Healthy Life Ad
Life Style

ရတနာဗိုလ်၏ ကျန်းမာလှပ လူမှုဘဝ

p5

အခုလတ်တလော ဂျာနယ်တွေ၊ မဂ္ဂဇင်းကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ တခြားကြော်ငြာတွေလည်း ရိုက်ဖြစ်နေပါတယ်။ ဒီနှစ်သင်္ကြန်ကတော့ မန္တလေး ဒါမှမဟုတ် နေပြည်တော်ကမဏ္ဍပ်တစ်ခုခုမှာ သီချင်းဆိုဖြစ်ဖို့တော့ ရှိပါတယ်။

အသားအရေမပျက်စီးအောင် ထိန်းသိမ်းပုံ

အရမ်းပူပြင်းတဲ့နွေရာသီမှာ Sun Cream များများ လိမ်းဖြစ်ပါတယ်။ အပြင်သွားရင်လည်း လက်ရှည်အင်္ကျီတွေ ဝတ်သွားပါတယ်။ အတတ်နိုင်ဆုံးတော့ နေပူတဲ့နေရာတွေ သိပ်မသွားပါဘူး။

p4

ညီမကမျက်နှာကိုတော့ သေချာဂရုစိုက်ဖြစ်ပါတယ်။ မိတ်ကပ်တွေ လိမ်းရတာများတော့ အမြဲတမ်းသန့်စင်ပေးတယ်။ ပြီးရင် Skin Care ပုံမှန်လိမ်းပါတယ်။ အဓိက အသားအရေလှပဖို့က ရေနဲ့အသီးအနှံ များများစားပါတယ်။ ပြီးတော့ ညီမအသားအရေနဲ့လိုက်တဲ့ Skin Care ကို သေချာရွေးသုံးဖြစ်ပါတယ်။

ရတနာသုံးနေကျ မိတ်ကပ်အမျိုးအစား

ညီမက MAC ကိုပဲ ပုံမှန်သုံးဖြစ်ပါတယ်။ တစ်ခါတလေ မိတ်ကပ်ဆရာတွေက ညီမမျက်နှာနဲ့ လိုက်တဲ့မိတ်ကပ်ကိုလည်း ရွေးချယ်သုံးစွဲပေးပါတယ်။

ကားရိုက်တွေဆိုရင် ညီမကကိုယ်တိုင် လိမ်းဖြစ်ပါတယ်။ ကြော်ငြာတွေ၊ Photo Cover တွေဆိုရင် မိတ်ကပ်ဆရာနဲ့ လိမ်းဖြစ်ပါတယ်။ ညီမကိုယ်တိုင်မိတ်ကပ်လိမ်းရင် မျက်လုံးကိုခြယ်ရတာ ပိုသဘောကျပါတယ်။ ညီမ အသားအရေအမျိုးအစားက နည်းနည်းထိခိုက်လွယ်တယ်။ ပြီးတော့ မန္တလေးသူဆိုတော့ ညိုတဲ့ဘက်မှာပါတယ်။ အတတ်နိုင်ဆုံးတော့ အသားအရေလှပအောင် ထိန်းသိမ်းဖြစ်ပါတယ်။ တစ်ခါတလေအဖုအပိမ့်တွေ ပေါက်တတ်တယ်။

p2


ရတနာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံ

ညီမက အသီးအရွက်အကုန်စားတယ်။ အဆီတော့ လျှော့စားဖြစ်ပါတယ်။ အဓိက ရေများများသောက်ပါတယ်။ အရင်ကတော့ ကျန်းမာရေးစစ်ဆေးမှု လုပ်တယ်။ အခုနောက်ပိုင်း အဲ့ဒီဘက်အားနည်းတယ်လို့ ပြောရမယ်။

ကျန်းမာရေးဗဟုသုတကို အွန်လိုင်းမှာ လေ့လာ

ညီမက ကျန်းမာရေးဗဟုသုတတွေကတော့ လေ့လာဖြစ်ပါတယ်။ များသောအားဖြင့် အွန်လိုင်းကတက်လာတဲ့ ကျန်းမာရေးအကြောင်းလေးတွေကို လေ့လာမှတ်သားဖြစ်ပါတယ်။

နွေကာလ အထူးဂရုစိုက်စေချင်

ဒီနှစ်နွေရာသီက အရမ်းပူမယ်လို့ကြားပါတယ်။ အဲ့ဒီအတွက်လည်း စိုးရိမ်ရတယ်။ အရမ်းပူတဲ့ရာသီမှာ များသောအားဖြင့် ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးတာများတော့ အားလုံးကို သေချာဂရုစိုက်နေစေချင်ပါတယ်။

p3

သင်္ကြန်မှာကဲမယ့် ပရိသတ်တွေအတွက် ကျန်းမာရေးအကြံပြုချက်

ကျန်းမာရေးကိုထိခိုက်စေတဲ့ အရက်သေစာတွေသောက်ပြီး အရမ်းမကဲကြပါနဲ့၊ အသွားအလာ၊ အနေအထိုင် ဆင်ခြင်ကြပါလို့ ပြောချင်ပါတယ်။ ပြီးတော့ အဝတ်အစားတွေကိုလည်း တစ်ပါးသူအမြင်ဆိုးစေတဲ့ အဝတ်အစားတွေလည်း မဝတ်ဆင်စေချင်ပါဘူး။ ပရိသတ်အားလုံး နှစ်သစ်သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါစေလို့ ပြောချင်ပါတယ်။

Most Popular

Healthy Life Ad
To Top