုသီးအခွံကို ပွတ်လိမ်းပေးတာကြောင့် သက်ကြီး အစက်အပြောက်တွေကို ပါးသွားစေပါတယ်။ သံပရိုသီးအခွံလိမ်းပြီး တစ်နာရီလောက်ထားပါ။ နေရောင်ခြည် မကျရောက်ပါစေနဲ့၊ အစက်အပြောက်တွေကို ပိုဆိုးစေနိုင်လို့ပ

– ချွေးပေါက်ကျဉ်းစေပါတယ်

သံပရိုသီးအခွံကို မျက်နှာပေါ် တိုက်ရိုက် လိမ်း တာကြောင့် အသားအရေကို ချွေးပေါက်ကျဉ်းစေပါတယ်။ မျက်ဝန်းတစ်ဝိုက်ကို ရှောင်ပြီး လိမ်းပေးကာ ရေနဲ့ ဆေးချလိုက်ပါ။

– ဝက်ခြံပျောက်စေပါတယ်

ဆယ်ကျော်သက်တွေမှာ အဖြစ်များတဲ့ ဝက်ခြံ ပျောက်စေဖို့ သံပရိုသီးအခွံကို အသုံးပြုနိုင်ပါတယ်။

– ခြေထောက်အနံ့ဆိုးကင်းပြီး အသားမာသက်သာ စေပါတယ်

သံပရိုသီးအခွံကို ပြုတ်ပြီး နွားနို့၊ သံလွင်ဆီ စ တာတွေနဲ့ ရောကာ ဇလုံတစ်လုံးထဲမှာ ရေနဲ့ ရောမွှေ ပါ။ ပြီးရင် ခြေထောက်စိမ်ပေးတာကြောင့် ခြေထောက်အနံ့ဆိုး ကင်းစေပြီး အသားမာတွေကို ပျော့ပျောင်းသွားစေပါတယ်။ အဲဒီအခါ အလွယ်တကူ ကြေးချွတ် သန့်စင်နိုင်ပါတယ်။

– လက်တံတောင်ဆစ်က အသားမာနဲ့ အညိုအမည်း စွဲတာတွေကို ပျော့ပျောင်းသွားစေပါတယ်

သံပရိုရည်နဲ့ ဆော်ဒါမှုန့်အနည်းငယ် ရောမွှေ ပြီး လက်တံတောင်ဆစ်ရှိ အသားမာနဲ့ အညိုအမည်း နေရာတွေကို လိမ်းပေးပါ။ ပြီးရင် သံပရိုသီးအခွံနဲ့ ပွတ်တိုက်ပေးပါ။ ခြောက်သွားမှ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top