Healthy Life Ad
Health Tips

ညဘက် ချွေးထွက်များနေသလား . . .

မီမိုး (ဆေးဝါးတက္ကသိုလ်)

ညဘက်ချွေးထွက်များပြီး အိပ်ရာခင်းနဲ့ အဝတ် အစားတွေက ချွေးတွေနဲ့ စေးထန်းနေရင် ဘာအကြောင်းကြောင့် ဖြစ်ရသလဲဆိုတာ ဆန်းစစ်ရှာဖွေပြီး ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

(၁) အာရုံကြောဆိုင်ရာ ဝေဒနာများ
အာရုံကြောဆိုင်ရာ ရောဂါဝေဒနာ တချို့ ဖြစ်တာကြောင့် ညဘက်မှာ ချွေးထွက်များတတ်ပါတယ်။

(၂) ဟော်မုန်းရောဂါ ဝေဒနာများ
ဟော်မုန်းအဆင့် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေသူတွေမှာ ညဘက် ချွေးထွက်တာနဲ့ ပူနွေးတာတို့ ဖြစ်တတ်ပါတယ်။ ဥပမာ သိုင်းရွိုက်ဟော်မုန်း လွန်ကဲတဲ့ အခြေအနေဖြစ်ရင် ချွေးထွက်တတ်ပါတယ်။

(၃) သွေးတွင်း သကြားဓာတ် ကျဆင်းခြင်း
သွေးတွင်းသကြားဓာတ် လျော့နည်းတာက ချွေးထွက်များစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

(၄) ဆေးကုသမှု
စိတ်ကျရောဂါ ကုသဆေး တချို့ကြောင့် ညဘက် ချွေးထွက်တာကို ဖြစ်စေပါတယ်။ စိတ်ကျရောဂါ ကုသဆေး မှီဝဲသူ ၈-၂၂ ရာခိုင်နှုန်းဟာ ညဘက် မှာ ချွေးထွက်များတတ်ပါတယ်။ ပါရာစီတမောနဲ့ အက်စ်ပရင်ဆေး မှီဝဲလေ ့ရှိသူတွေမှာလည်း ညဘက် ချွေးထွက်တတ်ပါတယ်။

(၅) ကင်ဆာ
တချို့ကင်ဆာရောဂါတွေ ခံစားရတာကြောင့် ညဘက် ချွေးထွက်များတာနဲ့အတူ ကိုယ်အလေးချိန် က အကြောင်းရင်း မည်မည်ရရ မရှိဘဲ ကျဆင်းတာနဲ့ ဖျားတာတို့ ဖြစ်တတ်ပါတယ်။

(၆) ကူးစက်ပိုးဝင်ခြင်း
ညဘက် ချွေးထွက်များတာနဲ့ ကူးစက်ပိုးဝင်တာ ကလည်း ဆက်စပ်မှုရှိပါတယ်။ တီဘီရောဂါဖြစ်ရင် ညဘက် ချွေးထွက်စေနိုင်ပါတယ်။ နှလုံးအဆို့ရှင် ရောင်ရမ်းတာ၊ အရိုးရောင်တာတွေက ညဘက် ချွေး ထွက်များစေတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။ HIV ပိုးဝင်တာကလည်း ညဘက် ချွေးထွက်များစေတဲ့ အကြောင်းရင်းတစ်ခုပါ။

(၇) ပင်ကို ချွေးထွက်များခြင်း
တချို့လူတွေမှာ ခန္ဓာကိုယ်က အကြောင်းရင်း မရှိဘဲ အလိုလို ချွေးထွက်များနေ တတ်ပါတယ်။

(၈) သွေးဆုံးခြင်း
သွေးဆုံးချိန်မှာ ညဘက် ပူစပ်ပူလောင်ဖြစ်ပြီး အမျိုးသမီးတွေက ချွေးထွက်များတတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top