Healthy Life Ad
Q & A

ခြေဖဝါးအကျိတ် နာနေတယ် . . .

မေး ။ ခြေဖဝါးမှာ အကျိတ်ပေါက်တာကကော ဘာဖြစ်တတ်ပါသလဲ ခင်ဗျ။ ဖိရင်နာပါတယ်။ စမ်းကြည့်ရင် အလုံးလေးဖြစ်နေပါတယ်။ တစ်ပတ်လောက်ရှိပါပြီ။ ဘယ်လိုလုပ်ရင် ပျောက်နိုင်ပါသလဲခင်ဗျာ။
သန့်ဇင်ဝင်း (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ ။ ဆရာ့ဆီကို ပြီးခဲ့တဲ့တစ်ပတ်လောက်ကပဲ ကိုသန့်ဇင်ဝင်းလို လူနာတစ်ယောက်လာပြခဲ့ပါတယ်။ ယေဘုယျအားဖြင့် ပြောရရင် ခြေဖဝါးမှာ ပြန်ရည်ကျိတ်ရှိတဲ့ နေရာမှာ ပိုးဝင်ပြီး ရောင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက လည်ပင်းအကျိတ်လိုပဲ နဂိုကတည်းက ရှိနေပြီးသား အကျိတ်က အကြောင်းအမျိုးမျိုးကြောင့် ကြီးလာတာမျိုး ဖြစ်နိုင်ပါတယ်။ ခြေဖဝါးမှာ ပြန်ရည်ကျိတ်ရှိတဲ့ နေရာနည်းပါတယ်၊ အဲဒီလို နည်းတဲ့အတွက် ခြေဖဝါးထဲမှာ ပိုးဝင်တာ ဖြစ်နိုင်ပါတယ်။ ဖိလို့နာတယ်ဆိုတော့ ပိုးဝင်တာပိုဖြစ်နိုင်ပါတယ်။ ဒီတော့ သက် သာအောင် ပဋိဇီဝပိုးသတ်ဆေး (Antibiotics) တစ်မျိုးကို ဆေးပတ်လည်အောင် သောက်ရပါမယ်။ အဲဒါကို သောက်လို့ ၄-၅ ရက်အတွင်း သက်သာမှု မရှိဘူးဆိုရင် သွေးစစ်ဆေးတာနဲ့ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။

Most Popular

Healthy Life Ad
To Top