Healthy Life Ad
Child

အသက်အရွယ်အလိုက် ကလေးကိုတောက်တိုမယ်ရ ခိုင်းသင့်သည့် အလုပ်များ

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကလေးတွေကို အရွယ်အလိုက် အိမ်အလုပ်လေးတွေ ကူညီလုပ်ဆောင်ခိုင်းတဲ့အခါ ကလေးတွေက သူတို့ကိုယ် သူတို့အားကိုးပြီး
တာဝန်သိစိတ်ပိုရှိလာစေပါတယ်။

အသက် ၂-၃ နှစ်အရွယ် ကလေး

အရုပ်တွေနဲ့ စာအုပ်တွေကို ကောက်ခိုင်းလို့ရနေပါပြီ။ သူကစားပြီးတဲ့ အရုပ်တွေ၊ စာအုပ်တွေကို နေရာတကျ ပြန်သိမ်းခိုင်းပါ။

အိမ်မွေးတိရစ္ဆာန်လေးတွေမွေးထားရင် အစာကျွေးခိုင်းပါ။

အမှိုက်တွေကြမ်းပြင်ပေါ်ကျရင် ကောက်ခိုင်းပါ။

ဖုန်မှုန့်တွေကို သုတ်ခိုင်းပါ။

အသက် ၄-၅ နှစ်အရွယ် ကလေး

စားပွဲကို ရှင်းခိုင်းပါ။ စာအုပ်တွေစီတာ၊ စာရွက်တွေထပ်တာ လုပ်ခိုင်းပါ။

ထမင်းကို စားပြီးတဲ့အခါ ပန်းကန်ဆေးတဲ့ ဘုံပိုင်ဆီသွားထားခိုင်းပါ။

အဝတ်အစားချွတ်ပြီး အဝတ်လျှော်ခြင်းတောင်း ထဲထည့်ခိုင်းပါ။

သတင်းစာတွေကို စီထားခိုင်းပါ။

ခြေအိတ်တွေကို ခေါက်ပြီး ထပ်ခိုင်းပါ။

အသက် ၆-၈ နှစ်အရွယ် ကလေး

အိမ်သာကို ဆေးခိုင်းပါ။

ကိုယ့်ပန်းကန်ကို ကိုယ်ဆေးခိုင်းပါ။

သစ်ရွက်ခြောက်တွေကို ကောက်ခိုင်းပါ။

သစ်ပင်၊ ပန်းပင်တွေကို ရေလောင်းခိုင်းပါ။

အမှိုက်ပုံးထဲကို အမှိုက်တွေကို သွားထည့်ခိုင်းပါ။

အသက် ၉-၁၁ နှစ်အရွယ် ကလေး

အိမ်သာ ဆေးခိုင်းပါ။

ကြမ်းပြင်ကို အမှိုက်လှည်းခိုင်းပါ။

မြက်နုတ်ခိုင်းပါ။

ခွေးနဲ့အတူ လမ်းလျှောက်ခိုင်းပါ။

ထမင်းပွဲပြင်ရာမှာ ကူလုပ်ခိုင်းပါ။

အသက် ၁၂ နှစ်အရွယ်နှင့် အထက်

ပြတင်းပေါက်တွေ၊ တံခါးပေါက်တွေကို ဆေးကြောခိုင်းပါ။

ကားအပြင်နဲ့ အတွင်းပိုင်းကို ဆေးကြောခိုင်းပါ။

ရေခဲသေတ္တာကို သန့်ရှင်းခိုင်းပါ။

ဟင်းရွက်တွေကို သင်ခိုင်းပါ။

အဝတ်ဟောင်းတွေကို အဝတ်လျှော်စက်ထဲထည့်ခိုင်းပါ။

Most Popular

Healthy Life Ad
To Top